ရေး -
Mick
ဆို -
Monpoly
ငါ့ကိုခဏလောက်
ဆေးကုပေးပါ နားတွေခဏလောက်ဖွင့်ကာပေး
မျက်စိနှစ်လုံးတော့
ထိုးဖောက်ထားတယ် ငါ့ကိုနောက်တစ်ခါ
အသက်ပြန်သွင်း
အပြုံတွေမလှလို့ ဆေခြယ်ရင်း
လက်ကိုဖောက်ပြီး
ကြိုးတပ်သွားတယ်
ရင်ဘက်ကိုခွဲပြီး
အသည်းကိုထုတ်အစားထိုးပြန်တော့
စက္ကူစုပ်
ခံစားမှုမပေးပဲ ငါ့ကိုထားတယ်
(လွတ်မြောက်မှုပေး
ငါရုပ်သေးရုပ်လား အသက်ရှင်ခွင့်ပေး
ငါအသက်သွင်းဖို့လိုလား)
ကကွက်အားလုံးအသင့်ပြင်ပေး
ခဏတာငါ့ဘဝကစားဖို့ရေး
အမုန်းရောင်ပိတ်ကားရှေ့မှာထားမယ်
ငါ့ရဲ့အသွေးအသားခမ်းပစေပေါ့
မင်းတို့သဘောအတိုင်းအသုံး
လိုတော့ အပြုံးမပြယ်နဲ့
ဆေးချယ်ထားပေးမယ်
ကကွက်အားလုံးဆုံးပြန်တော့
ဘဝကိုဘယ်သူမှမခိုင်းချင်တော့
ကြိုးတွေဖြတ်ပြီး
လွှင့်ပြစ်သွားတယ်
(လွတ်မြောက်မှုပေး
ငါ ငါအသက်သွင်းဖို့လိုလား)၂
(ငါအသက်က
မင်းတို့လက်တွေ့က ကြိုးဆက်ကြားမှာမြုပ်နှံ
ကာထားဆုံးအစမဲ့
ကကွက်များနဲ့ စောင့်ကြည့်ကြမယ် ခိုင်းစေ
ချက်များ)၂
No comments:
Post a Comment