ရေး - ရေမွန်
ဆို - Idiots
ငါ့ရဲ့နေ့သစ်ကမ္ဘာထဲမှာ တစ်စုံတစ်ရာကို ဖန်ဆင်းပေးတဲ့
ကံကြမ္မာရယ် တကယ်ကျေးဇူးပဲ
ကြမ်းတမ်းမှုတွေနဲ့ထိတွေ့ အန္တာရယ်တွေမှာ ပျော်မွှေ့ခဲ့တာ
ငါမတုန်လှုပ်ခဲ့ပါ
ဒီတစ်စုံတစ်ရာရဲ့ဆန္ဒနဲ့ မင်းရဲ့အပြုံးတွေထိတွေ့တော့မှ
ဘာကြောင့်များ တုန်လှုပ်ရသလဲကွာ
တစ်ခါတစ်ရံမှာ ငါ့အနားက နင်မရှိတော့တဲ့အခါ ငါ့စိတ်တွေ
ဘာ့ကြောင့်ချောက်ခြား
မင်းလေးရှိတော့ငါ့မှာ ပြည့်စုံတာ
မင်းရဲ့စိတ်ကြိုက် ဘဝကို ပြင်ဆင်ပြီး ငါစတေးခဲ့တာ
ဘာကြောင့်လဲ မတွေးတတ်ပါ
တစ်စုံတစ်ရာကို ငါ့အတွေးထဲ နင်ယူဆောင်လာခဲ့တော့
အချိန်တွေတိုင်း ငါရူးသွပ်ပေါ့
မင်းရဲ့စိတ်နဲ့ ငါအသက်ရှင်ပြီး အိပ်မက်တိုင်းလည်း အချိန်ပြည့် အမြဲဘာကြောင့်
စိုးမိုးတာ ဒါအချစ်ကြောင့်လား
ငါမတွေးတတ်ပါ
မင်းနဲ့ဝေးတဲ့ညတိုင်းမှာ ကြယ်စင်တွေနဲ့ လမင်းကြီးကို
အချိန်တွေအတော်ကြာ ငါကြည့်မိတယ်
မင်းလဲသတိရရင်ငါ့ကို ယုံကြည်စွာပြန် လမင်းကြီးကို
မျှော်ကာကြည့်လိုက်ပါ
ခန္ဓာကိုယ်တွေမဆုံဆည်းလည်း တို့ရဲ့စိတ်တွေ ကောင်းကင်ထဲမှာ
ဆုံနိုင်ဖို့လမင်းလမ်းပြပါ
အရာရာကို ရင်ဆိုင်ရဲတဲ့ ငါ့ရဲ့စိတ်တွေ ပြောင်းလဲအောင်
ဘယ်လိုမင်းပြုစား
အိပ်မက်တွေထဲ နင်ဟာ ချစ်သူတစ်ယောက်အဖြစ်စိတ်ကူးယဉ်မိ
ငါချစ်ခဲ့လည်း နင်မသိနိုင်ပါဘူး
ဒါဟာမှားနေမှန်း ငါသိတာမို့ သိုဝှက်နေခဲ့လည်း
ဘာမှဂရုမစိုက်တတ်တဲ့စိတ်တွေဟာ အခုမှ ငါ့ရဲ့အနားမှာ နင်မရှိပဲ
ပိုဝေးသွားမှာ ငါအရမ်းကြောက်ရွံ့နေတာ
11:12 PM 4/17/2013

No comments:
Post a Comment