Showing posts with label အောင်လ. Show all posts
Showing posts with label အောင်လ. Show all posts

Thursday, September 12, 2013

My Home Paradise

ရေး - ဘစ်ဘတ်၊ အောင်လ ဆို - အောင်လ Never too late to return. It will be over again . I can see the feeling inside of you inside of you There's alot that I can't do. But I wanna be with you. If you tell me I'm out of my mind. And I feel like I'm gone blind. May be you could rule my heart. And tearing me apart.I let me down to lift you up. It got me what I deserve. In my dream & in my blood. you still the only one. I am gonna make my own paradise to take you home sometime everything so strange sometime there's no place to save. I know I don't make sense in anyway in every nights &days. I lost control I lost my vision. I lost my dignity. To bring me back me back my empty breathing.

God Send Rain

ရေး - ဘဏ်ဘတ်၊ အောင်လ ဆို - အောင်လ I'll step aside and I'm forced to fight still I need to fill my side. With my Empty broken eyes. Yet I failed and unsaturated A creep is what I meant to be I'm all out of gas to breath It's my destiny, my philosophy, within the melting memory, but I don't realize, I couldn't civilize with all my tragedies. so take me down and pour me out. I know I spent my time to seek what I don't need. For being stuck and plugged until I bleed. Now I'm burning in my veins. I'll never put it out for someone else's sake. when my tear went gone, and god will send my rain. Will I need to turn. The table's never turned still I'm sitting on my side facing with my same old night

Saturday, April 6, 2013

ပြန်မိုက်မဲပြီး

ရေး - အောင်လ
ဆို - အောင်လ

ဘဝဒဏ်ရာများ အားလုံးအဆုံးသတ်ပြီ
ငါ့ဘဝအားလုံး အသစ်ကပြန်စ
အချစ်ရဲ့တန်ခိုးများ အရာရာပြောင်းလဲသွားခဲ့ပြီ
အတ္တမီးလျှံများ ကုန်လွန်ပြီးဆုံးပြီ

အရောင်တွေချန်ရစ်ထား သန့်ရှင်းသော မေတ္တာတရား
ဟိုအရင်က မှောင်မဲခြင်းများ ကုန်လွန်ခဲ့ပြီ

ပြန်မိုက်မဲပြီး အမုန်းများမရှိတော့ဘူး
ပြန်မိုက်မဲပြီး အရောင်များလည်း ဆေးမခြယ်ဘူး/မရေးချယ်ဘူး
ပြန်မိုက်မဲပြီး အရိပ်များလည်း မထားခဲ့ဘူး
ပြန်မိုက်မဲပြီး အမှားများ ဒီဘဝအတွက် အကုန်လုံးအဆုံးသတ်ပြီ/ကုန်ဆုံးပြီ

အတိတ်အရိပ်ဆိုးများ အားလုံးအဆုံးသတ်ပြီ
မီးတွေရဲ့ကြား ငါမရှိတော့ဘူး
သံယျောဇဉ်ကြိုးများ ချည်နှောင်ထိန်းချုပ်ထားခဲ့ပြီ
နေ့သစ်များအတွက် သာယာသွားခဲ့ပြီ

ပြန်မိုက်မဲပြီး အမှောင်များထဲကငါ အဆုံးသတ်ပြီ


မမေ့ပါနဲ့

ရေး - အောင်လ
ဆို - အောင်လ


ဒီလိုညမျိုးဖြတ်ကျော်တိုင်းငါလွမ်းတယ် မင်းရဲ့အကြောင်းတွေးတွေးမိနေတယ်
အဆုံးအစမဲ့ငါ့ရဲ့အရိပ်တွေဖြန့်ကျဲနေလည်း မီးရောင်စုံတွေရဲ့ကြားထဲပျောက်ရှဆဲ
နင်မလိုချင်တော့ရင်ဒါဟာ  အိမ်မက်တစ်ခုလိုပါပဲ နားလည်တယ် ထားခဲ့လိုက်
အရည်ပျော်နေတဲ့ညတွေတိုင်းတစ်ယောက်တည်းပဲ
င့ါရဲ့အတွေးတွေခြောက်ကပ်နေတယ် နှုတ်ဆက်တဲ့စကားလုံးများစွာပျောက်ရှနေဆဲ
အဝေးမှာနင်ပစ်ထားတဲ့အတိတ်တွေထဲ နင်ဟာတိမ်တိုက်လိုအရောင်တွေပြောင်းသွားခဲ့ပေမယ့်
မင်းအတွက်တော့အမြဲအသင့်ရှိတဲ့ငါ့အချစ်တွေ
ကောင်းကင်လိုအရောင်မပြောင်းဘဲချစ်နေဆဲ
အစကငါမယုံဘူးမင်းအလှတွေမှာမူး အချစ်အကြောင်းကိုမသိခဲ့ပါအဆုံးသတ်မရှိတာကို
င့ါလောက်မချစ်ရင်လည်းလှည့်ကြည့်မနေပါနဲ့
သွားလိုက်ပါမင်းရဲ့လမ်းကိုတည့်တည့်ပဲ လိုအပ်ရင်င့ါကိုခေါ်ဖို့မမေ့ပါနဲ့

Sunday, March 31, 2013

ငါ့ထက်သာ

ရေး  - အောင်လ (Reason)
ဆို - အောင်လ (Reason)

ငါ့မျက်လုံးထဲ ပေါ်လာတဲ့အရိပ်ဟာ
ဝိုးတဝါးမသဲကွဲပေမယ့်လည်း ငါသိတယ် တို့ နှစ်ယောက်အဆုံးသတ်ဒီလိုပဲ
မသာယာနိုင်မှန်းလည်း ကြိုသိနှင့်ထားတယ်

ဒါပေမယ့်လည်းလူရဲ့ အတ္တကို ဘယ်လိုအရာနဲ့ ဖုံးထားမလဲ
နာကျင်နေပေမယ့် ငါဟန်ဆောင်လို့ ထားတယ်

အသေချာဆုံးဖြတ်ထား သေချာတာငါ့ရဲ့ အမှား
ဒီမှာ/ရင်မှာ မင်းမရှိတော့ရင် အားလုံးပြီးသွားမယ်
ပြန်လည်ကတွေးနေမလား ဒီအချိန်မှာ/ရင်ခွင်မှာ
အခြားတစ်ယောက်က / ခိုးနား  နေရာယူပြီးတော့မင်းဘဝမှာ
အားလုံး ငါ့ထက်သာ

မျှော်လင့်ချက်တို့ က အိပ်မက်ပဲ တကယ်ဆို
တဖြည်းဖြည်းလေးနဲ့ နွံတွေထဲ ရောက်သွားတယ်
ငါ့ဘဝကထင်သလိုပဲ တကယ်ကိုသိမ်ဖျင်းစုတ်ပြတ်နေခဲ့တယ်
ယုံကြည်ချက်တစ်ခုအတွက် နင်ဘယ်လိုပုံသွင်းထားခဲ့သလဲ
အရင်လိုပါပဲ     ငါဟာ   အရှုံးကြီးပဲ

မမေ့ပါနဲ့ 

ရေး - အောင်လ (Reason)
ဆို - အောင်လ (Reason)

ဒီလိုညမျိုးဖြတ်ကျော်တိုင်း ငါလွမ်းတယ် မင်းရဲ့ အကြောင်းတွေတွေးမိနေတယ်
အဆုံးအစမဲ့ငါ့ရဲ့ အရိပ်တွေ ဖြန့် ကျက်နေလည်း
မီးရောင်စုံတွေရဲ့ ကြားထဲပျောက်ရှဆဲ
နင်မလိုချင်တော့ရင် ဒါဟာအိပ်မက်တစ်ခုလိုပဲ နားလည်တယ်ထားခဲ့လိုက်

အရည်ပျော်နေတဲ့ညတွေတိုင်း တစ်ယောက်တည်းပဲ
ငါ့ရဲ့ အတွေးတွေခြောက်ကပ်နေတယ်
နှုတ်ဆက်တဲ့ စကားလုံးများစွာ ပျောက်ရှနေဆဲ

အစကငါမယုံဘူး မင်းအလှတွေမှာမူး
အချစ်အကြောင်းကိုမသိခဲ့ပါ အဆုံးသတ်မရှိတာကို
ငါ့လောက်မချစ်ရင်လည်း လှည့်ကြည့်မနေပါနဲ့ 
သွားလိုက်ပါမင်းရဲ့ လမ်းကိုတည့်တည့်ပဲ မင်းလိုအပ်ရင် ငါ့ကိုခေါ်ဖို့ မမေ့ပါနဲ့ 

Monday, March 25, 2013

ငါ့ရဲ့လျှို့ဝှက်ချက်


ရေး -
ဆို - ဖိုးကာ

ရင်ထဲမင်းကြည့်လိုက်အချစ်ရယ်
မောပန်းလွန်းနေပြီ
အချစ်အကြောင်းမသိတဲ့ မင်းရဲ့အပြုံး
ရင်ကိုခြွေတဲ့ ပန်းများပွင့်
နှလုံးသားလှတဲ့ အကြည့်တွေ
ငါရင်ဆိုင်နိုင်ဖို့ မလွယ်

ရင်ထဲသိမ်းဆည်းထားတဲ့အကြောင်းတွေ
တကယ်မွန်းကြပ်နေပြီ
မ၀ံ့ရဲတဲ့ အငွေ့အသက်လေးကို
ခုံလှုံရာမျှော်လင့် နှလုံးသားနဲ့
သူငယ်ချင်းမဟုတ်တဲ့ မင်းအသည်းနှလုံး
ရင်ခုန်လာချိန် စောင့်မယ်

တို့.. မင်းနဲ့နီးချင်ပြီ မင်းအချစ်ရချင်ပြီ
ရင်မှာ အကြောင်းပြချက် ဘာမှမရှိ
ချစ်ခဲ့မိ သူပြောင်းလဲချိန်လေး
ရှင်သန်ခြင်းအသိမှာ မျောလွင့်ခွင့်
စောင့်စားခဲ့သည်

သူနှုတ်ခမ်းလေးများအထက်မှာ
ငါလွမ်းတတ်ခဲ့ပြီလား
သိမ်မွေ့နူးညံ့တဲ့ စကားတွေ
ရင်မှာလောင်ကျွမ်း ပန်းများပွင့်
ငါ မင်းရဲ့နွေးထွေးမှုမှာ
မဖြူစင်နိုင်တော့သူ

အချစ် မင်းမသိတဲ့ လျှို့ဝှက်ချက်
ငါခံစားရင်း ရူးပြီပေါ့
ငါ မင်းနှလုံးသား အဆုံးအဖြတ်လေး
ရင်ဆိုင်နိုင်ဖို့ သိပ်ခက်လို့
သူငယ်ချင်း ငါ့အတွက် လွမ်းတတ်ရင်
အချိန်မီ ပြန်ခဲ့မယ်

သူ့အပြုံး သူ့အမုန်း ငါ အရှုံးတွေ့မလား
ငါ့အသွေး ငါ့အသက် ငါ့ဘ၀တစ်ခုပါ

11:55 AM 3/23/2013

တောင်းပန်တယ်

ရေး - အောင်လ
ဆို - အောင်လ

ဘယ်သူ့မှမလိုပါဘူး ငါ့ရဲ့ဘေးမှာ
မင်းရှိနေရုံ ပြီးပြည့်စုံတဲ့ ငါ့ကမ္ဘာ
ရည်ရွယ်ထားတဲ့ လက်ကိုတွဲ
ခိုင်မာခဲ့တဲ့အချစ်တွေ အားအင်တွေပေးခဲ့

နလုံးသားအပေါ်ယံက အစွန်းထင်းများဟာ
တံလျှပ်တို့ရေထင်ပြီး မှားခဲ့တဲ့အခါ
တိတ်တဆိတ်စွန့်ခွါသွား
နောင်တတို့ရချိန်မှာ နင်အဝေးဆုံးရောက်နေမလား

ငါမှားတာရှိရင် တောင်းပန်ပါတယ်
မင်းရဲ့အနားပဲ သံမှိုစွဲကပ်ထားသလို အချစ်တို့ရှိတယ်
မင်းရဲ့စကားတွေ ကြားနေချင်သေးတယ်
နင်ခွဲလို့မသွားပါနဲ့ အရင်လိုချစ်ခွင့်လေးပြန်ပေးဖို့တောင်းပန်တယ်…

သစ်ရွက်ကြွေနွေဦး ဒီလမ်းကျဉ်းလေးမှာ
အရိပ်တစ်ခုမြင်လိုက်တိုင်း မင်းမှမဟုတ်တာ
ဟောင်းနွမ်းသွားပြီလား
အရာရာအသစ်က တစ်ခေါက်ပြန်စခွင့်ရနိုင်မလား..

ဘယ်လိုအကြောင်းမျိုးကြောင့် ဖြစ်ဖြစ်
မေ့လို့မရခဲ့ရင် နင်ခွင့်လွှတ်လို့ရရင်ပေါ့
ပြန်လာခဲ့လေ မင်းပြန်လာခဲ့တော့

(ငါတယောက်တည်းနဲ့
မင်းမရှိတော့တဲ့ ဘ၀တစ်ခုမှာခြောက်ခြားဆဲ
လွမ်းခဲ့ရတဲ့နေ့ရက်များစွာ နှောင်ကြိုးမဲ့ ငါ့မှောင်မဲဆဲ
နာကျင်ရမယ့် နှလုံးသားငယ်)၂

7:25 PM 3/23/2013

ပြော

ရေး -  အောင်လ
ဆို - အောင်လ

ပြော… ငါ့ကိုမုန်းတယ်ဆိုလဲပြော
ငါ့ကိုမချစ်ချင်တော့ရင်ပြော
အရာရာဟာ မင်းအတွက်
နောက်မကျသေးဘူး

ပြော… မင်းရင်ထဲကအမှန်တိုင်းပြော
ငါ့ကို စိတ်ကုန်နေလဲပြော
မင်းနဲ့ငါ့ရဲ့ အချစ်ဇာတ်လမ်းဟာ ဒီလိုပြီးပြီပေါ့
မင်းဆန္ဒတစ်ခုအတွက် ငါအကုန်ဖြည့်ဆည်းပေးမယ်

ငါ… အရှုံးပေးနေပြီ အနိုင်ယူပါ မင်းအတွက်
နောက်ထပ်ပေးဖို့ရှိသေးတယ်  အကုန်နင်ယူသွားလေ
မုန်းမရနိုင်ခင် မေ့ဖို့တော့မပြောပါနဲ့
ဆန္ဒတခုရင်မှာသိမ်းထားတယ် ကျန်တာအကုန်မင်းအတွက်

ပြော… မင်းလိုအပ်ရင် အချိန်တိုင်းပြော
ငါ့ဖက်ကအဆင်သင့်ပါ
အို.. မင်းအတွက်
မာနများမထားခဲ့ဘူး

အိပ်မက်မက်ပဲရင်ထဲဒီဘ၀ရယ်
အချစ်များအတွက် နှလုံးသားတောင့်တနေလဲ
မျိုသိပ်ကာကြိတ်မှိတ်အိပ်တော့မယ်
နင်ပျော်နိုင်ဖို့အတွက်

ဒါတွေအကုန်မင်းအတွက်
အိုးဟိုး

7:26 PM 3/23/2013

Saturday, March 23, 2013

အလွမ်းသင့်ပန်းချီ

ရေး - အောင်လ
ဆို - အောင်လ

အတူတူလျှောက်ခဲ့ဖူးတဲ့ လမ်းတွေ အတူတူထားရှိခဲ့ဖူးတဲ့ ကတိများ
တစ်ချိန်က ချစ်ခဲ့ဖူးတဲ့ တို့ရဲ့အချစ်ဟာ လေထဲမှာ ပျောက်သွား..
အပြုံးလေးတစ်ခုကစ ရင်ခုန်ချစ်ခဲ့မိတာ ငါ့အမှား
ထိုင်ကာငေးနေရင်းနဲ့ ဟို ဝေးတ၀ါး အဝေးမှာ အချစ်သစ်တွေ့နေပလား


တစ်နေ့တော့ မင်းပြန်လာဦးမလား ဟိုတုန်းကလို ချစ်ဦးမလား
ဘာကြောင့် ငါ့ကိုမုန်းသွားခဲ့လည်းဖြေ ဒါအိမ်မက်တွေ
င့ါဘေးနားရှိနေနိုင်ဦးမလား ပြောခဲ့သမျှတွေ ယုံစားကာ
ငါ့ရဲ့စိတ်တွေက မပြတ်သားနိုင်ခဲ့တာ မင်းနားလည်ပေးပါ..

ပုံပြင်လေးတစ်ပုဒ် ပြီးဆုံးသွားပြီ ကျန်နေခဲ့ပြီ မျက်ရည်များ.
ရင်မှာ ရစ်နှောင်ထားတဲ့ ကြိုးလေးကသာ ပြတ်သွားပြီ
ငါမုန်းလို့မရခဲ့ပါ အချစ်များသာ ကိုးကွယ်လို့ထား..
ငါဟာ မင်းတစ်ယောက်တည်းကို ချစ်ခဲ့တဲ့အခါ
အရှုံးကြီးရှုံးပြီ အိုး…

တကယ်ပါ တစ်နေ့တော့ မင်းပြန်လာဦးမလား
ဟိုတုန်းကလို ချစ်ဦးမလား ဘာကြောင့် ငါ့ကိုမုန်းသွားခဲ့လည်းဖြေ
ဒါအိမ်မက်တွေ င့ါဘေးနားရှိနေနိုင်ဦးမလား
ပြောခဲ့သမျှတွေ ယုံစားကာ ငါ့ရဲ့စိတ်တွေက
မပြတ်သားနိုင်ခဲ့တာ မင်းခွင့်လွှတ်ပေးပါ..

မေ့မရတဲ့အချိန်တွေ အဆုံးထိ
မျက်စိမှိတ် မျှော်လင့်ခဲ့ပြီ
ဘာမှမသိတဲ့ တစ်နေ့နေ့ကို ငါစောင့်စားလို့…
နှလုံးသား ကွဲကြေနေတဲ့အထိ အလွမ်းသင့်ခဲ့တဲ့ အတိတ်ရဲ့ပန်းချီ
လမ်းစမရှိတဲ့ ငါ့အဖြစ်ကို မြင်လည်း ငါဆက်လို့ချစ်မယ်

တစ်နေ့တော့ မင်းပြန်လာဦးမလား ဟိုတုန်းကလို ချစ်ဦးမလား
ဘာကြောင့် ငါ့ကိုမုန်းသွားခဲ့လည်းဖြေ ဒါအိမ်မက်တွေ
င့ါဘေးနားရှိနေနိုင်ဦးမလား ပြောခဲ့သမျှတွေ ယုံစားကာ
ငါ့ရဲ့စိတ်တွေက မပြတ်သားနိုင်ခဲ့တာ မင်းခွင့်လွှတ်ပေးပါ..

(မပြတ်သားနိုင်ခဲ့တာ မင်းနားလည်ပေးပါ..)၎

4:21 PM 3/20/2013