Showing posts with label ဆောင်းဦးလှိုင်. Show all posts
Showing posts with label ဆောင်းဦးလှိုင်. Show all posts

Monday, March 25, 2013

နေပျော်ပျော်သေပျော်ပျော်

ရေး - ဆောင်းဦးလှိုင်
ဆို -  ဆောင်းဦးလှိုင်

သူလေးလက်ကို တွဲသွားနေတုန်းတော့ နေပျော်
သေပျော်ပါတယ်
သူနဲ့လဲဝေးရော ကမ္ဘာဆိုတာငရဲပေါ့
မနေချင်ပြီ /မနေပျော်ပြီ မင်းမရှိတော့
တစ်ယောက်ထဲ လမ်းမကြီးတွေအလည်မှာ /
အမှောင်ဆုံးလမ်းမကြီးတွေအလည်
ရင်ထဲအလွမ်းတွေနဲ့ငါပါ
သူနဲ့လည်းဝေးရော အရာရာဟာငရဲပေါ့
မနေချင်ပြီ မင်းမရှိတော့
ဝေးမနေရဲအောင် မင်းကိုချစ်တော့မနေချင်ပြီ
မင်းမရှိရော ခွဲမသွားဖူး အခိုင်မာဆုံးအချစ်ရဲ့အောက်မှာ
နေပျော်သေပျော်ပါတယ်
အရင်ချိန်နဲ့ ခုခါ မတူတာဟာ မင်းပေါ့
ငါကိုယ်တိုင်သိလိုက်တော့
10:41 PM 4/22/2013



ညရဲ့လမင်း

ရေး -
ဆို - ဆောင်းဦးလှိုင်

ဒီတစ်သက်လုံး တို့မခွဲဘူး
အချစ်လေးနှုတ်ခမ်းကအမြဲပြောတယ်
ကြယ်စုံတဲ့ညလေးတွေ
သူ့ဆံပင်တွေထဲပုန်းလို့ရယ်
ကမ္ဘာတစ်ခုလုံး နှစ်ယောက်တည်းနဲ့
အကုန်လုံးအားလုံးပြီးပြည့်စုံ
ငွေလမင်းကွယ်တုန်းမှာ
အနမ်းခြွေချထားခဲ့ပါ
အသက်ရှူမှားလောက်အောင်
မင်းကိုချစ်ဖူးတယ်

နားလည်မှုတို့အသင်္ချေနဲ့
ဘ၀ရဲ့ခရီးလမ်းတွေပေါ်ဝယ်
လိုအပ်ခြင်းရှိလေသမျှ
အနားမှာ ကိုယ်ပေးဆပ်လို့ရယ်

မင်းအစဉ်ချမ်းမြေ့စေချင်တယ်
တသက်တာခိုင်မာခြင်းများနဲ့
မပြောင်းနိုင် ဒီအချစ်တွေ
မင်းရင်ခွင်မှာခိုနားချင်

မင်းကိုချစ်တဲ့ဒီရင်ထဲ
အသည်းတွေ ကွဲအက်ကုန်ပါစေကွယ်
တစ်ဘ၀လုံး အပြစ်မမြင်ပဲ
ချစ်ခင်မြတ်နိုးသွားပါ့မယ်

မခမ်းနိုင်တော့မယ့်အကြင်နာနဲ့
တသက်တာခိုင်မာခြင်းများနဲ့
အနားမှာအရိပ်ကလေးဟာ
မင်းလိုချင်တာဖြည့်ဆည်းမှာ

7:21 PM 3/23/2013

Sunday, March 24, 2013

အနာဂတ်မဲ့

ရေး -
ဆို - စည်သူလွင်၊ အဲလက်စ်၊ ဆောင်းဦးလှိုင်

ယုံကြည်နေခဲ့သော အချစ်က
မရေရာတဲ့ ကိုယ့်ဘ၀ကို အကြောင်းပြ
သူလေ ရက်ရက်စက်စက်ခွဲသွားတဲ့အခါ
ဝမ်းနည်းမိပါတယ်..

အတူတူဆိုနေခဲ့သော သီချင်းတွေ
ဒီအချိန်မှာ ပိုလို့လွမ်းမိတယ်အချစ်ရေ…
အခါခါ ရှုံးနိမ့်ဖူးတော့
နောက်ထပ်အရှုံးတွေ ကြည်ဖြူသူရင်မှာ…

အချို့အချို့အတွက် လွယ်ပေမယ့်
ကိုယ်ဟာ ရုန်းကန်လာခဲ့ဖူးတယ်…
ကြိုးစားခဲ့သမျှ အချည်းနှီးနဲ့
ဘ၀က အဲဒီလိုပဲ
ဝေးကြမယ်ဆိုရင်လည်း
တကယ်ပါအစွမ်းကုန် ကိုယ့်ခွင့်လွှတ်မယ်…
မသာယာနိုင်တဲ့ လမ်းမျိုးတော့
ဘယ်သူလာချင်မလဲ ကိုယ့်အချစ်လေး…

ခိုင်မာနေခဲ့သော စိတ်က
မရေရာ ယိုင်နဲ့သွားပြီအချစ်ရာ…
မခံချင်စိတ်နဲ့ လောကလမ်းများထဲ
ကြိုးစားခဲ့သူမှာ…

ယုံကြည်စရာ အနာဂါတ်မရှိရင်
လူဆိုတာ ပျက်စီးတတ်တယ် ကလေးရယ်..
အခါခါ ရှုံးနိမ့်ဖူးတော့
နောက်ထပ်အရှုံးတွေ ကြည်ဖြူသူရင်မှာ..

အချို့အချို့အတွက် လွယ်ပေမယ့်
ကိုယ်ဟာ ရုန်းကန်လာခဲ့ဖူးတယ်..
ကြိုးစားခဲ့သမျှ အချည်းနှီးနဲ့
ဘ၀က အဲဒီလိုပဲ..
ဝေးကြမယ်ဆိုရင်လည်း
တကယ်ပါအစွမ်းကုန် ကိုယ့်ခွင့်လွှတ်မယ်
မသာယာနိုင်တဲ့ လမ်းမျိုးတော့
ဘယ်သူလာချင်မလဲ ကိုယ့်အချစ်လေး
ယုံကြည်နေခဲ့သော စိတ်က
မရေရာ ယိုင်နဲ့သွားပြီအချစ်ရာ..
မခံချင်စိတ်နဲ့ လောကလမ်းများထဲ
ကြိုးစားခဲ့သူမှာ

ယုံကြည်စရာ အနာဂါတ်မရှိရင်
လူဆိုတာ ပျက်စီးတတ်တယ် ကလေးရယ်
အခါခါ ရှုံးနိမ့်ဖူးတော့
နောက်ထပ်အရှုံးတွေ ကြည်ဖြူသူရင်မှာ

5:29 PM 3/20/2013

လွမ်းရယ်မပြေ

ရေး - ဆောင်းဦးလှိုင်
ဆို - စည်သူလွင်၊အဲလက်စ်၊ ဆောင်းဦးလှိုင်

မဆုံနိုင်ပြီလား.. ဘ၀တွေက
နှလုံးသား နုနု အပျံသင်ခါစအရွယ်.
ပုံပြင်ဟောင်းလေးတစ်ပုဒ် ရင်မှာရှိခဲ့တယ်..
လွယ်အိတ်တစ်လုံး ပခုံးထက်မှာ
အပျော်ဆုံး ကျောင်းတက်ချိန်
ငါတို့ ကျောင်းသားဘဝ

အဖြူစင်ခဲ့ဆုံး သစ္စာတရားနဲ့
အစောဆုံးအချစ်ရဲ့ အကြင်နာအိမ်မက်တွေ..
နောင်ပြန်မရောက်တော့မယ့် အကြင်နာလမ်းလေးတွေ
အတူတူလျှောက်ခဲ့ကြတယ်..
လက်ဖ၀ါးနုနုကို ငါလေတွဲထားရင်းနဲ့…

(ဒီအချိန် ကျောင်းတော်ကြီးရဲ့ အလယ်မှာ
စိန်ပန်းတွေလည်း ပွင့်နေပြီကွာ..
အချိန်စက်ဝိုင်းများက ကုစားမစွမ်းနိုင်ပါ..
လွမ်းရယ်မပြေဘူး.. ကျောင်းသားဘ၀)၂
ငါတို့ကျောင်းသားဘဝ

တစ်ခါက ငါ့ချစ်သူ..
မဆိုင်သလိုသာ တို့
လောကလမ်းများထဲမှာ..
အချိန်စက်ဝိုင်းများက ကုစားမစွမ်းနိုင်ပါ..
အလွမ်းရယ်မပြေဘူး ကျောင်းသားဘ၀..

5:16 PM 3/20/2013