Showing posts with label ချောစုခင်. Show all posts
Showing posts with label ချောစုခင်. Show all posts

Saturday, June 22, 2013

အချစ်သိရဲ့ လား



ရေး - စောခူဆဲ
ဆို  - ဇော်ပိုင်၊ ချောစုခင်

အချစ်ရေ အသည်းထဲစွဲပြီ
အသံလေးကြားရုံနဲ့ ရင်မှာလှိုက်လှိုက် လှိုက်လာတယ် အချစ်ရယ်
စကားလေးပောတဲ့အခါ ချွဲနွဲ့ မပောပါနဲ့ 

အချစ်ရေ မတွေ့ ဖစ်ကြရင်
မေ့ထားလိုက်မှာလား ရင်မှာစိုး စိုးရိမ်တယ် အချစ်ရယ်
ဖုန်းလေးဆက်လိုက်ပါ လွမ်းလွန်းလို့ ပါကွာ

[(လွမ်းနေရတယ်) သိလား]
(လွမ်းနေရတယ်) ချစ်သိရဲ့ လား

အချစ်ရေ မတွေ့ ဖစ်ကြရင်
အိပ်မက်ကလေးတွေထဲ အလည်လာခဲ့ ဘယ်သူမှ မမင်အောင်လို့ ကွယ်
ဖည်းဖည်းလေးနမ်းမယ် ရှက်လို့ မသွားပါနဲ့ 

အချစ်ရေ နှလုံးသားထဲမှာ
တစ်ယောက်တည်းထားပါနော် မညာပါနဲ့ 
အသည်းလေးကြွေမှာစိုးတယ် သိပ်ချစ်လွန်းလို့ ပါ
အချစ်လေးရဲ့ ယုံပါ

Saturday, April 20, 2013

ခိုင်မြဲသောအချစ်တို့နဲ့

ရေး - ညီညီသွင်
ဆို - ဇော်ပိုင်၊ ချောစုခင်

(မ)နှလုံးသားထဲယုံကြည်နေချင်ပါတယ်
အချစ်စိတ်တို့ ဘယ်တော့မှမပြောင်းလဲနဲ့နော်
ရင်ထဲကစိတ်မချဘူး ကံကြမ္မာကို မယုံရဲဘူး
ဝေးရမယ်ဆိုတဲ့အတွေးမတွေးချင်ဘူး

(ကျား) ချစ်ရတဲ့မေယုံကြည်နေပါကွယ် ရွှေရင်ကိုပူစေတဲ့အတွေးလေးများ ဘေးကိုဖယ်
ခိုင်မြဲသောအချစ်တို့နဲ့ ကြည်ဖြူကာမြတ်နိုးခဲ့ မင်းဘေးနားမှာ

အန္တရယ်တွေလည်း မပူတော့ပါ ချစ်သူရဲ့အရိပ်အောက်မှာ သာယာအေးမြလို့
လုံခြုံနွေးထွေးပြည့်စုံသွား
ရင်ခုံစေသောအနမ်းများဟာ တို့ဘဝအတွက်
အားအင်များ ဒီကမ္ဘာမြေအဆုံးထိ အတူတူချစ်သွားမှာပါ

(ကျား) တို့ရဲ့လက်ကိုမေရယ်ခိုင်ခိုင်တွဲ မနာလိုသူတွေ သွေးထိုးနှောက်ယှက်တဲ့အခါမှာ
(ကျား/မ) ခိုင်မြဲသောအချစ်တို့နဲ့ အကြင်နာတွေ
မယိုင်လဲနဲ့ ချစ်သူလေး
ဘယ်လိုမှမဝေးချင်ဘူး    )
10:24 PM 4/22/2013

Friday, April 19, 2013

ကိုယ့်အတွက် အိပ်မက် မင်းမက်လား



ရေး - စိုးလင်း
ဆို  - ချောစုခင်

အား အား

အကြည့်များဆုံနေလား အား ရင်ခုန်စေမယ့် ညှို့ ချက်မှာ
အပြန်အလှန် အကြည့်တို့ ဆုံလာတုန်း
နေနိုင်လား ကိုယ့်အကြည့်လေးများ

ရှင့်လို နေနိုင်လွန်းတဲ့သူ တကယ်ဝေး
ဒီလိုပုံစံ အမုန်းဆုံးပဲနြေ္ဒများက ဟန်ဆောင်ခြင်းနဲ့ 
အမုန်းမီး စွဲသွားတာ ဘာကြောင့်လဲ အပေါ်ယံတွေ သွားပါဟေ့
ရင်မှာလေ ရှိတဲ့ ဒီအတိုင်း ဟန်ဆောင်ကာ ဖယ်ပါဟေ့ (ဟေ့  ဟေ့)
မင်းလေးမက်တဲ့ အိပ်မက်ထဲ မင်းသမီးလေးဟာ ကိုယ်ပါပဲ
စွဲလမ်းခြင်းရဲ့ အဆုံးမဲ့ ဒီခရီး ကိုယ့်ရဲ့ အသည်းမှာ စွဲထင်ပြီး
မင်းလေးမက်တဲ့ အိပ်မက်ခရီး အနီးဆုံးပဲ ကိုယ်ရှိပြီး
ကိုယ့်အတွက် အိပ်မက်မက်လိုက်ပေါ့ (ဟေ့  ဟေ့) အိပ်မက်မက်ဦး

မင်းအိပ်မက် ဘယ်သူ့ အတွက်လဲ
ကိုယ့်အတွက် အိပ်မက် မင်းမက်လား

Monday, March 25, 2013

ဘယ်တော့မှ

ရေး -
ဆို - ချောစုခင်

အိပ်မက်ထဲကထွက်ခဲ့ပါ
ဝေးလို့မရတဲ့ဘ၀တစ်သက်စာ
ရင်မှာပျော်ရွှင်နားခိုရာ
မင်းလေးရှိမှဖြစ်မှာပါ
ဘယ်တော့မှ မမေ့ဘူးသိရဲ့လား
ဘယ်တော့မှ မပြိုလဲတဲ့ချစ်သူပါ

လက်တွေ့ကျကျဆုံးဖြတ်ပါ
တွေ့ရတော့မယ့်တို့အရှေ့မှာ
ကြိုတင်မမြင်နိုင်တဲ့ကံကြမာ
တစ်နေ့နေ့ကျတော့ စိုးရိမ်စရာ
ဘာကြောင့်မှ ဘယ်သူမှဖျောက်ဖျက်မရ
ဘယ်တော့မှ မပျက်စီးနိုင်အချစ်များက

တို့ရဲ့အချစ်ကိုဘယ်သူ
အမုန်းအဖြစ်ပြောင်းနိုင်မှာလဲ
ဆက်လျောက်ကြရင်အတူတူ
သိပ်ချစ်ကြရင်အတူတူ
မျက်ရည်စတွေလဲ
တို့အတွက်အသုံးမ၀င်တော့ဘူး
တံတိုင်းတွေ စည်းခြားထားလည်း
ပြန်ဆုံမယ်တို့အတူတူ

အိပ်မက်ထဲကထွက်ခဲ့ပါ
ဝေးလို့မရတဲ့ဘ၀တစ်သက်စာ
ရင်မှာပျော်ရွှင်နားခိုရာ
မင်းလေးရှိမှဖြစ်မှာပါ
ဘယ်တော့မှ မမေ့ဘူးသိရဲ့လား
ဘယ်တော့မှ မပျက်စီးနိုင်အချစ်များက

ပြန်ဆုံမယ်ချစ်သူ

4:24 PM 3/20/2013