Showing posts with label ရည်မွန်. Show all posts
Showing posts with label ရည်မွန်. Show all posts

Saturday, April 6, 2013

ထားခဲ့ပါ

ရေး - ရည်မွန်
ဆို - ရည်မွန်


လမ်းခွဲဖို့စကားကိုမင်းပြော ဘာမှလည်းမဖြစ်သလိုပေါ့
ဒီမှာတော့အရူးမီးတွေဝိုင်းပြီး ငါကျန်ရစ်ခဲ့ပြီ
ဖုန်းလေးအနားမျက်ရေများစွာ နှလုံးသားကသိမ့်ယို
ကျတာနင်မမြင်လိုက်တော့ တနေကုန်ငါတွေဝေနေခဲ့တာ
နေရာစုံ ပေတေနေခဲ့တာနင်မသိဘဲနဲ့ တယ်လီဖုန်းထဲမှာရယ်ပေးခဲ့တာ
အကြိမ်ကြိမ်ငါငိုနေဆဲပါ ပျော်နေမယ်နင်ထင်လို့လား
ငါမှားတယ်ဆိုတကယ်နင်ဖုန်းပါတကယ်နင်ထားခဲ့ပါ
တကယ်ကိုလမ်းခွဲပြီးထားရစ်ခဲ့တာဘယ်သူ့အတွက်
ကျန်နေသူအနမ်းများပဲ ထွေးပွေ့ရင်း ငိုကြွေးဆဲ
ဇာတ်လမ်းကိုအဆုံးသတ်ဖို့ မင်းဘက်ကကြိုးစား
အမုန်းမပွားဘဲ မင်းဘဝအတွက်စတေးခဲ့တဲ့   အချစ်များ
တော်ကြာနေမင်းမဟုတ်သလို ခဏခဏပြန်ဖုန်းဆက်
အရင်ဟာတွေမေ့ပြစ်လိုက်ပါပြောပြီးတော့ နင်အပြုံးမပျက်
စိတ်ထဲမှာနင့်အကြောင်းတွေသိနေလျှက်ငါ ဟုတ်ကဲ့
အလိုလိုက်တာတွေ့ဆုံမြဲပါ အမြဲတမ်းငါဟုတ်ကဲ့
အဲဒီလောက်ပြတ်သားနေမှတော့ငါ့ဘက်ကမပြတ်နိုင်သေးတော့
အရာရာရှုံးပြီးနောက်ဆုံးထိငါလည်ဆင်းသွားမယ်
အသိုင်းအဝိုင်းတို့နှောက်ယှက်တိုင်းမှာနှလုံးသားကလက်မခံပါ
ဘယ်လိုတားဆီးဆက်ပြီးငါရူးမိုက်ဆဲပါ