Showing posts with label အိအိချွန်. Show all posts
Showing posts with label အိအိချွန်. Show all posts

Sunday, March 24, 2013

မြကြာယံ


ရေး -
ဆို - အိအိချွန်

စိမ့်ကြီးမြိုင်ကြီး ရိပ်ကြီးတောဝယ် နေရောင်ဘယ်မသန်း ပန်းမြကြာယံအလယ်

ရူပါရုံအဆင်းထင်လင်းတယ် မြင်ရရုံနဲ့အလွန်ချစ်ဖွယ် သံသေတစ်စမယ် လှကေသွယ် တေဇာမညိုးတယ် မိုးနတ်မယ်

စုံမြိုင်လယ် ပင်နန်းဝယ် ရွှင်လန်းတယ် ပင်နန်းဝယ် သူယောင်မယ် လှသူရယ် ရွှေဖူးစာမျှမယ်)၂

ကြွေတော့မယ့် သဏ္ဍာန်ပုံနှယ် ချစ်တဲ့သူဆင်မြန်းဖွယ် အထူးပဲ ဆန်းလှတယ် မြကြာယံလယ်

သာယာကြည်နူးအထူးအံ့ဖွယ် စုံခြေမြိုင်တောအလယ် သူယောင်ပင်နန်း ပန်းရနံ့ကြွယ် မြတ်တယ်နတ်မျိုးနွယ် (ဝိဇ္ဇာဇော်ဂျီ  ပေါသည့်မြိုင်လယ် ထူးဆန်းအံ့ဩဖွယ်)၂
ကြွေတော့မယ့် သဏ္ဍာန်ပုံနှယ် ချစ်တဲ့သူဆင်မြန်းဖွယ် အထူးပဲ ဆန်းလှတယ် မြကြာယံလယ်

(ရွှေကြာငုံစုံဖူးကရယ် လွန်ထူးအံ့စေလောက်ဖွယ် လူသဏ္ဍာန်ဖြစ်ပေါ်တယ် ဘုန်းရှိသူခူးစေကွယ် ထူးတဲ့နတ်မျိုးနွယ်)၂
အို (တောမြိုင်ယံအတွင်း သင်းပျံ့လို့ရယ် နတ်တွေဖန်ဆင်းတယ်)၂ တကယ်မြင့်မြတ်သူ ယူပါလှည့်ကွယ်

ကြွေတော့မယ့် သဏ္ဍာန်ပုံနှယ် ချစ်တဲ့သူဆင်မြန်းဖွယ် အထူးပဲ ဆန်းလှတယ် မြကြာယံလယ်

(ဘုန်းကံရှိလို့အထူးပင်လှတယ် မြကြာယံအလည် နှင်းဆီ ဒေါန ကြက်မောက်များက ခစားရပေတယ်)၂

ထူးတယ် မိုးနတ်သူဇာမယ် မြတ်တဲ့မိုးနတ်သူဇာမယ်

ကြွေတော့မယ့် သဏ္ဍာန်ပုံနှယ် ချစ်တဲ့သူဆင်မြန်းဖွယ် အထူးပဲ ဆန်းလှတယ် မြကြာယံလယ်

9:55 PM 4/25/2013