Showing posts with label သျှီ. Show all posts
Showing posts with label သျှီ. Show all posts

Thursday, September 12, 2013

Rock N Roll

Rock and Roll ရေး - ဆို - သျှီ အလိုက်အထိုက်ပြောလို့ အထင်တော မသေးနဲ့ မင်းထက်ငါသိက္ခာပို ရှိတယ် လမ်းသရဲစရိုက်မို့ ဆံပင်အရှည်ကြီးနဲ့ Beatles ကို မင်းအဖေခေါ်သင့်တယ် အသုံးနည်းလို့တော့ လူဖြစ်မရှုံးပါ သမိုင်ကြောင်းကို မင်းပြန်လှည့်ကြည့်မလား သွေးသားဖောက်ထုတ် ယုံကြည်ရာလုပ်ဖို့ ပရိသတ်မရှိလဲ ရှင်သန်ဆဲပဲ] ရော့ကန်ရိုး ငါတီးကာ ရော့ကန်ရိုး ငါကြိုက်တာ ရော့ကန်ရိုး ငါတီးတာ ရော့ကန်ရိုး အများကြိုက်ပြောင်းတဲ့ ခံယူချက်နဲ့ အများနောက်ကိုလိုက်တာ လူမိုက်ပဲ နားကပ်အတုများတပ် ဆံပင်ထောင်ထားလည်း ရော့သီချင်းတွေ လိုက်ဆို နိုင်ဖို့မလွယ် မင်းရဲ့အဖုးလည်း ဂစ်တာကြိုက်တယ် မင်းရဲ့အဖေလည်း ဂစ်တာတီးတယ် မပုတ်ခတ်လိုက်နဲ့ အာခေါင်လှံဆူးမယ် round chord ကိုဖြောင့်အောင်သင်ဦးကွယ်

Tuesday, April 9, 2013

အိပ်မက်


ရေး     - မောင်သစ်မင်း
ဆို      - သျှီ

မင်းရဲ့ အကြည့် ချွန်ထက်သော ဓါးတစ်လက်အလား
တလက်လက် တောက်ပခဲ့ပါတယ်
အမြဲတမ်း အရှုံးမပေးတဲ့ နှလုံးသားထဲ
ထွင်းဖောက်ထိုးစိုက်ခဲ့လေတယ်
ရင်ခုန်ခြင်းရဲ့ သမိုင်းကြောင်းများတောင်
အသစ်ပြန်ရေးရတော့မယ်လေ
အိပ်မက်လားကွာ

ချစ်ခဲ့သမျှထက် ငါဟာ ပိုပိုပြီးချစ်မိတော့
မင်းက မသိနိုင်တယ်
စွန့် လွှတ်တတ်တဲ့အချစ်
မင်းလုပ်သမျှ ခွင့်လွှတ်ခဲ့
မင်းက လုံးဝမသိနိုင်တယ်
ငါဟာ လုံးလုံးရှုံးနိမ့်ခဲ့ပြီ
အချစ်ဟာ ထူးဆန်းတယ်
အို  အိပ်မက်လားကွာ

မင်းပဲ ထာဝရ အနိုင်ရပြီ
တကယ်ပါ မင်းက စစ်နိုင်သူ
အခုတော့ (ဂွဒ်ဘိုင်)၃ ရူးသွပ်ရစ်ပြီကွယ်

မင်းအချစ် ငါ့အတွက် မျှော်လင့်ချက် မင်းက လုံးလုံးမသိနိုင်တယ်
တကယ်ကို လုံးဝမသိနိုင်
ထာဝရအဝေး
ဒါ အိပ်မက်လားကွာ
(အိပ်မက်လို)၃ ဝေးခဲ့လေပြီ
အိပ်မက်လို ဝေးပြီ
အိပ်မက်လို တကယ်ကိုဝေး

ကယ်တင်ခြင်း

ရေး - ဝင်းမင်းထွေး ဆို - ဇော်ဝင်းထွဋ် ရန်သူတွေသာ ဝိုင်းနေချိန် ရင်မှာ ဒဏ်ရာတွေသာ အတွင်းကြိတ်ကြေကွဲ အချစ်ရေ လာပါ အန္တရယ်တွေအလည်ရောက်နေချိန် ယှဉ်ပြိုင်ရင်ဆိုင်မှာငါ အရေးနိမ့်မှာလား အချစ်ရေ လာပါ ဘဝရဲ့ ဒုက္ခက နှိပ်စက်ကြ ဘဝမှာ ဖြစ်ချင်တာတွေ မဖြစ်ခဲ့ကြ မင်းအချစ်တော့ရချင်တယ် ကိုယ့်ကိုနှုတ်မဆက်နဲ့ မစွန့်ပစ်နဲ့ ဘဝတွေအားလုံးထဲ သန်းပေါင်းများစွာ ကိုယ်လိုနေတာ မင်းတစ်ယောက်တည်း အိုး အိုး အိုး မင်းပဲကောင်းတယ် မင်းပဲကောင်းခဲ့တယ် မင်းသာအကောင်းဆုံးပဲ တကယ်ပဲ မင်းအကောင်းဆုံး မင်းပဲကောင်းတယ် မင်းပဲကောင်းခဲ့တယ် ဘဝမှာ မင်းတစ်ယောက်တည်း တကယ်ပဲ မင်းတစ်ယောက်တည်း အိုတကယ်အကောင်းဆုံး ရန်သူတွေသာ ဝိုင်းနေချိန် ရင်မှာ ဒဏ်ရာတွေသာ အတွင်းကြိတ်ကြေကွဲ အချစ်ရေ လာပါ အိုး ကိုယ့်ဘဝရဲ့ တောင့်တချက် စောင့်မျှော်နေချိန်ရောက်ရှိခဲ့ ကယ်တင်နိုင်သူ မင်းတစ်ယောက်တည်း အိုး မင်းပဲကောင်းတယ် မင်းပဲကောင်းခဲ့တယ် မင်းသာအကောင်းဆုံးပဲ တကယ်ပဲ မင်းအကောင်းဆုံး မင်းပဲကောင်းတယ် မင်းပဲကောင်းခဲ့တယ် ဘဝမှာ မင်းတစ်ယောက်တည်း အိုး မင်းနဲ့တွေ့မှငြိမ်းချမ်းခဲ့ တကယ့်ဘဝရဲ့ အဓိပ္ပါယ်တွေ့ရှိခဲ့ ဒီကမ္ဘာမြေဟာလေတကယ်လှတယ် အသက်ရှင်ချိန်တွေ လှပခဲ့ ကယ်တင်ရှင်ဟာ မင်းပါပဲ မင်းပဲကောင်းတယ် မင်းပဲကောင်းခဲ့တယ် မင်းသာအကောင်းဆုံးပဲ မင်းပဲကောင်းတယ် မင်းပဲကောင်းခဲ့တယ် ဘဝမှာ မင်းတစ်ယောက်တည်း (တကယ်ပဲ မင်းတစ်ယောက်တည်း) မင်းပဲကောင်းတယ် မင်းပဲကောင်းခဲ့တယ် မင်းသာအကောင်းဆုံးပဲ (တကယ်ပဲ မင်းအကောင်းဆုံး) မင်းပဲကောင်းတယ် မင်းပဲကောင်းခဲ့တယ် ဘဝမှာ မင်းတစ်ယောက်တည်း (တကယ်ပဲ မင်းတစ်ယောက်တည်း) မင်းပဲကောင်းတယ် မင်းပဲကောင်းခဲ့တယ် တကယ်ပဲ ကယ်တင်ခြင်း

Monday, April 8, 2013

လိုအပ်ချက်



ရေး     - မောင်သစ်မင်း
ဆို      - သျှီ

တစ်ယောက်တည်း လမ်းပေါ်လျှောက်ခဲ့ အိပ်မက်က နိုးတဝက်
ဒီလေရူးရိုင်းတွေ ဝင်တိုး ဝေးဝေးက သီချင်းတစ်ပုဒ်လား ကြားနေတယ်
ဒီလို တစ်ယောက်တည်း အထီးကျန်မျောသွား အတိတ်တွေ မေ့ချင်စိတ်တွေ ပြေးထွက်လည်း ရေး
အို ဒီလိုအတွေးထဲတောင် ပြေးပုန်းစရာ မရှိပါဘူး အတိတ်ဟာ နှိပ်စက် ဘယ်လိုလုပ်မလည်း
အဖြစ်က

ကိုယ်ကိုယ်တိုင် စမိခဲ့လည်း ကိုယ်တိုင်ဇာတ်သိမ်းမရတော့ဘူး
ကိုယ်တိုင် ရစ်ပတ်တုပ်နှောင် အားလုံးသိဖို့ မလွယ်ဘူး
ကိုယ်ကိုယ်တိုင် မလွတ်မြောက်နိုင်လည်း အကြိမ်ကြိမ် ကိုယ်ကြိုးစားတယ်
(တကယ်ကို ကိုယ်လွတ်ချင်တယ်) တကယ်ကို မလွတ်မြောက်တော့ဘူး
အတိတ်ရဲ့ ချစ်ဒုက္ခတွေ

အို တကယ် ဘဝအသစ်ဆီ ပြေးထွက်
ကဲ ကဲ အိုး ဟေ့လက်ကမ်းပေး အခိုင်အမာ လက်တွဲမဲ့သူ လိုတယ်
တကယ့်ကို နားလည်သော တကယ့်နှလုံးသားထဲ တွေ့ ချင်တယ်

တကယ်ကို မင်းအသွေးအသားထဲ မှန်သောတရားများသာ
ရေလို တသွင်သွင် စီးဆင်းခဲ့စမ်းပါ အချစ်ရေ
တကယ့် လက်တွဲဖော်
ဒီလို အချိန်များ ရောက်ရှိလာ နေ့ ရက်တို့ 
အခုတော့ ရင်နာစွာလေ တောင့်တမိ
အို ဒုက္ခညတွေ မိုးလင်းပါဦး
ရေး     လိုအပ်တယ်     လိုအပ်တယ်
မင်းရဲ့ တကယ့်အချစ်များ ကြင်နာစွာ နားလည်နိုင်တယ်
ဒုက္ခရဲ့ ဒဏ်ရာတွေ အချစ်ကုသလိုက်
မင်းကြောင့်မို့ ဒုက္ခမေ့ပျောက်သွား


လိုအပ်ချက်က မင်းအချစ်များ ဘဝအသစ်ရောက်လာမလား
လိုအပ်ချက်က မင်းအချစ်များ အို မင်းအချစ်ဟေ့ ဘေဘီလာပါဦး
(လိုအပ်တယ် လိုအပ်တယ်/လိုအပ်နေတယ် မင်းရဲ့ တကယ့်အချစ်များ)

သွားမယ်မတားနဲ့ 



ရေး     - မောင်သစ်မင်း
ဆို      - သျှီ

(ဘယ်ကိုလည်း မေးခွန်းများရဲ့ အဖြေဟာတိကျ
ငါဟာ အမှန်တရား လူသားတစ်ဦးပါ
သွားရမယ့်လမ်းနဲ့  ရှေ့ က ရည်မှန်းချက်
သွားမယ် မတားနဲ့ မတားနဲ့ 
ငါ့ခရီးလမ်းကို ပိတ်ကာ ရပ်မတားနဲ့ 
ငါဒီလမ်းဆုံးထိ ဘယ်လိုတားတား မမှုဘူး
လာ မတားနဲ့  မတားနဲ့ မတားနဲ့ 

(ငါ့နှလုံးသားက
ဒီဆုံးဖြတ်ချက်တို့ မစွန့် လွှတ်
ကျော်ဖြတ်ဖို့ သတ္တိအပြည့်အဝနဲ့ 
ရင်ဆိုင်ဖို့ အတွက် အကုန်လုံးအဆင်သင့် အောင်မြင်ရမယ်)

ယုံကြည်ချက် ဒီယုံကြည်ချက်အတွက် ငါလုပ်ခဲ့ အမှန်တရားမို့ ကြောက်ရွံ့ နောက်မဆုတ်
ငါရွေးပြီးသားလမ်းပေါ် ငါရှေ့ ဆက်သွားဖို့ တွေဝေအောင်လှည့်စား မတားနဲ့ ငါသွားမယ်
မတားနဲ့ ဟေ့ မရဘူးဟေ့ တုန်လှုပ်ခြင်းလည်းမရှိ ဘယ်သူတားတားမရဘူး
မတားနဲ့  မတားနဲ့  မတားနဲ့ မတားနဲ့ 

(ငါ့နှလုံးသားက
ဒီဆုံးဖြတ်ချက်တို့ မစွန့် လွှတ်
ကျော်ဖြတ်ဖို့ သတ္တိအပြည့်အဝနဲ့ 
တွေ့ သမျှ အတားအဆီးကိုကျော်ဖြတ်ဖို့ အမြဲတမ်းအသင့်ပဲ)
ပန်းခင်းလမ်းပေါ်ရောက်ဖို့ အတွက် ဒီလို အချိန်မှာ အကြမ်းဆုံးလမ်းရွေး
တောင်နံရံကာလည်း ငါဖောက်ထွက်သွား ရင်မှာလေ အားမာန်တွေအပြည့် ဟေ့မတားနဲ့ 
(ငါ့နှလုံးသားက           အကုန်လုံးအဆင်သင့်)၂ မတားနဲ့   အားလုံးအဆင်သင့်

အမောပြေ



ရေး     - မင်းချစ်သူ
ဆို      - သျှီ

(အမောပြေ ကိုယ့်ရဲ့ အမောပြေ အချစ်လေး)၂
ဘဝရဲ့ မာရသွန်လမ်းများအလယ်
ဖြတ်သန်းရင်း တစ်ခါတစ်ရံ စိတ်တွေမောတယ်
အေးအေးဆေးဆေးနေချင်တာ မင်းအနားမှာ

(ဟေ့အချစ်ရေ မင်းရင်ထဲခိုနားလို့ 
မော့သောက်မယ် အချစ်များ
အခုမှ အမောတွေပြေသွား (အား)

(ရေး ချိုတယ် အချစ်များ မော့သောက်   ရေး)

အဆုံးလည်း ကြိုမမြင်တဲ့ လမ်းများအလယ်
ရင်ထဲက ပူလောင်တာတွေ အေးမြဖို့ ကွယ်
မင်းရဲ့ အချစ်က ရေစင်လို ကိုယ့်ဘဝမှာ

အင်ဂျင်ဟောင်းလေး



ရေး     - မင်းချစ်သူ
ဆို      - သျှီ

ရင်ထဲ ယန္တရားတစ်ခု မင်းကလာ တပ်ဆင်ခဲ့
ရင်ခုန်သံ အင်ဂျင်လည်ပြီး အချစ်စိတ်နဲ့ 
ကိုယ့်စက်ကကောင်းတယ် ဟောင်းတယ် မပျက်ခဲ့ဘူး
ကြာလေလေ ပါဝါတွေ ပိုတိုးနိုင်ခဲ့သူ
လာ တို့ ဘဝတွေ ရှေ့ ဆက်မယ် စွမ်းအားအပြည့်
တာရှည်ခံ လောင်စာတွေလို မင်းအချစ်ပေး

[အင်ဂျင်ဟောင်းလေး ဟေ့
(မောင်းခုတ်စမ်းဟေ့)    ဟေ့
(အင်ဂျင်ဟောင်းလေး)]ဟေ့  ခုတ်မောင်းစမ်းဟေ့

မရပ်တန့် ပါနဲ့ ဒီလမ်းတွေထဲ မတိမ်းမှောက်နဲ့ 
ကြုံမယ် ကြမ်းတမ်းခြင်း ချောမွေ့ ခြင်းများ အားလုံးဖြတ်ကျော်ခဲ့
အား  ကိုယ့်စက်အဟောင်းလေးလာ မောင်းနှင်တုန်း
ရည်ရွယ်ထားခဲ့တဲ့ မြို့ တစ်မြို့ ရောက်ရမယ် မင်းယုံ
လာလေ သွားဦးမယ် ချစ်သူလေးရေ တို့ တွေမရပ်တော့ဘူး

ကိုယ့်နှလုံးသားလေးက မင်းအတွက် ပုံပမာပြု

ဒီအချစ်စိတ်တွေ တို့ ရင်ထဲ အင်ဂျင်လိုပဲ
လူတွေ မောင်းခုတ်ဖို့  အမြဲ စက်နှိုးပေးခဲ့
မင်းလေး တပ်ဆင်ပေး ရင်မှာ ချစ်တဲ့စိတ်များဟာ
ဖြတ်သန်းလာ နေ့ ညများ ရာစုသစ်ထဲ ရောက်ခဲ့
ဘယ်သူမှ တုပ ထုတ်လုပ်မရတော့တဲ့
တီထွင်နိုင်သူ မင်းလေးရဲ့ 
[        ]၂  မောင်း   အချစ်များ
[        ]၂
တို့      အင်ဂျင်လေး မောင်းလိုက်ပါမောင်း

အမှတ်အသားများ



ရေး     - သုခမိန်လှိုင်
ဆို      - သျှီ

စွန့် လွှတ်သွားခဲ့တဲ့ နေ့ များတို့ ရယ်
ပေးခဲ့တဲ့ အသည်းထဲ ရိုက်ချက်များရယ်
အမြဲတမ်းပြီးဆုံးအောင် သတိရစရာ အမှတ်အသားများ
ပျောက်ဆုံးသွားခဲ့တဲ့ အိပ်မက်များဟာ ပေးအပ်ကာထားခဲ့တယ်
အမာရွတ်တွေ အသည်းထဲ စမ်းကြည့်ရင် ဆေးမှင်ထိုးသလို
အမာရွတ်များ အို ဘဝအလွမ်းတွေလား အင်း အိုး ဟို   နာကျင်ခြင်းများ

ပြီးဆုံးသွားခဲ့တဲ့ အချစ်များတို့ ရယ် အမှတ်တရ
လောက်ကျွမ်းဆဲ ရိုက်ချက်ပြင်းပြင်း ရက်စက်သွား
အချစ်ရေ အမှတ်အသားပေး လမ်းဆုံးသို့ 
ရောက်ခဲ့ရတယ် အို ခရီးများရယ် မပြီးဆုံးအောင်
ခံစားမှုများ အို ပေးအပ်ကာ ထားခဲ့

အမှတ်တရလား သွေးထွက်အောင်မှတ်သားခဲ့
အို  ဘဝအလွမ်းတွေလား အို
ဘဝရဲ့ အမှတ်တရများ အို ဘဝရဲ့ ရိုက်ချက်များ
အို       မှတ်သားထား

(အမှတ်တရလားကွယ် အမှတ်တရများစွာ
ဘယ်သူလာပေးလဲ)၂ ဘယ်သူလာပေးလဲ   အနမ်းများ
ဘဝရဲ့ အမှားအယွင်းတွေ အို နာကျင်ခြင်းတွေ
နာကျင်ခြင်းတွေ ဒဏ်ရာများစွာ အမှတ်တရမို့
သိမ်းထားတော့မယ် အလွမ်းများ အချစ်များ)