Showing posts with label ဗဒင်. Show all posts
Showing posts with label ဗဒင်. Show all posts
Saturday, October 14, 2017
Monday, March 25, 2013
ဘာသာပြန်
ရေး -
ဆို - ဗဒင်
တိမ်စိုင်တွေရယ် မြူတွေရယ်
နှင်းထုရယ် မနက်ခင်းရယ်
သဲသဲကွဲကွဲ မရှိတဲ့ ပုံရိပ်များရယ်
လိမ္မော်ရာသီ တောင်ပေါ်မှာ
လမ်းကျဉ်းငယ်ကလေးများ လျှောက်ရသလို
အကြင်နာလမ်းဟာ ရီေ၀၀ါးနေတယ်
မရေရာဘူး…
အမူအရာတွေများစွာ ဘာသာပြန်ကြည့်လည်း
အတွေးများဟာ အမြဲတမ်းေ၀၀ါးနေတယ်
သေချာတာတစ်ခုက
ကြည်ဖြူစွာနဲ့တို့ကချစ်တယ် ဒါပါပဲ
အချစ်လမ်းလေးထဲ လျှောက်နေရဦးမယ်
ရေတံခွန်တွေရယ် အော်မြည်ကာ
ပြင်းပြစွာရိုက်ခတ်စဉ်
လျှို့ဝှက်ချက်နဲ့ပြည့်တဲ့ရေထွက်ရာ
ရေဆန်ကိုလှော် ရှာဖွေစဉ်
ချောင်းဖျားခံ အစပြုစီးဆင်းရာ
နေရာမျိုးဟာ အကြင်နာ စတင်ရာ
ညိုမျက်ဝန်းလို..
အခြေအနေတွေတိုင်းကို ဆင်ခြင်လိုက်တိုင်းမှာ
မေးခွန်းတွေအပြည့်နဲ့ ဒွိဟတွေရယ်
ကြင်နာသူအကြည့်တွေ
ဘာသာပြန်ဖို့ အခုထက်ထိတိုင် မလွယ်ကူတော့
အချစ်လမ်းနံဘေးက အလွမ်းရွာရောက်ခဲ့ပြီ
ရောက်ရှိခဲ့တဲ့ အလွမ်းရွာမှာ
ဆွေးဆွေးမြေ့မြေ့ ကိုယ့်အိမ်ရယ်
ခြောက်ခြောက်ကပ်ကပ် နေ့တွေအလယ်
ဆုံးခြင်းမဲ့တဲ့ ဘာသာပြန်ရယ်
မငိုချင်ဘူးကွယ်
11:58 AM 3/23/2013
ဆို - ဗဒင်
တိမ်စိုင်တွေရယ် မြူတွေရယ်
နှင်းထုရယ် မနက်ခင်းရယ်
သဲသဲကွဲကွဲ မရှိတဲ့ ပုံရိပ်များရယ်
လိမ္မော်ရာသီ တောင်ပေါ်မှာ
လမ်းကျဉ်းငယ်ကလေးများ လျှောက်ရသလို
အကြင်နာလမ်းဟာ ရီေ၀၀ါးနေတယ်
မရေရာဘူး…
အမူအရာတွေများစွာ ဘာသာပြန်ကြည့်လည်း
အတွေးများဟာ အမြဲတမ်းေ၀၀ါးနေတယ်
သေချာတာတစ်ခုက
ကြည်ဖြူစွာနဲ့တို့ကချစ်တယ် ဒါပါပဲ
အချစ်လမ်းလေးထဲ လျှောက်နေရဦးမယ်
ရေတံခွန်တွေရယ် အော်မြည်ကာ
ပြင်းပြစွာရိုက်ခတ်စဉ်
လျှို့ဝှက်ချက်နဲ့ပြည့်တဲ့ရေထွက်ရာ
ရေဆန်ကိုလှော် ရှာဖွေစဉ်
ချောင်းဖျားခံ အစပြုစီးဆင်းရာ
နေရာမျိုးဟာ အကြင်နာ စတင်ရာ
ညိုမျက်ဝန်းလို..
အခြေအနေတွေတိုင်းကို ဆင်ခြင်လိုက်တိုင်းမှာ
မေးခွန်းတွေအပြည့်နဲ့ ဒွိဟတွေရယ်
ကြင်နာသူအကြည့်တွေ
ဘာသာပြန်ဖို့ အခုထက်ထိတိုင် မလွယ်ကူတော့
အချစ်လမ်းနံဘေးက အလွမ်းရွာရောက်ခဲ့ပြီ
ရောက်ရှိခဲ့တဲ့ အလွမ်းရွာမှာ
ဆွေးဆွေးမြေ့မြေ့ ကိုယ့်အိမ်ရယ်
ခြောက်ခြောက်ကပ်ကပ် နေ့တွေအလယ်
ဆုံးခြင်းမဲ့တဲ့ ဘာသာပြန်ရယ်
မငိုချင်ဘူးကွယ်
11:58 AM 3/23/2013
သူငယ်ချင်း
ရေး -
ဆို - ဗဒင်
ငယ်ရွယ်စဉ်အချိန်ကထဲက စွဲလန်းတဲ့စိတ်ကလေးနဲ့
ကြီးလာတော့လေ တခြားသူဦးမှာကိုစိုးလို့
ချစ်မိလို့ဖွင့်ပြောတော့ စည်းဖောက်တဲ့လူမိုက်လို့
မင်းစွပ်စွဲတာ ဘယ်လိုဖြေရမလဲ ခက်ပြီ
ဖြူစင်တဲ့အချစ်ကလေးတွေ အရေးမထားလို့အရာမရောက်တော့
ကိုယ့်ရင်ထဲမှာ မီးလိုတောက်လောင်နေဆဲ
ချစ်မိတဲ့အဖြစ်များရယ် အပြစ်တစ်ခုလို့ဆိုမလားကွယ်
မချစ်နိုင်ရင်တောင် မရက်စက်သင့်ဘူးကွယ်
ချစ်ခွင့်မပိုင်ခဲ့လဲ အမုန်းမခံရဲတယ်
သူငယ်ချင်းတွေလိုဆက်လက်ပြီးတော့ ခင်မင်ချင်ပေမယ့်
စိမ်းကားနိုင်အားရဲ့ ရက်စက်နိုင်အားရဲ့
အမြဲတမ်းပဲ အသည်းကျွမ်းစေမှာလားကွယ်
ရက်စက်နိုင်အားရဲ့
အမြဲတမ်းပဲ အသည်းကျွမ်းစေမှာလားကွယ်
11:57 AM 3/23/2013
ဆို - ဗဒင်
ငယ်ရွယ်စဉ်အချိန်ကထဲက စွဲလန်းတဲ့စိတ်ကလေးနဲ့
ကြီးလာတော့လေ တခြားသူဦးမှာကိုစိုးလို့
ချစ်မိလို့ဖွင့်ပြောတော့ စည်းဖောက်တဲ့လူမိုက်လို့
မင်းစွပ်စွဲတာ ဘယ်လိုဖြေရမလဲ ခက်ပြီ
ဖြူစင်တဲ့အချစ်ကလေးတွေ အရေးမထားလို့အရာမရောက်တော့
ကိုယ့်ရင်ထဲမှာ မီးလိုတောက်လောင်နေဆဲ
ချစ်မိတဲ့အဖြစ်များရယ် အပြစ်တစ်ခုလို့ဆိုမလားကွယ်
မချစ်နိုင်ရင်တောင် မရက်စက်သင့်ဘူးကွယ်
ချစ်ခွင့်မပိုင်ခဲ့လဲ အမုန်းမခံရဲတယ်
သူငယ်ချင်းတွေလိုဆက်လက်ပြီးတော့ ခင်မင်ချင်ပေမယ့်
စိမ်းကားနိုင်အားရဲ့ ရက်စက်နိုင်အားရဲ့
အမြဲတမ်းပဲ အသည်းကျွမ်းစေမှာလားကွယ်
ရက်စက်နိုင်အားရဲ့
အမြဲတမ်းပဲ အသည်းကျွမ်းစေမှာလားကွယ်
11:57 AM 3/23/2013
Tuesday, March 12, 2013
ရိုးရိုးအေးအေးကြီးကိုပဲချစ်နေမိတယ်
ရေး - ဗဒင်
ဆို - ဗဒင်
ကိုယ့်ရဲ့ ခြေထောက်တွေ
ဘယ်ကိုရောက်နေနေ
သနပ်ခါးနံ့ လေးတွေပေးပြီး
ဆွဲခေါ်သွားတယ် တကယ်တော့
ရိုးရိုးအေးအေးကြီးကိုပဲ
ချစ်နေမိတယ်
ကိုယ့်စိတ်ထဲမှာ
ဘာတွေရှိနေတယ်
မပြောဘဲ မင်းဟာ
အမြဲတမ်းသိနေတတ်သူ မြင်နိုင်တဲ့သူ
ရိုးရိုးအေးအေးးကြီးကိုပဲ
ချစ်နေမိတယ်
CHO: အချစ်
အချစ်ဘာတွေပဲလုပ်လုပ် ကိုယ့်အပေါ်ချစ်ရှာတဲ့ အချစ်ရယ်
ဘယ်လိုပဲ ဆိုးဆိုး
ကိုယ့်ကိုနားလည်တဲ့ ရိုးရိုးအေးအေးကြီးကိုပဲ
ချစ်နေမိတယ်
အမှားပေါင်းများစွာ
ကိုယ်လေမှားတာတောင်
ခွင့်လွှတ် ကရုဏာအပြုံးနဲ
့ကိုယ့်ရင်ထဲကို အနိုင်ယူတဲ့သူ
ရိုးရိုးအေးအေးကြီးကိုပဲ
ချစ်နေမိတယ်
ရိုးရိုးအေးအေးကြီးကိုပဲ
ချစ်နေမိတယ်
Subscribe to:
Posts (Atom)
