Showing posts with label ခင်းဘုဏ်း. Show all posts
Showing posts with label ခင်းဘုဏ်း. Show all posts

Saturday, April 6, 2013

ဟန်နီ

ရေး - ရွှေဂျော်ဂျော်
ဆို - ရှင်ဖုန်း၊ ခင်းဘုဏ်း၊ ရေဗက္ကာဝင်း

အိမ်ပြန်ချိန် အမြဲနောက်ကျတတ်တာ ဘာကြောင့်ဒက်ဒီ
တစ်နေကုန်အောင် ကစားဝိုင်းထဲမှာ ရှိတတ်တာ မာမီ
မကြာမကြာစိတ်ကောက်တတ်တဲ့ အစ်မနဲ့ ဟန်နီ
စကားများ ရန်ဖြစ်ခဲ့ရပြီ

ယူလာပါ ဂဏန်းပေါင်းစက်ကို ထည့်ခဲ့ဟန်နီ
မယုံနိုင်အောင် ရည်းစားထားတာ တွက်ကြည့်မြင်နိုင်၏
အိမ်အပြန် ကျောပိုးအိတ်ကို ဖွင့်လို့နင်ကြည့်
ကွဲအက်ကြေအသည်းတွေချည်း

အသည်းခွဲသမား အားလုံးကခေါ်ကာနေသည်
ပြောင်းလဲသွား မင်းစိတ်က ရက်စက်တတ်သည်
အိပ်မက်ဆိုးများကို နင်အငြိုးကြီးစွာနေ ဖန်ဆင်းလိုက်
အို ရက်စက်တဲ့ ဟန်နီ


အသည်းခွဲသမား အားလုံးကခေါ်ကာနေသည်
ပြောင်းလဲလိုက်တော့ မင်းစိတ်က လွတ်မြောက်လမ်းဆီ
အိပ်မက်ဆိုးများက ပြန်ကာရုန်းထွက်လိုက်ပါလေ ဒီသီချင်းနဲ့
အို နိုးထတော့ ပြန်ပြီး/ဟန်နီ

ပြန်လည်ကာ စဉ်းစားကြည့်ပါ မင်းရဲ့နာမည်
ချိုမြိန်ခြင်းရဲ့ အဓိပ္ပယ် ပေးခဲ့တာ ဟန်နီ
ဒီအချိန်ဘဝက ပြောင်းပြန်ခါးသက်ခဲ့ပြီး
အားလုံးရင်ထဲ မငြိမ်းတဲ့မီး
အရာများကို ခွင့်လွှတ်ခြင်းနဲ့ ပြန်ပြီးမင်းကြည့်
အနိုင်ယူပါ အမှားအယွင်းများထိ လည်စင်းပေးရန်မရှိ
မှောင်တဲ့ လမ်းဟောင်းများ စွန့်သွားဟန်နီ
လမ်းသစ်စ အို ဘဝရဲ့ ခရီး

မီးကိုပြန်ပြီး မီးဆိုတာ မငြိမ်းပါနဲ့
အို ကောင်းကင်ပေါ်က မိုးလို့ရွာမှ ငြိမ်းလိမ့်မယ်
ပိုးဖလံမျိုး မီးလျှံကိုတိုး ဘဝတွေအတွက်
အိုး မင်းလက်နဲ့ အိုငြိမ်းလိုက်မီး

နင်ပြန်ခဲ့ ပြန်ခဲ့တော့ စောင့်နေမယ်
နင်ထပ်ပြီး ထပ်ပြီးတော့ မမိုက်ပါနဲ့
ပြန်ခဲ့ ပြန်ခဲ့ ပြန်ခဲ့တော့ အချစ်တွေနဲ့