Showing posts with label စိုင်းဆိုင်မောဝ်. Show all posts
Showing posts with label စိုင်းဆိုင်မောဝ်. Show all posts

Thursday, December 8, 2016

တောင်ပေါ်မြေရဲ့ တခြားတမျက်နှာ

ရေး -
ဆို  - စိုင်းထီးဆိုင်

KEY – C
| C -   -   - | G  -   -   - | G -   -   -
            G7                    C                      G7
(၁)       ချယ်ရီတွေ သာယာတဲ့ ထင်ရူးတောတွေ
                             C                 G7           C
            တကယ်ပေါရာမြေ ပျော်စရာပေ ခင်တွယ်တဲ့
                        G7                      F
            ရှမ်းမလေးတွေ နေတဲ့ရှမ်းမြေ
                 G7               C                                             G7
            ကဗျာဆရာတွေ ဒါရိုက်တာတွေနဲ့ သီချင်းစပ်ဆရာတွေ
               C                   G7                    C
            စာရေးဆရာတွေ မြင်တာတွေ ပြန်ပြန်ပြီး
                        G7          C                    F
            ပြောပြတာတွေ တကယ်ထပ်လို့နေ
            C7                    F                 G
Cho:    တောင်ပေါ်မြေရဲ့ လှပမှုကိုသာ မြင်ကာနေတဲ့
              C                          C          C7        F
            ပရိသတ်များမလေ တောင်ပေါ်မြေရဲ့ တခြား
                                                G                         C
            တဘက် တမျက်နှာမှာ ဘာတွေရှိမှန်း မသိကြပေ
           
(၂)       (မြင်စရာတွေ တကယ်တမ်းပြောပြစရာတွေ ပုံလို့သာနေ
            အကိုတို့ရေ ပျော်နေတဲ့ အိပ်မက်ကနေ အပြင်ထွက်ခဲ့လေ
            တောင်ပေါ်မြေရဲ့ တခြားတဘက် မျက်နှာမှာ
            ချယ်ရီတွေလဲ ယမ်းနံ့စွဲနေ သာယာတယ်ဆိုတဲ့
            ထင်ရူးတောတွေဟာ လောင်ရာတွေနဲ့ ရုပ်ပျက်နေ)၂
            ||: C   -    -   - | F  -    -    - || FINE

Tuesday, December 6, 2016

ချယ်ရီသက်သေမောင့်မျက်ရည်

ရေး - စိုင်းဆိုင်မောဝ်
ဆို - စိုင်းဆိုင်မောဝ်

Key  : G
Intro: ||: G Em A G D Em :||
          G                        Em
*        ချယ်ရီတွေ ငိုနေပြီ နန်းရယ်
                                                 G
          ဆောင်းနှင်းရဲ့ အငြိုးတွေးကြောင့် ဖြစ်မယ်
                                        D                   Em
          နှင်းစဲလို့ ရောင်နီလာတော့မှ အငိုတိတ်နိုင်မယ်
           
**      တောင်ပြာတွေ ငိုပြန်ပြီ နန်းရယ်
          မိုးမင်းရဲ့အငြိုးတွေကြောင့်ဖြစ်မယ်
          မိုးနှောင်းလို့ ဟေမာန်လာတော့မှ အငိုတိတ်နိုင်မယ်

                            G       
&        အခုများတော့လေ
                                   A                     G
          ဝေဒနာတွေပေး ပေးရက်တယ်ကွယ်            
                      D               Em
          ချစ်ရသူရယ် မုန်းရက်နိုင်တယ်
         
&&      စိုင်းရင်မှာ ငိုနေတယ်နန်းရယ်
          နန်းလေးရဲ့ အမုန်းတွေကြောင့် ဖြစ်မယ်
နန်းအပြုံးနဲ့ ပြန်လာကာ ချော့မှ အငိုတိတ်နိုင်မယ်    
    
Solo: ||:G Em G D Em :||
*
**
&
&&
Solo:||:G Em G D Em:||

      ရှမ်းလိုဆိုသည်

Ending:||G Em A G D Em G:||

mmlyric.blogspot.com

Saturday, May 4, 2013

နွေအလွမ်း

ရေး -
ဆို - စိုင်းဆိုင်မောဝ်

စမ်းကလေးတွေ ရေခန်းစေတဲ့ နွေ
ဩော် ပန်းကလေးတွေ ကြွေနွမ်းစေသော နွေ
သည်အချိန်မှာ မောင်တစ်ယောက် ပူဆွေးနေ
ဥဩတွန်သံကြားရင် ပိုကာလွမ်း လွမ်းရတယ်လေ

မောင့်စိတ်တွေ လေလွင့်စေသော နွေ
ဩော် မောင့်အသည်းတွေ ကြွေနွမ်းစေသော နွေ
သည်အချိန်မှာ အဖော်မဲ့ ငှက်ကလေးတွေ
ဆိုတေးသံကို ကြားရင် ပိုကာလွမ်း လွမ်းရတယ်လေ

ချစ်နေသူများအဖို့ ဝေးကြပြီ ဆွေးရပြီ
ငါနွေကျောင်းပိတ်ရက်ကို မလိုချင်ဘူးလေ
ဝေးနေသူများအဖို့ ဆွေးရပြီ လွမ်းရပြီ
ငါနွေကျောင်းပိတ်ရက်ကို မလိုချင်ဘူးလေ

သစ်ရွက်တွေ မြေသို့ ကြွေကျနေ
ဩော် ပန်းကလေးတွေ ကြွေနွမ်းစေတဲ့ နွေ
သည်အချိန်မှာ အဖော်ကွဲသူ အဖို့မှာ
ပူဆွေး စရာတွေ တွေးလေ ပိုကာလွမ်း လွမ်းရတယ်လေ

12:46 AM 5/5/2013

အိပ်မရတဲ့ညပေါင်းတွေ

ရေး -
ဆို - စိုင်းဆိုင်မောဝ်

အိုမေရယ် ဘာကြောင့်များ ညှင်းရက်နိုင် တာလဲကွယ်
ဒီမောင်မှာ ညတိုင်းပဲ အိပ်မရနိုင် ပါတော့တယ်
အဆင်မပြေတာလေးတွေတော့ ပြောပြချင်တယ် အချစ်ကလေးရယ်
အိုအကြောင်းအမျိုးမျိုးကြောင့်ကွယ် တို့နှစ်ယောက် ကွဲသွားမှာကို စိုးတယ်

ရင်နာစရာ စကားတွေလည်း မပြောရက်တာကို မေအသိကွယ်
ကြင်နာစွာ အပြုံးတွေနဲ့ ချစ်ရသူမှာ မောင်တစ်ယောက်ပဲ
ကိုယ်အိပ်မရတဲ့ ညပေါင်းတွေလည်းများခဲ့ပြီ မေကြောင့်ကွယ်

တကယ်ဆိုရင် ကြင်နာအသည်းနှလုံး ရှိကြမယ် လူတိုင်းပဲ
မရေရာ မသေချာတဲ့ အချစ်မျိုးကို မလိုလားတယ်
အဆင်မပြေတာတွေရှိရင်တော့ သည်းခံနိုင်ရင်ကောင်းမယ်
အိုအကြောင်းအမျိုးမျိုးကြောင့်ကွယ် ချစ်သူတွေ ကွဲသွားတာ ဘာကြောင့်လဲ

အိုမေရယ် ဘာကြောင့်များ ညှင်းရက်နိုင် တာလဲကွယ်
ဒီမောင်မှာ ညတိုင်းပဲ အိပ်မရနိုင် ပါတော့တယ်
အဆင်မပြေတာလေးတွေတော့ ပြောပြချင်တယ် အချစ်ကလေးရယ်
အိုအကြောင်းအမျိုးမျိုးကြောင့်ကွယ် တို့နှစ်ယောက် ကွဲသွားမှာကို စိုးတယ်

ရင်နာစရာ စကားတွေလည်း မပြောရက်တာကို မေအသိကွယ်
ကြင်နာစွာ အပြုံးတွေနဲ့ ချစ်ရသူမှာ မောင်တစ်ယောက်ပဲ
ကိုယ်အိပ်မရတဲ့ ညပေါင်းတွေလည်းများခဲ့ပြီ မေကြောင့်ကွယ်

တကယ်ဆိုရင် ကြင်နာအသည်းနှလုံး ရှိကြမယ် လူတိုင်းပဲ
မရေရာ မသေချာတဲ့ အချစ်မျိုးကို မလိုလားတယ်
အဆင်မပြေတာတွေရှိရင်တော့ သည်းခံနိုင်ရင်ကောင်းမယ်
အိုအကြောင်းအမျိုးမျိုးကြောင့်ကွယ်
ချစ်သူတွေ ကွဲသွားတာ ဘာကြောင့်လဲ

ချစ်သူတွေ ကွဲသွားတာ ဘာကြောင့်လဲ

12:32 AM 5/5/2013

ရှမ်းစကားလေးနဲ့နှုတ်ဆက်ကြတယ်

ရေး -
ဆို - စိုင်းဆိုင်မောဝ်

(ရွှေသမင် မျက်လုံးလေး စိုင်းကိုလေ သူ့အပြုံးနဲ့
နှုတ်ဆက်ကာရယ် ခွဲသွားမယ့်သူ
ဘယ်လိုဝဋ်ကြွေးများ ရှိလာတယ် တို့နှစ်ဦးသား
ခုမှ တွေ့ကြကာရယ် ခွဲသွား)၂

စိတ်ထဲမှာလေ တကယ် ခံစားရပေါ့ကွယ်
မခွဲစဖူးသူတွေမို့လား စိတ်အားငယ်
နန်းရယ် အဝေးရောက်သွားရင် မမေ့နဲ့

ဒီတစ်ခါနောက်ဆုံးလာ နောက်များ တွေ့ဦးမလား
ရှမ်းစကားလေးနဲ့နှုတ်ဆက်ကြတယ်
ဘယ်လိုဝဋ်ကြွေးများ ရှိလာတယ် တို့နှစ်ဦးသား
ခုမှ တွေ့ကြကာရယ် ခွဲသွား
စိတ်ထဲမှာလေ တကယ်
ခံစားရပေါ့ကွယ်
မခွဲစဖူးသူတွေမို့လား စိတ်အားငယ်
နန်းရယ် အဝေးရောက်သွားရင် မမေ့နဲ့

ဒီတစ်ခါနောက်ဆုံးလာ နောက်များ တွေ့ဦးမလား
ရှမ်းစကားလေးနဲ့နှုတ်ဆက်ကြတယ်
ဘယ်လိုဝဋ်ကြွေးများ ရှိလာတယ် တို့နှစ်ဦးသား
ခုမှ တွေ့ကြကာရယ်ခွဲသွား

ခုမှ တွေ့ကြကာရယ်ခွဲသွား

12:12 AM 5/5/2013

အလွမ်းမပေးသွားနဲ့နန်းရယ်

ရေး -
ဆို - စိုင်းဆိုင်မောဝ်

ဝေးဝေးသွားမယ့် ခွဲသွားတော့မယ့်နန်းရယ် အလွမ်းပေးသွားတဲ့နန်းရယ် ချစ်လို့တောင်မဝခင် ခွဲရတော့မယ်
အခြေအနေက ဝေးဖို့တောင်းပြီ
အခွင့်ကောင်းကြုံမှ ပြန်ဆုံကြမယ်
အလွမ်းပေးသွားတဲ့ နန်းရယ်

ကုန်လွန်ခဲ့တဲ့ ရက်တွေ နှမြောမိတယ်
ကိုယ်အသည်းလေးတွေ ဆွေးကာ
ကျန်ခဲ့မယ် ချစ်သောအနမ်းတွေ
သတိရနေတယ်
ခွဲသွားတော့မယ့်နန်းရယ် အလွမ်းပေးသွားတဲ့နန်းရယ်

တွဲလက်တောင် မဖြုတ်ခင် ခွဲရတော့မယ်
အခြေအနေက ဝေးဖို့တောင်းပြီ
အခွင့်ကောင်းကြုံမှ ပြန်ဆုံကြမယ်
ခွဲသွားတော့မယ့် နန်းရယ်

ချစ်လို့တောင်မဝခင် ခွဲရတော့မယ်

11:56 PM 5/4/2013

မတွေ့ကြရင်အကောင်းသား

ရေး -
ဆို - စိုင်းဆိုင်မောဝ်

မဖြစ်နိုင်မှန်းသိပါလျှက်နဲ့ သူ့ကိုပင်
ရွှေဘုံမင်းသမီးလေးကိုမှ ကိုယ်ကလိုချင် ဖွင့်ကာပြောမိပြန်လည်း ကိုယ်အပေါ်တွင် သူစိတ်ဆိုးမုန်းသွားမှာလည်း ကိုယ်ကမလိုချင် ဘဝမှာတို့နှစ်ယောက်မတွေ့ကြရင်
အကောင်းသားပေါ့ထင် ကိုယ်မှာသူ့ကိုမြင်ပါ များတော့ စိတ်မှာ ချစ်ကျွမ်းဝင်

မျက်နှာလှလှသူ့ကိုတွေ့မှ စိတ်ပျော်ရွင်  မမြင်ပြန်လည်း အသည်းထဲမှာ တစ်မျိုးခံစားသလိုပင်

ဘဝမှာတို့နှစ်ယောက်မတွေ့ကြရင်
အကောင်းသားပေါ့ထင် ကိုယ်မှာသူ့ကိုမြင်ပါ များတော့ စိတ်မှာ ချစ်ကျွမ်းဝင်

(မဖြစ်နိုင်မှန်းသိပါလျှက်နဲ့ သူ့ကိုပင်
ရွှေဘုံမင်းသမီးလေးကိုမှ ကိုယ်ကလိုချင် ဖွင့်ကာပြောမိပြန်လည်း ကိုယ်အပေါ်တွင် သူစိတ်ဆိုးမုန်းသွားမှာလည်း ကိုယ်ကမလိုချင် ဘဝမှာတို့နှစ်ယောက်မတွေ့ကြရင်
အကောင်းသားပေါ့ထင် ကိုယ်မှာသူ့ကိုမြင်ပါ များတော့ စိတ်မှာ ချစ်ကျွမ်းဝင်

မျက်နှာလှလှသူ့ကိုတွေ့မှ စိတ်ပျော်ရွင်  မမြင်ပြန်လည်း အသည်းထဲမှာ တစ်မျိုးခံစားသလိုပင်

ဘဝမှာတို့နှစ်ယောက်မတွေ့ကြရင်
အကောင်းသားပေါ့ထင် ကိုယ်မှာသူ့ကိုမြင်ပါ များတော့ စိတ်မှာ ချစ်ကျွမ်းဝင်)၂

11:45 PM 5/4/2013

မူဆယ်နမ့်ခမ်းလမ်း

ရေး -
ဆို - စိုင်းဆိုင်မောဝ်

အို မြောက်ပိုင်းလမ်း မူဆယ် နမ့်ခမ်းလမ်း ဩော် မြောက်ပိုင်းလမ်း
ကျွန်တော်လေ ရွှေဖီချိန်က လက်ဖက်ပေါတဲ့ အခါမှာ
ဂျီအမ်စီလို ကားကြီးမျိုး မန္တလေးဖက်သို့ ကုန်တင်ကာ သွားတယ်
လမ်းတွေက ဆိုးဆိုး ချိုင့်တွေက ပေါ
ဇောချွေးကလေးများ ပြန်နေအောင် မောင်းတယ်

ဒါဟာ ဒရိုင်ဘာ မြောက်ပိုင်းလမ်းရဲ့ အဖြစ်ပါ
အကြိမ်ကြိမ် အခါခါ ကားပျက်လည်း မဆန်းပါ
မိုင်တစ်ရာကျော်သာရှိတဲ့ လမ်းရဲ့ အတိုင်းအထွာ တနေကုန်အောင် မောင်းကြရတာ

အို မြောက်ပိုင်းလမ်း မူဆယ် နမ့်ခမ်းလမ်း ဩော် မြောက်ပိုင်းလမ်း
ကျွန်တော်လေ ရွှေဖီချိန်က လက်ဖက်ပေါတဲ့ အခါမှာ
ဂျီအမ်စီလို ကားကြီးမျိုး မန္တလေးဖက်သို့ ကုန်တင်ကာ သွားတယ်
လမ်းတွေက ဆိုးဆိုး ချိုင့်တွေက ပေါ
ဇောချွေးကလေးများ ပြန်နေအောင် မောင်းတယ်

တစ်ခါတစ်လေ ကုန်ချိန်များလွန်းလို့လေးကျိုးရင် ဒရိုင်ဘာ အိမ်ပြန်နောက်ကျခဲ့ရတယ်
အိမ်ရှင်သူ ချစ်ဇနီးလေးရဲ့ မျက်နှာ ငြိုငြင်လာရင် လမ်းရဲ့အပြစ်လား

ကနေ့ ရောက်နိုင်မလား နက်ဖြန်ရောက်နိုင်မလား မခန့်မှန်းနိုင်
မြန်မြန်ဆန်ဆန် ရောက်ချင်ရင်လည်း မြန်မြန်ဆန်ဆန် မောင်းသော်လည်း
စိတ်သွားတိုင်းရယ် ကိုယ်ကမပါ

ကနေ့ ရောက်လာမလား နက်ဖြန်ရောက်လာမလား မမျှော်နဲ့နော်
မြန်မြန် အိမ်ြပန် ရောက်ချင်လည်း ဇနီးနဲ့သားလေး တွေ့ချင်လည်း
ချိုင့်ခွက်တွေပေါလှတယ် မဖြစ်ဘူးပေါ့

ဒီတစ်ခါအိမ်ပြန် နောက်ကျ စိတ်မဆိုးနဲ့နော် ရေပူမှာတော့ တစ်ညနားဦးမပေါ့

အို မြောက်ပိုင်းလမ်း မူဆယ် နမ့်ခမ်းလမ်း ဩော် မြောက်ပိုင်းလမ်း
ကျွန်တော်လေ ရွှေဖီချိန်က လက်ဖက်ပေါတဲ့ အခါမှာ
ဂျီအမ်စီလို ကားကြီးမျိုး မန္တလေးဖက်သို့ ကုန်တင်ကာ သွားတယ်
လမ်းတွေက ဆိုးဆိုး ချိုင့်တွေက ပေါ
ဇောချွေးကလေးများ ပြန်နေအောင် မောင်းတယ်

ကနေ့ ရောက်နိုင်မလား နက်ဖြန်ရောက်နိုင်မလား မခန့်မှန်းနိုင်
မြန်မြန်ဆန်ဆန် ရောက်ချင်ရင်လည်း မြန်မြန်ဆန်ဆန် မောင်းသော်လည်း
စိတ်သွားတိုင်းရယ် ကိုယ်ကမပါ

ကနေ့ ရောက်လာမလား နက်ဖြန်ရောက်လာမလား မမျှော်နဲ့နော်
မြန်မြန် အိမ်ြပန် ရောက်ချင်လည်း ဇနီးနဲ့သားလေး တွေ့ချင်လည်း
ချိုင့်ခွက်တွေပေါလှတယ် မဖြစ်ဘူးပေါ့

အို မြောက်ပိုင်းလမ်း မူဆယ် နမ့်ခမ်းလမ်း ဩော် မြောက်ပိုင်းလမ်း

11:38 PM 5/4/2013

မောင်ပေးတဲ့အချစ်ပြန်ဆပ်ခဲ့ပါ

ရေး -
ဆို - စိုင်းဆိုင်မောဝ်

အခြေမဲ့ မောင့်ဘဝရဲ့ ရင်ခွင်ငယ်ထဲမှာ
ဘယ်သူ ခိုဝင် မှေးစက်ချင်မှာလဲကွယ်
ချစ်တတ်တဲ့ နှလုံးသား သည်မောင်မှာ ရှိတယ်
ဘယ်အငြိုးကြောင့် အချစ်ရယ် မုန်းသွားတယ်

ဟိုဆီ ရပ်ဝေး ခဏလေး ပြော ထွက်ခွာ
နင်လေ ထွက်သွား တစ်နှစ်ပြည့် ပြန်ကာ မလာ
မကြင်နာလိုသူကို မောင် အလွမ်းတွေ မထားရှိခဲ့ပါ
မောင့်ရဲ့ အချစ်ကိုလှည့်ကာ လိမ်ညာသွား
မောင်ပေးတဲ့ အချစ် ပြန်ဆပ်ခဲ့ပါ

မောင် အမှတ်ရခဲ့လည်း နင်လေ မေ့ထားမယ်
သည်မောင် အမည်တောင် လွဲမှား သူခေါ်ပြီ
ဖြစ်သမျှ ဒီအကြောင်းလေး နင်လေ ညာခဲ့တယ်
ချစ်ခြင်းရဲ့ အဆုံးဟာ အမုန်းလားကွယ်

ဟိုဆီ ရပ်ဝေး ခဏလေး ပြော ထွက်ခွာ
နင်လေ ထွက်သွား တစ်နှစ်ပြည့် ပြန်ကာ မလာ
မကြင်နာလိုသူကို မောင် အလွမ်းတွေ မထားရှိခဲ့ပါ
မောင့်ရဲ့ အချစ်ကိုလှည့်ကာ လိမ်ညာသွား
မောင်ပေးတဲ့ အချစ် ပြန်ဆပ်ခဲ့ပါ

(ဟိုဆီ ရပ်ဝေး ခဏလေး ပြော ထွက်ခွာ
နင်လေ ထွက်သွား တစ်နှစ်ပြည့် ပြန်ကာ မလာ
မကြင်နာလိုသူကို မောင် အလွမ်းတွေ မထားရှိခဲ့ပါ
မောင့်ရဲ့ အချစ်ကိုလှည့်ကာ လိမ်ညာသွား
မောင်ပေးတဲ့ အချစ် ပြန်ဆပ်ခဲ့ပါ)၂

မောင်ပေးတဲ့ အချစ် ပြန်ဆပ်ခဲ့ပါ

11:17 PM 5/4/2013