Showing posts with label စန္ဒီမြင့်လွင်. Show all posts
Showing posts with label စန္ဒီမြင့်လွင်. Show all posts

Tuesday, December 31, 2013

အာဖ်ံကြီး

ရေး - စန္ဒီမြင့်လွင်
ဆို - စန္ဒီမြင့်လွင်

သူဆက်ရင် Busy လုပ်လိုက် Telephone မေးလည်း ကြည့်ဦး ငါကအဲ့လောက်နဲ့တော့
မယုံဘူးကွယ် လူလည်ကြီးမလုပ်နဲ့ ဒီအပြောတွေလောက်တော့ မလွမ်းလောက်ပါဘူး
အာရုံနောက်သူ ရုပ်ကလေကတော့ ချောပါရဲ့ ရင်ထဲကိုမရောက်ဘူး လျှောက်
ရူးလို့ ရုပ်ချောလို့မာန်တွေတက် အစကဟုတ်လောက်သလို နောက်မကြာဘူး တောက်
လျှောက်ကိုလုပ်လျှောက်ပို တကောက်ကောက်လျှောက် ဦးနှောက်လို ဘာတွေ
ညာတွေပိုင်တယ် အဖေကရေခိုင်တယ် သူ့ကိုကြွေလို့ အသေပြိုင်ပဲ လုနေတဲ့ကောင်မလေးတွေ
အများကြီးပဲတဲ့ လေပိသေနိုင်တယ်

(တို့ကိုသိပ်ချစ်တယ်တဲ့ ဟုတ်လည်းဟုတ်ပဲနဲ့ သိနေတယ် စိတ်ညစ်တယ် နင်အာဖျံကွီးပဲ
ပါးစပ်ကိုပိတ်ကွယ် နင်ဟုတ်လည်း ဟုတ်ဘဲနဲ့ လာမရွှီးနဲ့ ကြီးကြီးမားမား
အာဖျံကွီးပဲ(လျှောက်ရူးနေပါပြီ ကိုအာဖျံကွီး) လျှောက်ရူး လျှောက်ရူးနဲ့ ဘယ်လောက်မှမထူးတဲ့
အူချကူးပဲ မိန်းမမမြင်ဘူးတဲ့ ရုပ်နဲ့ High Speed နဲ့ကိုငမ်းလိုက်မှာ တွေ့လိုက်ရှာ ဂေါ်တဲ့ အပိုင်းကလည်း
တော်သတဲ့ မော်ဒယ်ဘွိုင်းအလား (ဂျော်ကယ်ဒီဇိုင်းပါ) ငါသိတယ် လာမရွှီးနဲ့ အထာကြီးနဲ့နင်က
ဆရာကြီးတော့ ဆရာကြီးပဲ ဒါပေမယ့် စိတ်ညစ်စရာကြီးပဲ ညာပြီးတွဲဖို့ေ့ပြာ ချစ်မယ်နောက်ပြီး
နောက်ကွယ်တော့ ကောင်မလေးတစ်ယောင်ပြီးတစ်ယောက်နဲ့နော် နှာခေါင်းဘယ်လောက်မီးတောက်လဲပြော
(ပြော)

(နေပါပြီ ကိုအာဖျံကွီး)

အနားမှာမရှိ

ရေး - စန္ဒီမြင့်လွင်၊ ဘိုလေး
ဆို - စန္ဒီမြင့်လွင်၊ ဘိုလေး

အရင်တုန်းကအထပ်ထပ်ကြားတာ မင်းရဲ့စကားသံခဏ ခဏပဲကြားယောင်
နေမိတဲ့ နေမိတဲ့ငါ့ရဲ့နားတောင်မှားပြန် အဲဒီနားတွေက အခုအချိန်မှာ မင်းရဲ့အသံ
အကြားမခံရရှာ မင်းနဲ့ကမ္ဘာတွေကခြားအမှန် ဒါအသေအချာပဲ နောက်ဆုံး
ရလဒ်ရဲ့အဖြေဟာလည်း  တစ်ယောက်တည်းပဲ နေပါတဲ့ ဟုတ်ကဲ့ ငါတစ်ယောက်
တည်းပဲကြွေမှာအမြဲ ဟိုတစ်ချိန်ကလည်း ပြောခဲ့ဖူးတဲ့စကားများ ဘယ်နေရာမှာ
လဲ နောက်အသည်းတစ်ယောက်ဆီမှာလား ငါ့ကိုသတိမရတော့ပြီလား ကြည့်
မရတော့တာလား တစ်ခုခုတော့ မင်းဖြေပါ မင်းအတွက် ငါကအပျင်းပြေစရာ
အရုပ်တစ်ခုလား စတွေ့တဲ့ တနင်္ဂနွနေ့ညကို မင်းမေ့သွားပြီလား

(နောက်ထပ်တွေ့ချင်တယ် မင်းရဲ့မျက်နှာမမြင်ရောင်ပေမဲ့ ငါ့အတွေးထဲမှာအမြဲ
မင်းရဲ့စကားသံလေး တွေ ပြန်ကြားအောက်မေ့နေလဲ အနားမှာမရှိ)၂

ဆက်ပြောမယ် တနင်္ဂနွေနေ့မှာ အမှတ်မထင်တွေ့ခဲ့ရတဲ့ ငါ့ချစ်သူရယ်တစ်ရက်
တွင် တွေ့ခဲ့ရတဲ့နေ့တစ်နေ့ကို မမေ့နိုင်တော့ အခက်ပင် အိပ်မက်ပင်မမက်
ချစ်ပေမဲ့ မက်နေရသလိုပဲ မင်းကိုလည်း နောက်ရက်တွေမတွေ့ရတော့
အခန်းထဲတစ်ယောက်တည်းကြိတ်ငိုဆဲ မမက်ချင်ဘဲ မက်ခဲ့တဲ့အိပ်မက်
အားလုံးပြိုလဲပျက်စီး ထပ်ပြီး မနှောင့်ယှ်က်နဲ့တော့ အိပ်မက်များကို တောင်း
ပန်ပြီး ယ်လိုဒီမဟုတ်တဲ့ တို့ရဲ့အသည်းကွဲ Rap တွေကို တစ်ယောက်တည်းပဲ
ဆက်ညည်းဦး တစ်သက်တာအတွက် မုန်းလိုက်ပြီလား လမ်းမှာတွေ့ရင်
ပြုံးပြဦမလား သုံးမရတဲ့ ငါ့အသညးနှလုံးဆုံးရှုံးခြင်းရဲ့ လက္ခဏာတွေပြလို့
နေပြီ ကျေးဇူးပြု၍ စကားတွေကိုယုံပေးပါ ငါ့အချစ်တွေ အကုန်ပေးမှာ

(နောက်ထပ်တွေ့ချင်တယ် မင်းရဲ့မျက်နှာမမြင်ရောင်ပေမဲ့ ငါ့အတွေးထဲမှာအမြဲ
မင်းရဲ့စကားသံလေး တွေ ပြန်ကြားအောက်မေ့နေလဲ အနားမှာမရှိ)၂

ဘယ်လိုလဲ ငါ့အချစ်တွေအကုန်ပေးလဲ မယုံနိုင်တဲ့ မင်းအနားကနေထွက်
ပြေးသွား ဒါဆိုပြိုယိုင်လဲ ဆို့နင့်ပြီး မငိုနိုင်ခဲ့ ဒီမှာတစ်ချက်လောက်ငဲ့ကြည့်
ပေးပါ ငါ့ဘဝကို မင်ထားခဲ့တဲ့အတိုင်း ဒီမှာ မကြည်မသာနဲ့မှာနေတဲ့ မင်းရဲ့
စကားသံတွေ ပြန်ပြီးကြားနေ ငါလေ ဒါတွေ မင်းသိနိုင်မလား ဘယ်လို
ပင်ရက်စက်ပြီးထားခဲ့ ငါမှားလည်း မင်းအနားမှာအမြဲ မသွားဘဲနဲ့အခုကံ
တိုင်း တစ်ခုကခြားဆဲ ပြန်လာခဲ့ ငါ့နှလုံးသားထဲမှာ တစ်နေရာစာကျန်သေး
တယ် မင်းအတွက်ပေါ့ နောက်ဆုံးငါ့ကို တစ်ယောက်တည်းထားကာကြည့်
လိုက်တော့ မင်းကအနားမှာမရှိတော့ ဟွန်း အနားမှာမရှိတာ သေချာသွားပြီ
အနားမှာမရှိတာ သေချာသွားပြီ

(နောက်ထပ်တွေ့ချင်တယ် မင်းရဲ့မျက်နှာမမြင်ရောင်ပေမဲ့ ငါ့အတွေးထဲမှာအမြဲ
မင်းရဲ့စကားသံလေး တွေ ပြန်ကြားအောက်မေ့နေလဲ အနားမှာမရှိ)၂



Sunday, December 15, 2013

ငါ့သမီးလေးတော်လိုက်တာ

ရေး - ရသ
ဆို - စန္ဒီမြင့်လွင်

Yo Yo Beez Come on Come on
သမီးက ရည်းစားလည်းမရှိသေးပါဘူး အသက်က ၁၈ အတိလေးပါ အခု ဒါ့ကြောင့်အချစ်အကြောင်း
မသိသေးပါဘူး အင်တာဗျူးမေးကြရင် အဲဒီလိုမျိုးဖြေ သူ့အမေသင်ထားတဲ့အတိုင်း သူကညာနေတာ အမြဲတမ်းပဲ လုပ်ဇာတ်အစီအစဉ်တွေနဲ့ခွဲတမ်းခွဲ နေရာတိုင်းဖြစ်ချင်တော့လည်း ခက်တယ် အသံလေးဝဲဝဲ နဲ့ပဲမိုက်ခဲ ကဲ ကဲ ကဲ ကဲကိုယ့်ကိုကိုယ်အဟုတ်ကြီးထင်တဲ့ကောင်မလေးရယ်

ငါတိုတွေနဲ့လိုက်ပြီးပြိုင်ဖို့မှန်းကာမနေနဲ့ နင့်ရဲ့ရှေ့ကငါတို့တွေကလမ်းပြပေးလည်း သူ့အတွက်လမ်းကဝေးဆဲ အရမ်းဖွတဲ့ဂျာနယ်တွေကို ပိုက်ဆံပေးပြီး ဒီဖိနပ်တစ်ရံ ဈေးကြီးတဲ့ နင့်ရဲ့မျက်မှန် အဝေးကြည့်နဲ့ ငါတို့ကိုကြည့် အဆိုးမြင် မျက်လုံးတွေကို မနက်ဖြန်ဆေးပြီးတော့ တစ်ဖက်ပြန်နေကြည့် အတိတ်ကအဖွဲ့အတွက် အလွမ်း ဓာတ်ခံတွေ မရှိသည့်ငါက စကားတွေကို ဟိုပို့ ဒီပို့ လျှောက်ကာ ငါတို့ရဲ့ အနောက်ရောက်မှ အတင်းတွေကို အမြဲတမ်းပဲ ချပြီးတော့ ကြောက်စရာသူ့အကျင့်က ရုပ်ကလေးဗန်းပြပြီး မြောက်ကြွမြောက်ကြွ သူစီးတဲ့ဖိနပ်ဒေါက်က အနည်းဆုံး ၄ လက်မ အထက်အောက်ဝမ်းဆက် ကောင်လေးတွေ တစ်ချက်လောက်လှမ်း Check ရင်အရှက်အကြောက်အရမ်းပဲကြီးသလို မင်းတို့မသိလို့ သိဖို့ ပြောနေတယ် သတိထား D Beez ကိုမီရအောင် သတ္တိရှိဖို့ ဒီမှာအဓိကက လူတစ်ယောက်မှာစိတ်ဓာတ် Hip Hop လို့ အမည်တပ်ပြီး Pop Rap နဲ့ မနှိပ်စက်နဲ့ ပရိတ်သတ်ကိုအောင်မြင်မှုနေရာ  မတန်ဘဲနဲ့မယူချင်ဘူး ခုတင်ရှု မျက်နှာမှာပြုံးထားလဲ နင့်ရဲ့အတွင်းစိတ်ကမဖြူစင်ဘူး ဒါတွေကို လူမမြင်ဘူး ကနွဲ့ကလျ အီကြာကွေးလိုတက်က စီဒီထဲအသံတွေထည့်ဆို သူ့ရဲ့ကိုယ်စားရှက်စရာ မိတ်ကပ်အဖွေးသားနဲ့မျက်နှာ သူ့ကိုယ်သူ အာအေပီပီအီးအာရပ်စ်ပါ ကျွန်မသမီးလေးကလေ ဘယ်မှမသွားဘူး ကျွန်မသမီးလေးကအရမ်းတော်တာ အရမ်းကိုတော်တာ ဘာတဲ့တုန်း ပြဿနာရှာလည်း အမုန်းတွေလည်း မရှိပါ လာခဲ့ဦး သေချာကြည့် ငါ့စိတ်ထဲမှာဝေဓနာအသိနဲ့ ဒီလိုငါဟာရင်မခုန်တတ်ဘူး ယောက်ျားလေးတွေမြင်ရင်ပုံပျက်သူ ကျိန်တွယ်ပြောတတ်သူ ရည်းစားမရှိဘူး တကယ် ဘုရားစူးပါရှင့် ကြားဖူးလား မင်း ဒီလိုလူမျိုးတွေနားကိုသွားရင်အမှားတစ်ခုငါမြင်  ပေါ်ပြူလာဖြစ်ချင်နေတဲ့စိတ်နဲ့ နားကောလည်ရဲ့လား  ဟစ်ဟော့ရဲ့အဓိပ္ပာယ်တစ်ကြောင်း နှစ်ကြောင်း အဖွဲ့ခေါင်းဆောင်ဖြစ်ချင်လွန်းလို့ ခေါင်းချောင်သွားပြီ နောက်နောင် ဆက်ပြီး ကောင်းအောင်ကြိုးစားပါ သီချင်တွေဆိုနေရင်း ပန်းစည်းတွေတက်ပြီး ရည်းစားတွေပေးခိုင်း ဒါတွေကိုမင်းရပ် ဆက်ပြီးဆက် မင်းလုပ်ခိုင်းဦးမလား ရှက်သင့်ပြီ အဟက် အဟက် အဟက်


Friday, September 13, 2013

ကိုဘီအေ

ရေး - စိန်ဝေလျှံ ဆို - အောင်ကိုလတ်၊ စန္ဒီမြင့်လွင် (အေ ဘီစီဒီ မတတ်ဘဲ နဲ့ အရပ်ထဲကိုလည်... အေ ဘီစီဒီ မတတ်ဘဲ နဲ့ အရပ်ထဲကိုလည်... မောင်ရယ် ရှောင်ဖယ် သက်လှယ် ခက်တယ် ကိုလေးအိုး ဆရာရယ် သူ့ကြောင့်ကွယ် ပျို့ကြည်အောင်ကို လှောင်လည်းလှောင်ခဲ့တယ် ကိုလေးအိုး ဆရာရယ် သူ့ကြောင့်ကွယ် မကြည်အောင်ကို ပြောင်လည်းပြောင်ခဲ့တယ် သည်းလွန်းတယ် တစ်ပတ်လောက် လျော့လိုက်ကွယ် ကဲလွန်းပါတယ် အို တစ်ပတ်လောက် လျော့လိုက်ကွယ် ကိုဘီအေ အုပ်ပေါင်းပေါင်းလို့ တုတ်တစ်ချောင်းနဲ့ လမ်းကိုလျောက်တယ် (ခေါင်းပေါင်းစ ရှည်လွန်း ရဂှည်လွန်းတယ်) ဟိုက်စကူးကျောင်း ကျောင်းသားရယ် ကောလိပ်ကျောင်း ကျောင်းသားရယ် နေရှင်နယ် ကျောင်းသားရယ် လေးစားပါတယ် လေးစားပါတယ်ခင်မင်မှုကို တန်ဖိုးရှိအောင် အကြွေးမထားပါနဲ့ ကိုဘီအေ ကဗျာတေးသွားများရယ် ပညာတတ်နဲ့မှ သားသမီးကိုပေးစားမှာတဲ့ တစ်ကယ်ပါပဲ ပွဲနယ်တကာလှည့် ကိုဘီအေ တတ်ပြီးရွာတွေလည်နေတာ မနည်း ဘဝကိုတွယ်နေတာကျွဲ ဒီသတင်းများတဖျတ်ဖျတ် အမှန်ဆုံးပြောရရင် ထမင်းစားလတ်မှတ် ငါတို့ကိုနားနဲ့ကြားလည်း ဖြူဖြူကျော်သိန်း ဆိုသလိုမျိုး မှားတွေ မှားတွေ စကားတွေထစ် အားတွေများမေ ရက်ကွက်ထဲက ပွဲစာတွေလို အားနေယားနေ ကဲကြည့်လေ မနည်းပါဘူး လမ်းပျောက်နေပါသော ပညာတတ်ငတိ တွေ မထိတထိငြိနေ အေဘီစီက လွဲလို့ကျန်တာမသိပေ အင်း ဒါကိုပဲ ဖီးလ် တွေး သူ့နာမည်က ကိုဘီအေ (အေ ဘီစီဒီ မတတ်ဘဲ နဲ့ အရပ်ထဲကိုလည်... အေ ဘီစီဒီ မတတ်ဘဲ နဲ့ အရပ်ထဲကိုလည်... မောင်ရယ် ရှောင်ဖယ် သက်လှယ် ခက်တယ် ကိုလေးအိုး ဆရာရယ် သူ့ကြောင့်ကွယ် ပျို့ကြည်အောင်ကို လှောင်လည်းလှောင်ခဲ့တယ် ကိုလေးအိုး ဆရာရယ် သူ့ကြောင့်ကွယ် မကြည်အောင်ကို ပြောင်လည်းပြောင်ခဲ့တယ် သည်းလွန်းတယ် တစ်ပတ်လောက် လျော့လိုက်ကွယ် ကဲလွန်းပါတယ် အို တစ်ပတ်လောက် လျော့လိုက်ကွယ် ကိုဘီအေ အုပ်ပေါင်းပေါင်းလို့ တုတ်တစ်ချောင်းနဲ့ လမ်းကိုလျောက်တယ် (ခေါင်းပေါင်းစ ရှည်လွန်း ရဂှည်လွန်းတယ်) ဟိုက်စကူးကျောင်း ကျောင်းသားရယ် ကောလိပ်ကျောင်း ကျောင်းသားရယ် နေရှင်နယ် ကျောင်းသားရယ် အပိုစာတွေကြောင့် ဆိုလို့လဲထုတ်ချင် မပီကလာပီကလာနဲပ ဘိုလိုလဲမှုတ်ချင် မင်းသဘောအရ မင်းပြောပြ ပညာတတ်သဘောင်္သား လာမနောက်နဲ့ မရှက်သင့်သေးလား တဖြေးဖြေနဲ့ အသက်ကြီးလာ ဆင်မစီးချင်ဘူး လန်မိုကီနီ ရထားတဲ့ ဘွဲ့အမည်က အေဘီစီဒီ လမ်းမထက်ဝယ် လှမ်းကာမက်တယ့် အိပ်မက်တွေကို အကောင်အထည် ဖော်နိုငရင်တော့ ချမ်းသာတတ်တယ် လက်နှစ်ဖက်ဝယ် စွမ်းတာ အရှက်မဲ့ အေဘီစီဒီ ထက်ပိုတတ်လာရင်တော့ ငါဝမ်းသာလျှက်ပဲ

Monday, March 25, 2013

ချစ်နေတုန်းပဲ

ရေး - Bunny Phyo
ဆို - စန္ဒီမြင့်လွင်

ဘာကြောင့်မှန်းရယ် မသိ နင့်အကြောင်းပဲ တွေးမိလို့
ဘာကြောင့်မှန်းရယ်မသိ နင့်စကားများ ကြားယောင်လို့
နင်မချစ်တော့ဘူးဆိုမှ ငါပိုတိုးလို့ ချစ်နေလို့
အရာရာ ပြီးလို့သွားခါမှ ငါပြန်စခွင့်ရချင်သလို
ခွဲခွာခြင်းကို ငါလေ သတိမထားမိသေးခင်
နှုတ်ဆက်ခြင်းကို ခံနိုင်ရည်အား မရှိသေးရင်
နင်ထားသွားခဲ့ပေမယ့် ငါတစ်ခုတော့ ပြောချင်တယ်

ငါလေနင့်ကို ချစ်တုန်းပဲ ရင်မှာ ဟိုးအရင်ကအတိုင်းပဲ
နင်ယူသွားတဲ့ ငါ့ရဲ့နှလုံးသားနေရာ ကွက်လပ်ဖြစ်နေဆဲ
ဟိုအရင်က ငါချစ်ဖူးတဲ့ နင်သာ ပြောင်းလဲလို့သွားလဲ
ဟိုအရင်က နင်ချစ်ဖူးတဲ့ မိန်းကလေးငါ ဟိုးတုန်းကလိုပဲ
မပြောင်းလဲ ဟိုး… ဟိုး….ဟူး..

ငါ့အိမ်မက်တွေထဲ နင့်အကြောင်းတွေ ခဏခဏမက်နေလို့
နင်ဘာဖြစ်လို့များပါလဲ ငါအဝေးက စိတ်ပူလို့ မဆိုင်တော့မှန်း ငါသိနေလဲ
အို.. သူစိမ်းတော့ မဖြစ်ချင်လို့ တစ်ခါတစ်လေ လမ်းမှာတွေ့ရင်လည်း နင်အမုန်းနဲ့ ကြည့်မှာစိုး

ငါ့စိတ်ထဲမှာ ဘယ်လိုမှ မဖြစ်သေးဘဲ လူတွေပြောနေကြတယ်
ငါတကယ်အချစ်ရူးတဲ့ နင်သာနောက်တစ်ခေါက်
လှည့်လာခဲ့ရင် ငါလေ.. ခေါင်းငြိမ့်မိမှာပဲ..

(ငါလေနင့်ကို ချစ်တုန်းပဲ ရင်မှာ ဟိုးအရင်ကအတိုင်းပဲ
နင်ယူသွားတဲ့ ငါ့ရဲ့နှလုံးသားနေရာ ကွက်လပ်ဖြစ်နေဆဲ
ဟိုအရင်က ငါချစ်ဖူးတဲ့ နင်သာ ပြောင်းလဲလို့သွားလဲ
ဟိုအရင်က နင်ချစ်ဖူးတဲ့ မိန်းကလေးငါ ဟိုးတုန်းကလိုပဲ
မပြောင်းလဲ..ဟိုး… ဟိုး….ဟူး.. )၂

4:00 PM 3/20/2013