Showing posts with label ရေနံ့သာစိုးလှိုင်. Show all posts
Showing posts with label ရေနံ့သာစိုးလှိုင်. Show all posts

Monday, April 1, 2013

ကမ္ဘာကုန်ကျယ်သရွေ့ ဝယ်

ရေး - တက္ကသိုလ်ဘုန်းနိုင်
ဆို - ရေနံ့ သာစိုးလှိုင်

 နီလာ မိုး၊ မိုးတခွင်၊ ပျံ့ ဝန်းနှံ့ စင်၊ ငွေမင်ရည်မြ၊ ရွှေစင်သီတ၊ ဆန်းလပုဏ္ဏမီ၊ မှုန်းပြာရီလဲ့၊ သိုင်းဖွဲ့ ဖွဲ့ ဝေေ၀စီ၊ န၀င်းလ သင်္ခါညီ။ ပင်ထက်ဟိုဆီ၊ ဘယ်အရေးကိုဆိုသည်၊ နွေတေးရှင် ငှက်မောင်တကိုယ်ရည်၊ လွမ်းတေးကို သူပင်သီရော့မည်။ ရော်ရီမှန်းဆသည်၊ အိပ်မက်ဆန်တဲ့၊ နွေညပန်းချီ နွေညပန်းချီ၊ နှင်းမြူရိပ်ကို မြင်လျှင် အမှတ်မထင် ဝေေ၀၀ါး၊ ဘ၀ပမာလေလား၊ တင်စားမိသည်၊ ဆီးတားကာဝှက်၊ လရက်နာရီ၊ ချိန်မင်ရည်၊ အုံ့ ကာဆိုင်းလို့ မပီ၊ တပိုင်းပြယ်လွင့် နွေအဖွင့်သို့ လေသင့်ရာကြောမျော၊ ကြွေရင့်လွှာ သိင်္ဂီ။ လွမ်းမော သီကရီ မေ့မရလေပြီ၊ ဂိမာန်ခါတွင်းဆီ၊ ဆောင်းရွက်ကြွင်းသည့်နှယ် ရွယ်ဦးမွန်မို့ ချစ်ထွတ်တင်သည် ကမ္ဘာကုန် ကျယ်သရွေ့ ဝယ်၊ ကမ္ဘာကုန် ကျယ်သရွေ့ ဝယ်၊ လွမ်းရမည်၊ သံသာဝဲ ရစ်တွဲနှောင်ချည်၊ နွေဦး တခုမိန်ချီ၊ ညောင်းရွက်ဝါတို့ ၊ ဈာန်ယာဉ်ပြောင်း ပြယ်ကောင်းလေသော၊ စိတ်ဇော မနဿီမည်။ 

(facebook ကနေရတာဖြစ်ပါတယ်၊
တက္ကသိုလ်ဘုန်းနိုင်သီချင်း ဆိုလို့ပါ၊
သီချင်းကိုတော့ ကြားဖူးသလိုလိုရှိပါတယ်)