Showing posts with label စိုင်းအောင်ထီးခမ်း. Show all posts
Showing posts with label စိုင်းအောင်ထီးခမ်း. Show all posts

Monday, March 25, 2013

အဖေ့အဖော်

ရေး -
ဆို - စိုင်းအောင်ထီးခမ်း

အိုးပုတ်တမ်းကစားမယ် ဖေဖေရေ
သမီးလေးပျင်းတယ်တဲ့….
သမီးကဈေးရောင်းမယ် ဖေဖေ၀ယ်
သစ်ရွက်လေးတွေခူး…..

တကယ်ပါလေ ကိုယ့်အဖြစ် လူရယ်စရာကြီးပေါ့
ကြီးတောင့်ကြီးကောင်မှ
ပျော်ပါစေသမီးလေး ဘယ်သူမြင်တာမှတ်လို့
အိုးပုတ်တမ်းအတူကစား

စားလို့ကောင်းလိုက်တာ အလွန်ပါပဲ
တစ်ပွဲထပ်ပေးပါဦး
သမီးအမ်းဖို့ပိုက်ဆံ အကြွေမရှိလည်း
အနမ်းနဲ့အမ်းပါနော်

ဖေဖေနဲ့ကစားရ ပျော်စရာသိပ်ကောင်းသတဲ့
သမီးလေးဝမ်းသာစကား
ရင်မှာလေထိခိုက် ဂန္ဓ၀င်မြောက်သီချင်းတစ်ပုဒ်
ကြားလိုက်ရသလိုလား

သမီးလေးချစ် အမျိုးပေါင်းစုံ အိုးပုတ်
ညအိပ်လည်း ဖက်အိပ်တယ် ချိုးရုပ်
သမီးလေးရဲ့ အပြုံးမျက်နှာ ကြည့်လိုက်
တွေးတွေးပြီး လောကကိုနေထိုင်

တွတ်တွတ်တွတ်တွတ်နဲ့ တစ်နေကုန်အောင်
ဆည်းလည်းလေးအသံမြည်
မြောလွင့်လွင့်သွေ့ခြောက် ဒီဘ၀ထဲ
သမီးလေးရောက်လာမှ

တည်ငြိမ်လာခြင်းနဲ့ စိုပြေလာခြင်းမက
ဘ၀အတွက် အားမာန်ပေး
ဖအေတူတဲ့သမီးလို့ ယုံကြည်တယ်စိတ်ချ
ရှေ့ဆက်သီချင်းတွေရေး


ခိုရာမဲ့

ရေး -
ဆို - စိုင်းအောင်ထီးခမ်း

ငယ်တုန်းကတော့ အရာရာအေးချမ်း
မိဘအရိပ်အောက်မှာနေ
လိုချင်တာတွေ ပူဆာယုံနဲ့
လက်ဝါးဖြန့်လိုက်ယုံနဲ့ရ
ပျော်စရာဘ၀ပါ လိုတိုင်းရတာ
ဟိုးတုန်းတော့လူ့ဘ၀လေးကို လွယ်တယ်လို့မှတ်

ခုများကျတော့ ဒါတွေမရှိတော့
အရာအားလုံး တမျိုးဖြစ်လေပြီ
သူလိုငါလို အိမ်ထောင်ပြုပြီး
ကိုယ့်ဝမ်းရေးအတွက်နဲ့ ရုန်းကန်
တစ်နေကုန်မအားပါ ငွေနောက်လိုက်တာ
ရတလှည့် မရတလှည့်နဲ့ ကိုယ့်မှာခြေကုန်လက်ပန်းကျ

ပူပင်နေရ မိသားစုမှာ
လိုလေသမျှ တာဝန်ယူရ
ကြိုးစားကာ ဖြည့်ဆည်းပေမယ့်
ဘယ်အခါမှပြည့်စုံသည်မရှိ

လူနဲ့ဒုက္ခ မဆုံချင်လည်းပဲ
ကြုံတွေ့ရ မိတ်ဖွဲ့နေရ
မုန်တိုင်းကြားက ယိုင်နေတဲ့တဲ
အိမ်အမိုးလေး ပွင့်လန်ထွက်ပြီ
အချိန်အခါမရွေးပါ မထင်မှတ်ခဲ့ပါ
လူ့ဘ၀ရဲ့ ဒုက္ခကြားမှာ ခိုရာမဲ့ခဲ့ပြီ

5:40 PM 3/22/2013