Showing posts with label ဂျီတုန်း. Show all posts

Friday, December 2, 2016

၉-ရပ်ကွက်(ကိုယ့်ရပ်ကွက်)

ရေး - ဘစ်ဝိုင်
ဆို - ဘစ်ဝိုင်၊ ဂျီတုန်း

လှိုင်မြို့နယ်လမ်းမီးတွေအောက် လူတစ်စုထိုင်နေကြတာ အဝေးကလှမ်းကြည့်နေ လျှောက်ကာ အနားကိုတိုးလို့ ကြည့်လိုက်ရင် ရုတ်တရက်တော့ ထူးဆန်းလို့သွားမယ် လှိုင်မြို့နယ်က Rapper တွေမှန်း မင်းမသိလိုက်ခင် ရက်ကွက်ထဲမှာ ဒီလိုလူငယ်တွေလိုက်ပြ မလောက်ပါ သူတို့အချင်းချင်းလည်းကြိုက်ကြတယ် ရှေ့မှာမကြိုက်ကြ နောက်မှာ(၉)ရပ်ကွက် သုခမြိုင်အိမ်ရာ တိုက်က(၆)လွှာ ငါနေတဲ့ရပ်ကွက် လှိုင်မြို့နယ် စရိုက်ကညဘက်ဆို ရပ်ကွက်ထဲပတ် လူတွေနဲ့လုံးဝမသိသယောင် သတိတော့ထား သူတို့နဲ့မင်းအမုန်းအစမရှိအောင် အခန့်မသင့်လို့ လမ်းမှာကြွက်တွေနဲ့တိုးရင်တော့ မင်းအခု ပြုံးပြပြီးရှောင် ကောင်မလေးတိုက်ရှေ့မှာဂစ်တာတီးပြီးအမှတ်တွေပြိုင် ညဥ့်နက်လေ ပိုးထလေ မသွားရ တစ်ရက်မနေနိုင် အရင်နေရာကအကြွေးတွေ မဆပ်နိုင်လို့ ဆိုင်ရှင်က အကြပ်တွေကိုင် ဒါ ရပ်ကွက်ထဲက Rap တွေဖွင့်တဲ့ လက်ဖက်ရည်ဆိုင်

နောက်တစ်နေ့မနက်မှာနိုးနိုးချင်း မနက်စာစားပြီး Counter ဆိုင်သွား နေ့လည်ဆိုထောင့်မှာထိုင်မလား မိန်းကလေးတွေ ဝတ်တာစားတာ အရောင်တွေက အမိုက်စား သူတို့လေးတွေနဲ့ ပေါင်းဖက်ရဖို့ အချစ်နတ်တွေ စောင်မလိုက်ပါ ငါတို့ကအေးအေးဆေးဆေး ဘဝတွေ ကွိုင်မရှာခဲ့ ကိုယ့်ဘဝနဲ့တကယ်တမ်းမသက်ဆိုင်တာ မမက်ခဲ့ အကူအညီလိုရင်တော့ပေးမယ် တိုင်လာမပတ်နဲ့ လူငယ်ချင်းဖြစ်တဲ့ပြဿနာတွေက လှိုင်မှာအမှတ်တမဲ့ အခုဆိုကြည့် အိမ်နီးနားချင်းလူငယ်တွေနဲ့အဖော်ရနေလို့ လူငယ်တွေအတော်များနေလို့ ကြာလာတော့ အုပ်စုလေးတစ်ခုပေါ်လာရပြန် Rap တွေဆိုကြောင်းကျော်ကြားနေလို့ Family တွေဘာတွေဖြစ်ကုန်ကြပြီ သူငယ်ချင်းတွေများလေပျော်ရလေမို့ နောက်ပိုင်းမှာ သဘောထားတွေ ကွဲလွဲလာကာ အချင်းချင်းစော်ကားနေလို့ တဖြည်းဖြည်းနဲ့ စွန့်လွှတ်ရပြီ အပျော်ဘဝတွေကို တိုက်ပေါ်ကနေ ခေါင်းလောင်းကြိုးဆွဲလည်း မကြည့်နဲ့ အကျော်ဇယားတွေဆိုတော်သေးတယ်မတွေ့ပဲကျော်သွားပေလို့ ရောက်ရင်တစ်ခေါက်လောက်ဝင်ခဲ့လမ်းတစ်လျှောက် Rapper တွေကိုတောက်လျှောက်မြင်တယ် တစ်ယောက်နှစ်ယောက်မထင်နဲ့အုပ်လိုက် ရက်ကွက်ထဲမှာ နောက်ဆုံးပေါ်ချာတိတ်တွေလို့ တစ်ချို့တွေသတ်မှတ်ခဲ့တာ ဒါပေမယ့် မနာလိုသူတွေနဲ့မပတ်သက်ခဲ့ပါ သူတို့ရဲ့ခံယူမှုတွေအတိုင်း မကြိုက်မှန်းသိလျက်နဲ့ကို အဆက်စဖြတ်ခဲ့တာ Style နေထိုင်မှုရပ်ကွက်ထဲကအတိုင်း  Yo! ကျောင်းတွေ ပြန်ဖွင့်တော့ စာမေးပွဲဖြေနေတဲ့အခါ အများထင်သလို Rapper တွေဘဝအတွက် အခြေမမဲ့ပါ Hip Hop ကိုမုန်းတဲ့သူတွေကတော့ ဘယ်လိုနေနေမလဲ ထား ဦးထုပ်ဆောင်း ဘောင်းဘီပွတိုင်း အပေတေတဲ့လား ပြောချင်တာတွေကို ပြောကြပြီးတော့ မျက်နှာတွေကတဖြည်းဖြည်းနဲ့မယှဉ်နိုင်လို့ပဲ အထပ်ထပ်မဲ့လာကြ Rapper တွေကလည်း မဆိုင်သလိုပဲ သတ်မှတ်ခဲ့တာ ကျန်တာခေါက်ထား လှိုင်မြို့နယ်ရပ်ကွက်ထဲကဘဝ

Sunday, December 15, 2013