Showing posts with label စောဘွဲ့မှူးနှင့်အဖွဲ့. Show all posts
Showing posts with label စောဘွဲ့မှူးနှင့်အဖွဲ့. Show all posts
Saturday, April 6, 2013
ရောဂါ
ရေး - စောဘွဲ့မှူး
ဆို - စောဘွဲ့မှူးနှင့်အဖွဲ့
ကျတတ်လွန်းသည့်..စိတ်ဓာတ်...မြေလွှာကို ဖောက်ထွင်းပြီး.....
အဝီစိထိ...ဆင်းဖို့...ကျင့်ကြံနေ
သောအခါ...ရောဂါ
အနပ်ရေးပျက်ပေါင်း .... သိပ်များလို့ ချောင်နေသည် ... မျက်ကွင်းများ
မင်းရဲ့သတင်းတွေ ကြားကြားခြင်း ကတည်းက ... ရောဂါ
ကားဟွန်းတီးသံမကြားဘဲ ... လူလယ်ခေါင် .. နင့်အကြောင်းတွေး
ကားသမားဆဲမှ .. လန့်အော်မိသောအခါ .. ရောဂါ
(မိန်းမ)၂တဖွဖွဂါထာတွေ.....ရွတ်ရင်းက ...ရူးသွပ်ခြင်းဟာကားလမ်းမထက်မှာ ...(ရောဂါ)၂
ကြင်နာတာတွေဟာ .. နာကျင်ခဲ့နေရာတကာ ... အသာကြိတ်မှိတ်စိတ်ဝေဒနာ ... (ရောဂါ)၂
ဤဇမ္မူမြေတစ်ခွင်မှာ .. လူရာဝင်မယ့်ဓလေ့များ ..... အကြိမ်ကြိမ် .... မေ့ပျောက်သွား ... ရောဂါ)
ဆူးလေလမ်းမကြီးက ... ခိုတွေကို ... အစာကြွေးရင်း
အတူစားခဲ့ဖူးသည့် .. ထမင်းဆိုင်ကို .. သတိရ ... ရောဂါ
မီးပွိုင့်နားက ကလေးမ ... ငိုနေတာကိုကြည့်ရင်းက ... ဝမ်းနည်းတတ်သည် .. မင်းအကြောင်း ... အောက်မေ့လာ .. ရောဂါ
မိန်းမလှလေးတွေတောကီ ဝင်ထိုင်ကာ ငိုချင်းချ
စုတ်ပြတ်သွားသည့် ...မေတ္တာကလေးများ .. ရောဂါ
ရထားဆိပ် ကားဂိတ်နားက .. နာရီစင်ကို ကြည့်ရင်း .... မင်းပစ်သွားတာ .. လေး ...ငါး .. ခြောက်နှစ်ကြာ ... (ရောဂါ)
8:16 PM 4/28/2013
Subscribe to:
Posts (Atom)