Showing posts with label စိုးစန္ဒာထွန်း. Show all posts
Showing posts with label စိုးစန္ဒာထွန်း. Show all posts

Monday, March 25, 2013

နောင်အင်းလေး


ရေး -
ဆို - စိုးစန္ဒာထွန်း

နောင်အင်းလေး နောင်အင်းလေး
ကြည်နူးဖွယ့်အစဉ်
တောင်သေလာ ၀န်းဝိုင်းရစ်ဆင်

ဟိုးဝေးဝေးမှုန်ရေးရေး မြင်သေးတော့ရှင်
လှေငယ်တံငါယာဉ် ဟိုအဝေးတွင်

ထင်တရေးရေး
မျှော်တွေးတွေး ကြိုထောက်လျက်ပင်
လာချင်ရင် အနီးကလေးပေါ့ရှင်
မို့မှိုင်းမှိုင်း ညိုဆိုင်းဆိုင်း ခြုံသိုင်းဖွဲ့စင်
ရေယာဉ်လွှာ ငွေရည်မှုန်လွင်

ပန်းရွှေကြာ ကမ်းနဘေးတွင် ပွင့်ဖူးလျက်အစဉ်
တွေ့ပါလျှင် ခူးဆွတ်လို့ပင်
မြတ်ဖောင်တော် ဘုရားရှေ့တွင် ရည်စူးလို့ပင်
ဦးခိုက်ကာပင် အစဉ်ဖူးမျှော်စေချင်

နောင်အင်းလေး နောင်အင်းလေး
ကြည်နူးဖွယ့်အစဉ်
လာပါလျှင် ခရီးမဝေးဘူးရှင်
မို့မှိုင်းမှိုင်း ညိုဆိုင်းဆိုင်း ခြုံသိုင်းဖွဲ့စင်
ရေယာဉ်လွှာ ငွေရည်မှုန်လွင်

နောင်အင်းလေး နောင်အင်းလေး
ကြည်နူးဖွယ့်အစဉ်
တောင်သေလာ ၀န်းဝိုင်းရစ်ဆင်
ဟိုးဝေးဝေးမှုန်ရေးရေး မြင်သေးတော့ရှင်
လှေငယ်တံငါယာဉ် ဟိုအဝေးတွင်

ထင်တရေးရေး
မျှော်တွေးတွေး ကြိုထောက်လျက်ပင်
လာချင်ရင် အနီးကလေးပေါ့ရှင်
မို့မှိုင်းမှိုင်း ညိုဆိုင်းဆိုင်း ခြုံသိုင်းဖွဲ့စင်
ရေယာဉ်လွှာ ငွေရည်မှုန်လွင်

ပန်းရွှေကြာ ကမ်းနဘေးတွင် ပွင့်ဖူးလျက်အစဉ်
တွေ့ပါလျှင် ခူးဆွတ်လို့ပင်
မြတ်ဖောင်တော် ဘုရားရှေ့တွင် ရည်စူးလို့ပင်
ဦးခိုက်ကာပင် အစဉ်ဖူးမျှော်စေချင်

နောင်အင်းလေး နောင်အင်းလေး
ကြည်နူးဖွယ့်အစဉ်
လာပါလျှင် ခရီးမဝေးဘူးရှင်
မို့မှိုင်းမှိုင်း ညိုဆိုင်းဆိုင်း ခြုံသိုင်းဖွဲ့စင်
ရေယာဉ်လွှာ ငွေရည်မှုန်လွင်

4:18 PM 3/20/2013

Saturday, March 23, 2013

မြင့်မိုရ်ထက်မြင့်သောနေရာ

ရေး -
ဆို - စိုးစန္ဒာထွန်း

မြင့်မိုရ်ထက်မြင့်သော နေရာ မိုးတိမ်သားတွေရဲ့အပေါ်မှာ
ဝတိံဘုံဖျားထက်မှာ ငွေလ၀န်းကြီးပမာ ရှိနေတာ

နှိုင်းယှဉ်မရပါသော မာတာမြင့်မြတ်သော လူသား မိခင်ပါ
ဒီကမ္ဘာတစ်လွှားမှာ အညီအမျှထားစရာ အနန္တငါးဖြာ
သန္ဓေအသွေးအသားနှင့် ၀မ်းထဲမှာ
အမေမွေးဖွား ကြမ်းတမ်းတဲ့ ကန္တာ
ရေကလေးတစ်ပေါက်ကျသည့် ပုံပမာ
ရင်မှာ ချမ်းမြေ့ကြရတာ

အငယ်အထွေး ကလေးဘ၀မှစကာ
တကယ်ထွေးပွေ့ ယုယချစ်ကြင်နာ
အရွယ်ကလေးရသည့်တိုင်သာ
လိမ္မာရေးခြားအတွေးများ လမ်းခင်းပေးခဲ့ရ

မြင့်မိုရ်ထက်မြင့်သော နေရာ
မိုးတိမ်သားတွေရဲ့အပေါ်မှာ
ဝတိံဘုံဖျားထက်မှာ ထာဝစဉ်ရှိနေတာ
မာတာအမိပါ.
နှိုင်းယှဉ်မရပါသော မာတာ
မြင့်မြတ်သော လူသား မိခင်ပါ ဒီကမ္ဘာတစ်လွှားမှာ အညီအမျှထားစရာ
အနန္တငါးဖြာ…

သန္ဓေအသွေးအသားနှင့် ၀မ်းထဲမှာ အမေမွေးဖွား ကြမ်းတမ်းတဲ့ ကန္တာ
ရေကလေးတစ်ပေါက်ကျသည့် ပုံပမာ ရင်မှာ ချမ်းမြေ့ကြရတာ
အငယ်အထွေး ကလေးဘ၀မှစကာ တကယ်ထွေးပွေ့ ယုယချစ်ကြင်နာ
အရွယ်ကလေးရသည့်တိုင်သာ လိမ္မာရေးခြားအတွေးများ လမ်းခင်းပေးခဲ့ရ

(မြင့်မိုရ်ထက်မြင့်သော နေရာ မိုးတိမ်သားတွေရဲ့အပေါ်မှာ
ဝတိံဘုံဖျားထက်မှာ ထာဝစဉ်ရှိနေတာ မာတာအမိပါ)၂

4:19 PM 3/20/2013