ရေး -
ဆို - စိုးစန္ဒာထွန်း
မြင့်မိုရ်ထက်မြင့်သော နေရာ မိုးတိမ်သားတွေရဲ့အပေါ်မှာ
ဝတိံဘုံဖျားထက်မှာ ငွေလ၀န်းကြီးပမာ ရှိနေတာ
နှိုင်းယှဉ်မရပါသော မာတာမြင့်မြတ်သော လူသား မိခင်ပါ
ဒီကမ္ဘာတစ်လွှားမှာ အညီအမျှထားစရာ အနန္တငါးဖြာ
သန္ဓေအသွေးအသားနှင့် ၀မ်းထဲမှာ
အမေမွေးဖွား ကြမ်းတမ်းတဲ့ ကန္တာ
ရေကလေးတစ်ပေါက်ကျသည့် ပုံပမာ
ရင်မှာ ချမ်းမြေ့ကြရတာ
အငယ်အထွေး ကလေးဘ၀မှစကာ
တကယ်ထွေးပွေ့ ယုယချစ်ကြင်နာ
အရွယ်ကလေးရသည့်တိုင်သာ
လိမ္မာရေးခြားအတွေးများ လမ်းခင်းပေးခဲ့ရ
မြင့်မိုရ်ထက်မြင့်သော နေရာ
မိုးတိမ်သားတွေရဲ့အပေါ်မှာ
ဝတိံဘုံဖျားထက်မှာ ထာဝစဉ်ရှိနေတာ
မာတာအမိပါ.
နှိုင်းယှဉ်မရပါသော မာတာ
မြင့်မြတ်သော လူသား မိခင်ပါ ဒီကမ္ဘာတစ်လွှားမှာ အညီအမျှထားစရာ
အနန္တငါးဖြာ…
သန္ဓေအသွေးအသားနှင့် ၀မ်းထဲမှာ အမေမွေးဖွား ကြမ်းတမ်းတဲ့ ကန္တာ
ရေကလေးတစ်ပေါက်ကျသည့် ပုံပမာ ရင်မှာ ချမ်းမြေ့ကြရတာ
အငယ်အထွေး ကလေးဘ၀မှစကာ တကယ်ထွေးပွေ့ ယုယချစ်ကြင်နာ
အရွယ်ကလေးရသည့်တိုင်သာ လိမ္မာရေးခြားအတွေးများ လမ်းခင်းပေးခဲ့ရ
(မြင့်မိုရ်ထက်မြင့်သော နေရာ မိုးတိမ်သားတွေရဲ့အပေါ်မှာ
ဝတိံဘုံဖျားထက်မှာ ထာဝစဉ်ရှိနေတာ မာတာအမိပါ)၂
4:19 PM 3/20/2013

No comments:
Post a Comment