Showing posts with label အေးချမ်းမေ. Show all posts
Showing posts with label အေးချမ်းမေ. Show all posts

Wednesday, April 3, 2013

ရင်ခုန်ခြင်းက မင်းဆီမှာ

ရေး - စည်သူလွင်
ဆို  - အေးချမ်းမေ

(အို) ကိုယ့်အသည်းလေးကို ဖောက်ထွင်းသွား
မင်းပစ်လွတ်လိုက်တဲ့ အကြည့်လေးများ
ကိုယ့်နှလုံးသားကို အပိုင်သိမ်းသွား
အပြုံးလေးတစ်ခုနဲ့ သူဖမ်းစား

ရင်ခုန်သွား   (အိုး…) အချစ်တဲ့လား
နှလုံးသားလေး ကိုယ့်ရင်ထဲက ခွဲထုတ်ပြီးတော့ မင်းယူသွား
အနာဂတ်များ တို့ ရဲ့ ကိုယ်စား မင်းပိုင်ထား
ရင်ခုန်သွား ဒါ အချစ်တဲ့လား

ကိုယ်ချုပ်ထိန်းခဲ့တဲ့ အသိတရားများ
မင်းရဲ့ အချစ်မှာ နစ်မျောသွား
မျှော်လင့်ချက်နဲ့ စိတ်ကူးထား
တောက်ပခဲ့ပြီ နေ့ လေးများ

ရင်ခုန်သွား ဒါအချစ်တဲ့လား

ကံကိုပုံမှာစိုးရိမ်လို့ 

ရေး - သောမတ်စ် ဆို - အေးချမ်းမေ အလိုလိုက်ခဲ့မိ အကြိုက်တို့ သိ အချစ်အတွက်ပေါ့ မုသားမဲ့ သူ့ ချစ်ခြင်း ရထားခဲ့လေတော့ ကြေကွဲတာတွေ ထာဝရအဝေး ချစ်ပြီးမှတော့ ယုံကြည်စွာနဲ့ သွားကြစို့ ရည်ရွယ်တို့ … လမ်းလေး Tempo ကံကိုပုံမှာ စိုးရိမ်လို့  ကံကိုပုံမှာ စဉ်းစားတိုင်းပဲ စိုးရိမ်စွာနဲ့  စိတ်ညစ်ရတဲ့ တို့ … သေနိုင်တယ် အိုး… ကံကိုပုံမှာ ကြောက်လွန်းလို့  ယုံကြည်တယ် တို့ အတွက် မင်းအချစ်ဝိဥာဉ် အသက်လေး ဝေးပြီး ကျောခိုင်းသွားမှာကို စိုးလို့  ကံတရားအတိုင်း You ရေ မေ့လိုက် သူပြောလာရင် အသည်းလေးနုနုကွဲအက် တို့ ရူးသွားနိုင်တယ် ဆုတောင်းတယ်လေ အချစ်ဆုံးလေး သက်ဆုံးတိုင်စေ တည်ကြည်စွာနဲ့ ရှေ့ ဆက်လိုက် ရည်ရွယ်ရာ လမ်းကလေး

Monday, March 25, 2013

သူရဲကောင်း


ရေး -
ဆို - အေးချမ်းမေ

ငယ်စဉ်တုန်းမှာ ဒဏ်ရာဆိုတာမရှိခဲ့
လိုချင်တက်မက်မှုတွေရယ် ငါမသိခဲ့
ပျော်စရာအချိန်လေးများ ပြန်ဝယ်ချင်တယ်ပြန်မရဘူးလို့
ရင်မှာဒုက္ခရထားလေးတစ်စီး သူခုတ်မောင်းဆဲ…

ချစ်သောသူများလည်းစွန့်ခွါခဲ့ ရင်မှာခွင့်လွတ်စာနာလည်း
အချစ်တွေငါ့အတွက် အမုန်းဖြစ်ခဲ့ ငါ့ဘ၀အမှန်ဟာသုညပဲ
အနာဂတ်မှာသီချင်းနဲ့မွေ့ပျော်ရင်း ငါ့နေရာလေးတစ်ခုပြန်ရဖို့
အနှိမ်ခံဖြစ်ကာနေရတော့ ယုံပါ အားတော့မငယ်ချင်ဘူး

ခရီးအဝေးကို ရင်ဆိုင်ကျော်လွန်ဖြတ်သန်းဖို့
အဖော်မွန်တစ်ယောက်တော့ရှိချင်တယ် ငါမျှော်လင့်တုန်း
နင်တစ်ယောက်ထဲပါ စာနာနိုင်တာနင်တစ်ယောက်ထဲ
ကမ္ဘာမှာရှားမှရှားပါးပဲ နင်တစ်ယောက်ထဲ

ဒီအနင်းခံမြက်အတွက်မိုးရေစက် နင်ကိုယ်ကြိုးစွန့်ကြည်ဖြူခဲ့
ဘ၀ဟာအခုဆို အရောင်ပြောင်းလဲမယ့် သူရဲကောင်းဆိုတာ နင်တစ်ယောက်တည်း
အနာဂတ်ကိုအပြုံးနဲ့စောင့်ကြိုဖို့ အားအင်များလည်းနင်ပေးလို့
အနှိမ်ခံဖြစ်ကာနေရတော့ ယုံပါ အားတော့မငယ်တော့ဘူး

အိုး.. ဟိုး… နင့်ကိုပဲ ရင်မှာအသိအမှတ်ပြုတယ်
သူရဲကောင်းကိုယ့်ချစ်သူရယ် ကျေးဇူးပါပဲ
တစ်သက်တာလုံး ထာဝစဉ်ချစ်လို့သွားမယ်
နင့်တစ်ယောက်တည်း အတွယ်အတာဆုံးလေး
လိုတာလေးတွေဖြည့်ဆည်းပေး ဒီလိုအလိုက်သိတာတွေနဲ့
နင်ဟာငါ့ကိုတကယ်ချစ်ခဲ့ ငါ့အတွက်ကမ္ဘာဆိုရင် ယုံစမ်း
အနင်းခံမြက်ရဲ့သူရဲကောင်းလေးရေ ငါ့နေရာလေးတစ်ခုပြန်ရဖို့
အနှိမ်ခံဖြစ်ကာနေရတော့ ယုံပါ အားတော့မငယ်ပါဘူး
ယုံပါ အရှုံးလဲမပေးတော့ဘူး
4:27 PM 3/20/2013

Saturday, March 23, 2013

သူသိသွားပြီ

ရေး -
ဆို - အေးချမ်းမေ

အမှတ်တမဲ့ကြည့်လိုက်ရုံနဲ့ပဲ ဒီရင်မှာစွဲသွားပြီ
ရင်ခုန်မိတာ ကိုယ့်အကြောင်းကိုယ်သာသိ
နှလုံးသားစိတ်ရဲ့အလိုဆန္ဒ သူမမြင်အောင်ထိန်းထားလဲ
သူသိသွားပြီ ဘယ်လိုများသူလေသိ

ကိုယ်အနေထိုင်တွေပဲမတတ်လို့လား
ကိုယ်ခိုးခိုးပြီးတော့ကြည့်တာပါ
ဒါသူမြင်တယ်ဆိုရင်မှာ ပုဏ္ဏားတွေရှိလား
ကိုယ်လွန်ဆန်ချင်လဲမရတော့ဘူး
အရှုံးပေးရလို့ရှက်နေလည်း
ကိုယ်ဝန်ခံပါမယ်ကွယ် တကယ်ပဲကိုယ်ချစ်သွားတယ်

မင်းကလေးစိုးမိုးနေပါပြီ ခိုင်မာတဲ့ကြိုးများနဲ့
ချည်နှောင်ခဲ့ပြီ ကိုယ့်အကြောင်းကိုယ်သာသိ
ရုန်းထွက်ပြေးဖို့မြေရယ်မရှိ အရာရာမှာရှုံးခဲ့ပြီ
သူသိသွားပြီ ဘယ်လိုများသူလေသိ

မင်းကလေးစိုးမိုးနေပါပြီ ခိုင်မာတဲ့ကြိုးများနဲ့
ချည်နှောင်ခဲ့ပြီ ကိုယ့်တော့အရှုံးပေးရပြီ

မင်းကလေးစိုးမိုးနေပါပြီ ခိုင်မာတဲ့ကြိုးများနဲ့
ချည်နှောင်ခဲ့ပြီ ကိုယ့်တော့အရှုံးပေးလိုက်ပြီ

4:28 PM 3/20/2013