ရေး - ညီညီသွင်
ဆို - ဘိုဘို၊ ကော်နီ
ယုံကြည်မှုတွေနဲ့  ခိုင်မာတဲ့အချစ်နဲ့ တို့ နှစ်ဦးရဲ့နေ့ တွေလှပခဲ့
တွယ်တာမှုတွေနဲ့  သာယာမယ့်နေ့ တွေအတွက် စိုသောလက်မခြောက်စေနဲ့ 
ရင်ခွင်ထဲ ကြိတ်မှိတ်ကာ သံသယလေးများ မထားပါနဲ့ 
ဒါ အမုန်းဆိုတဲ့ မီးတောက်အတွက် အမှိုက်တွေပဲ
မချင့်မရဲ တိတ်ဆိတ်စွာ နေထိုင်ဖို့ မကြိုးစားပါနဲ့ 
မလွန်ခင်မှာဖြေရှင်းမယ် အချစ်ကလေးရယ်
စာနာမှုတွေနဲ့ ရင်ခွင်ထဲနားလည် အသက်ဆုံးထိတို့ ချစ်သွားမယ်
ကြင်နာမှုတွေနဲ့ အဖြူစင်ဆုံးငြိတွယ်...
ခိုင်မြဲသောသစ္စာနဲ့
Showing posts with label ကော်နီ. Show all posts

Sunday, May 26, 2013
Tuesday, April 9, 2013
စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ်
ရေး - စောခူးဆဲ
ဆို - ဇော်ဝင်းထွဋ်
မေခနဲ့မလိခဆုံစည်းဆင်းရာ ဂျိန်းဖော်တို့ရှိတဲ့ ဌာနေ
တနယ်စီခြားနေလည်း ရင်မှာ အမြဲတည်ဆဲ
စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ်ရှိနေမယ်
ဖားစည်သံနားထဲ ချိုပျံ့လွင့်လာ ချစ်ညီအစ်ကို တို့ဇွဲကပင်မြေ ဘယ်သူခွဲမှာလဲ ခိုင်မာလက်တွေနဲ့
ငြိမ်းချမ်းခြင်းအတွက် သီချင်းတစ်ပုဒ်ရှိနေမယ် တို့ ငြိမ်းချမ်းခြင်းတွက် သီချင်းတစ်ပုဒ်ရှိနေမယ်
သွေးချင်းညီအစ်ကိုများ စည်းလုံးခြင်းရဲ့အင်အား သီချင်းလေးထဲစီးဆင်းသွားမယ်
ညီညွတ်ခြင်းအတွက် ညီနောင်ဘွားသီချင်းတစ်ပုဒ် အတူဆိုလိုက်စမ်း သီချင်းလေးအတိုင်း စီးဆင်းကြမယ်
အို သီချင်းလေးအတိုင်း စီးဆင်းကြမယ် ဟေ့
မိုးပြာတောင်တန်းကြီးရဲ့ အိုးစည်သံမိုးထက်ညံနေ
တောင်ပေါ်သားတွေနဲ့ မြေပြန့်သားတွေမခွဲ

ရာမည လို့တွင်ခဲ့တဲ့ မွန်တို့ရဲ့မြေ ယဉ်ကျေးမှုအစ ဖြစ်တည်တယ်လေ
ညီညွတ်ခြင်းတွေနဲ့ ခိုင်ခိုင်မြဲစေမယ့်
စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ်ရှိနေမယ် တို့

လှမ်းကြည့်ရင် မဆုံးတဲ့ တောင်ဇလပ်ပွင့်ကသက်သေလေ
အောက်ချင်းမောင်နှံငှက် ဆိုထားသစ္စာကြောင့်

ရှုဆုံးမဝနိုင်တဲ့သောင်ကမ်းအလှပေါ်
ရခိုင်သားတို့က မွေ့ပျော်တယ်လေ
အမောအပန်းဖြေခွင့်အတွက်ကွယ် အေးချမ်းစွာရှိဖို့

ငြိမ်းချမ်းခြင်းအတွက် သီချင်းတစ်ပုဒ်ရှိနေမယ်

ညီညွတ်ခြင်းအတွက် ပြည်ထောင်ဘွားသီချင်းတစ်ပုဒ် အတူဆိုလိုက်စမ်း သီချင်းလေးထဲ စီးဆင်းကြမယ်
အို သီချင်းလေးအတိုင်း စီးဆင်းကြမယ် ဟေ့
(သွေးချင်းညီအစ်ကိုများ စည်းလုံးခြင်းရဲ့အင်အား သီချင်းလေးထဲစီးဆင်းသွားမယ်
ညီညွတ်ခြင်းအတွက် ပြည်ထောင်ဘွားသီချင်းတစ်ပုဒ် အတူဆိုလိုက်စမ်း သီချင်းလေးထဲ စီးဆင်းကြမယ်)၎

ဘီလူးချောင်းကပေးတဲ့ အင်အားကြောင့်လေ
စည်းလုံးခြင်းအတွက် အင်အားများဖြစ်ပေါ်နေ
တန်ဖိုးဖြတ်ရင် မရတော့တဲ့ ကယားတို့မြေဖြစ်ဖို့
စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ်ရှိနေမယ်
ကချင် ကယား ကရင် ချင်း မွန် ဗမာ ရခိုင် ရှမ်း ညီညွတ်နေတဲ့ ခိုင်မြဲလက်များ ပြည်ထောင်စုကြီး အမြဲတမ်းရှိနေမယ်
(သွေးချင်းညီအစ်ကိုများ စည်းလုံးခြင်းရဲ့အင်အား သီချင်းလေးထဲစီးဆင်းသွားမယ်
ညီညွတ်ခြင်းအတွက် ပြည်ထောင်ဘွားသီချင်းတစ်ပုဒ် အတူဆိုလိုက်စမ်း သီချင်းလေးထဲ စီးဆင်းကြမယ်)၎
Subscribe to:
Posts (Atom)