Showing posts with label မျိုးကြီး. Show all posts
Showing posts with label မျိုးကြီး. Show all posts

Tuesday, December 31, 2013

အိပ်ဖန်စောင့်

ရေး -
ဆို - မျိုးကြီး

အိပ်မက်မက်တိုင်းမှာ ခမ်းနားတဲ့နန်းတော်ကြီးဆီရောက်လို့သွား
ဆန်းပြားတဲ့တေးသံများရဲ့ကြား မင်းသမီးလေးအားဖူးမျှော်ခွင့်ရ

ပြောပေးပါဂစ်တာ မင်းလေးဟာငါ့ရဲ့မိုနာလီဇာ
 
တော်ဝင်သီချင်းထဲငါရောက်လာ ကောင်မလေးတွေဆက်သ
ဒဏ္ဏာရီများမင်းအမိန့်နဲ့ အပါးတော်ကခစား ငါ့ရဲ့သီချင်းထဲမင်းစိတ်ကထား ငါ့ရဲ့ရင်မှာချွေးသိပ်အိပ်တော့မှာလား ချစ်သူစောင့်စား
အာရုံမိုးသောက်ယံထိအောင်မင်းရဲ့ခြေရင်း
ငါလေအိပ်စက်ခြင်းနဲ့စောင့်ရှောက်ပေးမယ်တေးဖွဲ့ရင်း
ယူဆောင်ပြီးအမ်းမယ်ငါ့ချစ်ခြင်းတွေမပြီးဆုံးဘူးဟေ့

နတ်မိမယ်လေးနားဆင်ရင်းသာယာပျော်ရွှင်နိုင်ပါစေ



လေပြည်

ရေး - ကေအေတီ
ဆို - မျိုးကြီး

ကြယ်စင်များ ဒီမိုးသားအောက်သို့ကြွေသွား
အချိန်မှန်ဖြတ်ကျော် နေတဲ့ ငါ့ဘဝနေ့ရက်များ
ပင်လယ်နက်ဆီကို ရောက်ရှိဖို့ ငါပြေးထွက်ခဲ့မယ်
ဒဏ်ရာမိုးရေတွေ ရွှဲနစ်လို့
အဝေးကြီးဝေးလည်းပြေးလာမယ်
မငိုပါနဲ့ တောင်တန်းတို့ နှောင့်ယှက်နေကြ
သေချာပြည့်စုံတဲ့လမ်းရှိရဲ့လား
ငါဟာ မင်းဆီကိုရောက်ဖို့ဆုတောင်းလိုက်ပါဟေ့
အကြင်နာမီးအိမ်ငယ် လမ်းပြပေါ့
ငါ အဝေးဆုံးအရပ်က ပြေးလာမယ် ငါပြေးမယ်
လေနီရဲ့ ခြေသံတွေ ငါ့စိတ်ရဲ့အတိုင်း
သီချင်းတစ်ပုဒ်ညည်းရင်းနဲ့ ရှေ့ဆက်တွဲလို့ခေါ်သွား
ငါဟာမင်းဆီကိုရောက်ရှိဖို့ လမ်းရှိနေဆဲ
နောက်တစ်ခါ နှင်းမိုးတွေ ရွာလို့ကောင်းနေတယ်

ငါဟာပြေးလာမယ် အိုးအိုး ပြေးလာမယ်

ဓာတ်ပြားဟောင်းကြီး

ရေး - ရယ်ဂျီ
ဆို - မျိုးကြီး

စကားတစ်ခွန်းကိုအခါခါမပြောချင်စမ်းနဲ့ နားကွဲမယ်တော်ပါတော့ နင်ရှေ့ဆက်ပြီးမပြောနဲ့
မင်းရှေ့မှာ ထားဖူးသမျှ ရည်းစားတွေအကုန်ဖြတ်ပြီးပြီ မင်းသိအောင် အကြိမ်တစ်ရာမက ငါပြောခဲ့ပြီးပြီ
(မင်းရဲ့ဓါတ်ပြားဟောင်းကြီး ငါရိုက်ခွဲပစ်မိတော့မယ်)၃
ဇာတ်လမ်းဟောင်းကို အခါခါအသက်ပြန်မသွင်းနဲ့
နောက်ထပ်တစ်ခါ အနိုင်မယူနဲ့ ဒီရက်လွန်နေတဲ့အကြောင်းနဲ့
အလုပ်ပျက်ရှုပ်ယှက်နားငြီးတယ် ဒီဇာတ်လမ်းတွေ ခလုတ်ပိတ်ထားလိုက် မင်းရဲ့ဓါတ်ပြားဟောင်းကြီး
မင်းရဲ့ဓါတ်ပြားဟောင်းကြီး ငါရိုက်ခွဲပစ်မိတော့မယ်

မင်းရဲ့ဓါတ်ပြားဟောင်းကြီး တော်ပါပြီ နားငြီးသွားပြီ

ဝေး

ရေး - လင်းလင်း
ဆို - မျိုးကြီး

မင်း မျက်နှာလေး မျှော်လင့်တုန်း
မင်းရဲ့ ပုံရိပ်တွေ ခမ်းနားနေတုန်း
ပြန်မဆုံနိုင်အောင် တို့တွေ အဝေးဆုံး ဝေး
ပင်လယ်ပြင်ကျယ်တွေ တံတိုင်းများခြား ဝေး

ဖြစ်ပျက်ပုံလေးတွေ ရင်ထဲ နိုးကြားခဲ့
နေ့ရက်ရှည်အနမ်းတွေ လန်းဆန်းနေဆဲ
ပြန်မမြင်နိုင်အောင် တို့တွေ အဝေးဆုံး ဝေး
လွင်ပြင်ကျယ်ကျယ်တွေ စည်းများခြား ဝေး

ပင်လယ်ပြင်ကျယ်ကြီး တစ်ဖက်စီ
လွင်ပြင်ကြီး တစ်ဖက်စီ နံရံကြီး တစ်ဖက်စီ ဝေး
မိုးသားများရဲ့ ဝေး / အလင်းတန်းများရဲ့ ဝေး

မင်း မျက်နှာလေး မျှော်လင့်တုန်း
မင်းရဲ့ ပုံရိပ်တွေ ခမ်းနားနေတုန်း
မိုးသားများထဲ မင်းရဲ့လက်တွေ ဖြန့်ကျက်ထား
အချစ်ရဲ့ သဘောများ အဆုံးထိ မင်းရှာလိုက်


ကြည့်လို့မကောင်းတဲ့ပွဲ

ရေး - မောင်မောင်ဇော်လတ်
ဆို - မျိုးကြီး

လာကြည့်ဦးကွယ် မင်းနာမည် နံရံအပြည့်နဲ့ ကြမ်းပြင်ထက်မှာ ရေးမယ်
(၇) နှစ် (၃)လနဲ့ (၈)ရက်(၁)နာရီ စက္ကန့်(၄၀) အပြီးမှ ငါ့အသည်းခွဲ
စိတ်ရှိတိုင်း အနိုင်ပိုင်းလိုက် အရှုံးတွေကို ငါရပ်ကြည့်
မဖမ်းတော့ဘူး မတား(နိုင်) တော့ဘူး မင်း ကန်သွင်းလိုက်
မလိုက်တော့ဘူး မထူးပါဘူး ငါ့ရင်ခွင်ကို စိတ်ကြိုက်ဝင်ကန်လိုက်
လာကြည့်ဦးကွယ့် မင်းနာမည်
ရင်ဘတ်ထဲက ဆွဲပြန်ထုတ်ဖို့ခက်တယ်
အနီရောင်ကတ်က ငါ့ဘဝအတွက် ကြေညာပြီးမှ ကစားတဲ့ပွဲလား
သေလောက်တယ် ဟေ့ ငါ့ကို လူတွေဆွဲ နာကျင်အောင် လုပ်လိုက်
အရှုံးတွေကို ငါရပ်ကြည့်
အို ကြေကွဲည ငါဒဏ်ရာတွေမှာ အထပ်ထပ်ကျရှုံးရင်း
လေနေတဲ့စိတ် လူပုံအလယ် အခေါက်ခေါက် ငါဒူးထောက်
မဖမ်းတော့ဘူး မတားတော့ဘူး မင်းကန်သွင်းလိုက်
မလိုက်ချင်တော့ဘူး မထူးပါဘူး မင်းကန်သွင်းလိုက်
မဖမ်းချင်ဘူး မတားချင်ဘူး ငါ့ကို ထပ်ပြီးတော့


နင်ကန်လိုက် အနိုင်ယူနင်ကန်လိုက်

ဆက်လျှောက်

ရေး - ဖိုးဇော်
ဆို  - မျိုးကြီး

ခရီးတစ်ခုအတွက်ပြေးထွက်ခဲ့ အမှားအယွင်းတစ်ခုကတော့ နေက်ကျန်နေ
ပြန်လှည့်ကြည့်လိုက်တော့ အမြဲတမ်းပေါ့ အသုံးချလိုက်ခဲု့တဲ့ ဘဝမှန်တွေ ခံစာညးချက်ပျောက်နေ မခံစားနိုင်ခဲ့တော့ နှလုံးသားနဲ့ ခရီးထွက်ခဲ့ လမ်းမကြီးတစ်ခုကစောင့်ကြိုနေ
ခြေလှမ်းတိုင်းတော့ အမှတ်တရပေါ့ ကျဆုံးသွာဲး့တဲ့ အားမာန်တွေ ကျော်လွှားနေချင်တောင် ဆန္ဒတွေ အပြေးရောက် ဆက်လျှောက် ခံစားချက်နဲ့ ဆက်လျှောက် ဆက်လျှောက် ခံစားချက်နဲ့ ဆက်လျှောက် (ရေး)
(လျှောက်    လျှောက်) (ရေး    လျှောက်) ဆက်လျှောက် ခံစားချက်နဲ့ ဆက်လျှောက်
(မျှော်လင့်ချက်တွေ ဆက်လျှောက်ဘေဘီ)

စိတ်ကူးများနဲ့ မနိုးထခဲ့ လောကကြီးထဲက ရှိုက်သံတွေ လှည့်ကြည့်လိုက်တော့ အနည်းအများပေါ့

အသုံချလိုက်ခဲ့တဲ့ ဘဝမှန်တွေ (ကျော်လွှားချင်တောင် ဆန္ဒတွေ အပြေးရောက်)၂

အချစ်တွေမရပ်နိုင်ဘူး

ရေး - အငဲ
ဆို - မျိုးကြီး

အရန်လူ အသိုင်းအဝိုင်းများတော့ မင်းဆီမှာ ဝင်ခွဲနေပြီ ဒီလိုအချစ်စစ်တို့ရဲ့လမ်းတိုင်း
မဖြောင့်ဘူး လျှောက်လိုက်စမ်း အို အချစ်တွေ မမေ့လိုက်နဲ့ ဘယ်သူတွေ ဘယ်လိုဝင်ဖျက်လည်း
စဉ်းစားတွေးပြီး လူတွေရဲ့သွေးခွဲတဲ့စကားယုံရင်
တို့နှစ်ယောက်တော့ဝေး ဘယ်မှ မသွားနဲ့ မသွားနဲ့မင်း အခါခါ ငါဟစ်ကြွေး
ငါ့ရဲ့အချစ်တွေမရပ်နိုင်ဘူး တို့ဝေးသွားမယ် မတွေးရဲ/တော့ဘူး
မင်းအတွက် ငါနောက်မဆုတ်ဘူး တို့အချစ်မရပ်နိုင်ဘူး/ငါတို့အချစ်မရပ်နိုင်ဘူး
အချိန်တွေပြောင်းသွားလည်း တို့အချစ်တွေကို မပြောင်းလဲနဲ့
အရင်လို အချိန်တွေပြန်မရဘူး ပြန်တွေး အဲဒီအတိုင်း
အချစ်ရေ မပြောင်းလိုက်နဲ့ လိုနေတာ သေချာပြန်စဉ်းစား
နင်အဓိကပဲ ခယောင်းလမ်း ဘဝခယောင်းတောလား
Baby! Come On! သွားစို့ အကြိမ်ကြိမ်ငါခေါ်ဆဲ အို ငါစွန့်လွှတ်နိုင်ဖို့ ခံနိုင်ရည်မရှိလို့
ဒီရင်ထဲကတုန်ခါနေ မုန်တိုင်းလား
တို့ရဲ့အိပ်မက်တွေ အားလုံးဖျက်ဆီးမယ်လို့ကြံတယ် အချစ်စစ်ခိုင်မြဲထား အားတင်းချစ်သူလေး
မင်းနဲ့ဝေးမှာ မတွေးရဲဘူး ဟေးအချစ် ငါလေနောက်မဆုတ်ဘူး

ငါ့အချစ်တွေမရပ်နိုင်ဘူး တို့အချစ်တွေမရပ်နိုင်ဘူး

ဆေးပေးပါ

ရေး - မော်ငမောင်ဇော်လတ်
ဆို - မျိုးကြီး

လူ့ဘဝကြီးဆိုတာတော့ အမှားကင်းတဲ့သူ မရှိဘူးကွယ်
မေ့လျော့ပြီး မနေပါနဲ့ မိုးခါးသောက်သူ သိပ်များတယ် မမေ့နဲ့
ရိုးသားတဲံ ရှင်သန်ခြင်း တန်ဖိုးထားပြီး နေကြကွယ်
မထူးဇာတ်ကြီးက ရင်တော့ လွတ်မြောက်ဖို့ရာ လွယ်ဘူးကွယ် ရင်ဆိုင်လိုက်ဦး
ဆေးပါဆေူ အပြစ်တွေပြန်ဆေးပေးကြပါ ဆေးပါဆေး ဘဝကို ဆေးပေး
မကောင်းမှုက ပျော်ဝင်ဖို့ ဖျားယောင်းပြီးမြူဆွယ်တတ်တယ်
သတိလက်လွတ်နေရင်တော့ အငိုက်မိ အရှိုက်ကို ထိဦးမယ် မမေ့နဲ့
မသိလိုက် မသိဘာသာနဲ့ တစ်ကိုယ်ကောင်းစိတ် ဝင်မံကြနဲ့
အတ္တစိတ်တွေဟူသမျှ စွန့်လွှတ်မီးပုံရှို့ထားကွယ် ရင်ဆိုင်လိုက်ဦး

ဆေးပါ အပြစ်တွေ ဆေးပါ ဘဝကို ဆေးပါ အပြစ်တွေဆေး ဆေးပေး

မျှော်လင့်ချက်မဲ့

ရေး - မောင်မောင်ဇော်လတ်
ဆို - မျိုးကြီး


သေကောင်ပေါင်းလဲအဖြစ်တွေထဲ
မရေရာတဲ့ အိမ်မက်တွေနဲ့
နောက်ထပ်တစ်ရက်အရောက်မှာ
အဆင်မပြေသေးတဲ့ ဘဝအတွက်
ဘာတွေပေးဆပ်ရဦးမှာလဲ မသိဘူး
တစ်ခါထပ်ရှုံးစရာ ဘာမှမရှိတော့ပါ ငါ့ဘဝ


မျှော်လင့်ချက်မဲ့ပြီဟေ့ အဖြေမရှိတော့တာ မင်းနဲ့ငါ
ပြန်ဆုံတွေ့ကြဖို့အခွင့်အရေး ငါတို့ဝေးခဲ့ကြပြီ
မျှော်လင့်ချက်မဲ့ပြီဟေ့ ဒီဘဝဒီမျှနဲ့ပဲ တို့နှစ်ဦးနီးစပ်ဖို့အရေး
ငါတို့ဝေး ငါတို့ဝေးပြီ


ရွှေရောင်အတိတ်နေ့ရက်တွေလည်း ရင်မှာအဆိပ်တတ်ခဲ့ပြီပဲ
လမ်းခွဲကြတဲ့အခါ သေချာခဲ့တဲ့ စိတ်တွေထက် အမာရွတ်များပဲ
စွဲထင်ပြီးနေခဲ့ တစ်ခါထပ် ပြုန်းတီးစရာ ဘာမှမရှိတော့ပါ ငါ့ဘဝ
မေ့ပစ်ထားရင်း နောက်တစ်ခါ ပြန်တွေးလိုက် မင်းနဲ့တို့နှစ်ယောက်ရဲ့
ဒီအတိတ်တွေကို  သတိရတမ်းတမိ ဒဏ်ရာတွေမကျက်သေးဘူး


Friday, September 13, 2013

ကျွမ်းလောင်ခြင်း

ရေး - အငဲ ဆို - မျိုးကြီး နူးညံ့လွန်းတဲ့ သတို့သမီးခြေလှမ်းများ နှလုံးသားကိုနင်းလို့ချေသွား မင်းပါးပြင်လေး အလှဆုံးပန်းနုနှုတ်ခမ်းလေး ငါနောက်ဆုံးနမ်းရှိုက်ချင်တုန်း ငွေရောင်လွှမ်းသော လက်ထပ်ပွဲ ထာဝရစတေးရစ်ခဲ့ပြီ ငါ့နှလုံးသားတွေ အပြာရောင်မီးများကျွမ်းလောင်သွား ဈာပနမီးမြိုက်သဂြိုဟ် အချစ်များစွာ တို့အချစ်များ ဆုံးရှုံးပြီအသိတွေလှိုင်းရိုက်နေသလို နှလုံးသွေးတွေစုန်ဆန်ကူးခတ်နေ မင်းလေးရဲ့မျက်ရည် မကြည့်ရက်ပါ အချစ်ရဲ့ ငါတစ်ယောက်တည်းကျိတ်မှိတ်ငိုကြွေးရင်း အိုး အို တို့အချစ်များ ကျွမ်းလောင်မီးတွေထဲ အဆုံးသတ်ခဲ့ပြီ Yeah! Yeah ရင်ထဲမီး အို တို့အချစ်များ အိုအဆုံးသတ်ခဲ့ပြီ Ah! ငွေရောင်လွှမ်းသော လက်ထပ်ပွဲ ထာဝရစတေးရစ်ခဲ့ပြီ တို့နှလုံးသားတွေ တို့အချစ်များ တို့အချစ်များ ဟေး! မီးကျွမ်းလောင်သွားကြ (Na Na Na Na) တို့အချစ်များ (Na Na Na Na) မီးကျွမ်းသွား နှလုံးသားများက်ုစတေးရစ်ခဲ့ကြ (Na Na Na Na) ငိုနေလား အို ငိုနေလား ဘေဘီ (Na Na Na Na) အပြာရောင်အပူမီး (Na Na Na Na) အဆုံးသတ်ပြီတို့အချစ်တွေ (Na Na Na Na) အို အချစ်များ

ကွယ်လွန်ခြင်း

ရေး - အငဲ ဆို - မျိုးကြီး လေဟုန်စီးပြီး ပြေးလို့လှမ်းခဲ့တော့ နေရာဟောင်းလေး ခဏလောက်နားခိုဦး နင်ဟာအဝေးဆုံးထွက်ခွာသွားပြီလို့ မယုံနိုင်သေးဘူး/မယုံရဲဘူး အချစ်ရေ မယုံရဲဘူး ဟိုးအဝေးက တိမ်ပြာထဲ မင်းရှိလားကြည့်လိုက် မင်းရဲ့ဝိညာဉ်လေးလား ကျေးငှက်တွေမျှော်နေဆဲ မိုးကောင်းကင်ကြည့်လိုက် မင်းရဲ့ဝိညာဉ်လေးလား ကိုယ်ဟာရူးသွပ်သူလား ကိုယ့်နှုတ်ခမ်းလေးအနွေးဆုံး နမ်းလှည့်ဦး ကိုယ့်သီချင်းလေး လိုက်ရွတ်ဆိုလိုက်ဦး ကိုယ့်မျှော်လင့်ချက် အားအင်တွေပေးလိုက် ကဗျာဟောင်းလေး ရင်ထဲ ခံစားကြည့်လိုက် အလင်းစက်တွေ မှောင်နေဆဲ လမ်းပြပါ ကြည့်လိုက် မင်းရဲ့ဝိညာဉ်လေးလား ရင်မှာကိုယ့်မျက်ရည် မျှော်နေဆဲ မိုးကောင်းကင် ကြည့်လိုက် မင်းရဲ့ဝိညာဉ်လေးလား ကိုယ်ဟာရူးသွပ်သူလား ရင်မှာသောကရဲ့မီးတွေကို နင်လာငြိမ်းသတ်လှည့်ပါတော့ အထီးကျန်စွာ ထားခဲ့ပြီး ကွယ်လွန်းခြင်းဟာ ငါ့စိတ်ထဲ မယုံနိုင်တော့ပါလား ဆိတ်ငြိမ်စွာ အိပ်စက်ပြီ ကိုယ့်အချစ်ရေ ဟိုးအဝေးကတိမ်ပြာထဲ မင်းရှိမလား ကြည့်လိုက် မင်းရဲ့ဝိညာဉ်လေးလား အို ကိုယ့်မျက်ရည် မျှော်နေတယ် မင်းရှိရာ ကြည့်စမ်း မင်းရဲ့ဝိညာဉ်လေးလား တိမ်တွေမင်းဝိညာဉ်လား အဝေးက မင်းဝိညာဉ်လား တိမ်လို နင်လွင့်မျောသွားမလား မယုံရဲဘူး အိုမင်းရဲ့ဝိညာဉ်လေးလား

Thursday, September 12, 2013

ကတ္တီပါလမ်းခွဲ

ရေး - မောင်မောင်ဇော်လတ် ဆို - မျိုးကြီး တကယ်ဆို ဒီအခြေအနေကို ရောက်မှတော့လည်း ပြန်ပြေလည်နိုင်စရာ အကြောင်းတို့ မရှိတော့ဘူးကွယ်] ဘယ်လို ငါယုံကြည်စွာ ချစ်ခဲ့လည်း အားလုံးဟာ ဒီလိုအချိန်မှာအလကားပဲ မျှော်လင့်ချက် လုံးဝ ပျက်သုဉ်းသွားခဲ့တယ် နောက်ဆုံေးတာ့ အိပ်မက်တစ်ခုလိုပဲ လူဆိုတာ ဘယ်နေရာမဆို အတ္တနဲ့ပေါ့ ကိုယ်မှန်မယ် ထင်တာတွေ လုပ်တတ်ကြတော့ ငါတို့နှစ်ယောက် အတူနေတာတွေ ကြာမြင့်လေလေ တဖြည်းဖြည်းနဲ့ မိုင်တွေထောင်ချီကာ (ဝေးကွာလေ)၂ ဝေးကာနေရင်း ဒီဘဝတော့ ဒီမျှနဲ့ ဇာတ်သိမ်းတစ်ခန်းရပ်ပြီ ရုပ်ကြွင်းတစ်ခု အိပ်မက်တစ်ခုလိုနော် ဝေး ကတ္တီပ်ါလမ်းခွဲ ငါနဲ့မင်းနဲ့ (အပြီးသတ်နှုတ်ဆက်ချိန်) ကတ္တီပါလမ်းခွဲ ဒါနောက်ဆုံးပဲ ဒဏ်ရာတွေ ကုန်လွန်ပြီလေ ကုစာရင်းနဲ့ ဘယ်လှိုရှေကဆက်ဖို့ ရာလမ်းမရှိခဲ့ ဒီအချိန်မှာ တူညီနေတဲ့ သဘောထားက အခုတော့ ငါတို့နှစ်ယောက်ကျော်ခိုင်းလို့ အဝေးဆုံးသို့ ဒီဘဝတော့ ဒီမျှနဲ့ ဇာတ်သိမ်းတစ်ခန်းရပ်ပြီ ရုပ်ကြွင်းတစ်ခု အိပ်မက်တစ်ခုလိုနော် ဝေး

Monday, April 29, 2013

အလွမ်းနဲ့ရေးတဲ့သီချင်း

ရေး -ကေအေတီ

ဆို - မျိုးကြီး၊ လေးဖြူ

ပျော်ရွှင်ခြင်းတစ်ခုရယ် ရင်ခုန်ခြင်းတစ်ချိုရယ် ဘယ်မှာရှာရမယ်
သူယူသွားခဲ့တယ် ပြန်လိုချင်ပေမယ့်မလွယ် အတိတ်နေ့ရက်တို့
ဒါတွေပြန်လည်တွေးတိုင်းပဲ ဆွေး နာကျင်တာပြောချင်တယ်
(သီချင်း ငါ့ရဲ့သီချင်း
မင်းမရှိတဲ့နောက် အလွမ်းနဲ့ရေးဖွဲ့တဲ့သီချင်း
သီချင်း ငါ့ရဲ့သီချင်း ဖြေသိမ့်ရင်း ဆွေး)

ဒဏ်ရာကျက်မဲ့နေ့ အချိန်ကိုရောက်သင့်ပြီ
ပျော်ချင်သော်လည်းမလွယ်
သာယာခဲ့တဲ့ဘယလေး တကယ်ကို ပြန်မရတော့ပါ
အမြဲတမ်းအသက်မဲ့လို
ဒါတွေပြန်လည်တွေးတိုင်းပဲဆွေး နေ့တိုင်း( )

ဟိုတုန်းကအတိတ်နေ့ရက်တွေ မြင်ယောင်ရင်းတွေး
ရင်ခုန်သံလွမ်းဆွေး လူတွေနဲ့အဝေး
(  )

10:00 AM 5/1/2013

ဘယ်မှာနားခိုမလဲ


ရေး -ဇဝါ
ဆို - အငဲ၊ လေးဖြူ၊ မျိုးကြီး

ငါပြန်သန်းခဲ့တဲ့ အချိန်များ ပြန်လည်တွေးကြည့်တော့ မိုက်မဲစွာ အချစ်ကို
စမ်းသပ်ရင်း ငါဟာမီးထဲတိုးမိခဲ့ ရင်မှာတိတ်ဆိတ်စွာလောင်ကျွမ်း အချစ်စစ်တစ်ခု တမ်းတရင်းကြေကွဲ
အခုတော့လည်းငါမောပန်းရင်းနဲ့

ဖြူစင်ချိန်တွေ ပြန်မရဘူး အရောင်တွေပေစွန်းလို့ ငါ့ကမ္ဘာငါ့ဘဝယုံနိုင်သူမရှိခဲ့ ဘယ်မှာနားခိုမလဲ
/မယ် ကိုယ်တိုင်သိတဲ့အမှားတွေ /များအတွက်
တတ်တဲ့သူ အရှာခက်တယ်/ဆဲ
ဘယ်မှာနားခိုမလဲ/မယ်
မာယာချားရဟတ်မှာ /နဲ့လည်ပတ်ရင်း
ရင်ခုန်ခြင်းအစစ်ကိုတွေ့ချင်တယ် (ရင်ခုန်ခြင်းအစစ်ကိုရှာဦးမယ်) ဘယ်သောင်ကမ်းစပ်ကိုရောက်မလဲ ငါဟာမျှောလို့နေခဲ့ ပူလောင်နေတဲ့မီးလျှံထဲ
အကြိမ်ကြိမ်ငါ ခုန်ချဖူးခဲ့လည်း
ပိုင်ဆိုင်ခဲ့ရတာဘာလဲ အပြာရောင်ဒဏ်ရာများပဲ မျှားခေါ်တဲ့အချစ်ဆီ
လိုက်ခဲ့ရင်း ရည်ရွယ်ရာပျောက်ဆုံးသွားတော့

အိပ်မက်မက်သလိုပဲ မရေရာငါ့ဘဝကြီး
လှုပ်နိုးမယ့်ချစ်သူ အသေအချာတွေ့ချင်ပြီ
အရောင်တွေစုံတဲ့ည အဖြေမှန်ကိုရှာရင်းနဲ့
မသစ်အသစ်တွေ ထပ်ကြုံလည်း အချစ်စစ်
အချစ်စစ်ဝေး

9:59 PM 5/1/2013

နေမဝင်အချစ်

ရေး - မြင့်မိုးအောင်

ဆို - မျိုးကြီး

ခိုး ခိုး ခိုး ခိုး ခိုးသွားပြီလေ အရေးကြီးတဲ့ ငါ့နှလုံးသား
မင်းခိုးယူသွား ငါဟာမင်းအလှ မူးယစ်စွာ လွင့်မျောခိုက်
ငါသတိမေ့သွား ငါဘဝမေ့သွား ပေးပါ ငါ့နှလုံးသား
မင်းလက်ထဲကနေ ပြန်ရွေးဖို့ အသက်နဲ့ဘဝ ငါပေးမယ်
မင်းမာယာများ အကြိမ်ကြိမ်ကစား ငါလေရှုံးနိမ့်သွားခဲ့

နင်ဟာ မာယာနတ်သမီး လှောင်ရယ်သံတွေနဲ့ ရက်စက်ပါ
ပိုင်ဆိုင်သမျှ အနိုင်ယူသွား ငါလေဦးညွှတ်ထား
မာယာရင်နတ်သမီး လိုချင်တာတွေအကန်လုံး သိမ်ပိုက်ပါ
ရာဇဝင်နေမဝင်နိုင်မဲ့ မင်းရဲ့ အချစ်ပါ/များ
အလွမ်း အလွမ်း အလွမ်း အလွမ်း အလွမ်းများ
ငါ့ရဲ့မိုးကောင်းယံမှာ မျောလွမ်း
အိုမျောနေကြတယ် မင်းပေးတဲ့ အလွမ်းများ
အဆိပ်ရည်တွေ ငါ့အပေါ်ရွာချ ပြေထွက်လည်းမလွမ်းများ
အဆိပ်ရည်တွေ ငါ့အပေါ်ရွာချပြေးထွက်လည်း မလွတ်မြောက်တော့
နောင်ကြိုးများ ငါရဲ့နန်တော်ပျက်စီးလို့ မင်းရဲ့ရှေ့မှောက်မှာ ငါဒူးထောက်
မင်းကြေနပ်ပြီလား အသေသတ်မလား ငါဟာမင်းအကြဉ်းသားပါ
မင်းရဲ့စကားလုံးတွေရယ် မိုင်းဗုံးကွဲသွားသလိုပဲ
ငါရင်ခွင်ကို မင်းဖောက်ခွဲသိပ်ပြင်းထန်တယ်
ကြီးမြတ်တဲ့ ခမ်းနားတဲ့ အတ္တနဲ့ဘောက်ခဲ့တဲ့ ငါနန်တော်ရယ်
လွယ်ကူစွာ မင်းဖျက်ဆီး ကမ္ဘာတည်အောင်လောင်ကြွမ်းမဲ့ မီး
(အားလူံး မင်းလက်ထဲမှာ လှောင်ရယ်သံတွေနဲ့ရက်စက်ပါ)

ငါတို့ခရီး


ရေး - အငဲ
ဆို - လေးဖြူ ၊ အငဲ ၊ မျိုးကြီး

အကြောင်းကြောင်းနဲ့ စိတ်ရှုတ်နေရင် ဦးနှောက်ဆေးဖို့ပေါ့
လာစမ်းပါဟေ့ အပေါင်းအသင်းတွေ ခရီးထွက်စို့
ပျင်းရိတဲ့နေ့ရက်တွေ ခေါင်းထဲကထုတ်ပစ်ဖို့
အတူလိုက်ပြီး လွင့်လို့မျောမယ် သွားကြစို့

လာဟေ့ ကားပေါ်တက်စမ်း သွားကြမယ် အဝေးပြေးလမ်းမပေါ်မှာ
ချန်ခဲ့ အတွေးတွေရယ်သွားစမ်း

စိမ်းလန်းတဲ့တောတွေ တောင်တန်းများရယ်
ကားလမ်းမဘေးတွေမှာရှုခင်းများရယ်
ပင်လယ်ပြာပြာပေါ်မှာ လေညှင်းလေးရယ်
ဒါတွေ ဒါတွေ အားလုံးတို့အတွက်ပေါ့

ရည်းစားကြောင့် အသည်းကွဲခဲ့ရင်မင်းလည်းလိုက်ခဲ့ဦး
ငါတို့ခရီး မင်းအသည်းကိုဆေးကြောဖို့
စိတ်ဓာတ်တွေကျဆွေးမြည့်နေရင် အားလုံးမေ့လိုက်ဦး
ငါတို့ခရီးစွမ်းအားတွေရရှိဖို့

ယူခဲ့ မင်းဂစ်တာလေး တီးလိုက်စမ်းပါ သီချင်းများ လိုက်ဆိုမယ်
ချန်ခဲ့ အလွမ်းတွေရယ်သွားစမ်း
ပင်လယ်ပြာပြာပေါ်မှာ တိမ်တိုက်တို့ရယ်
သောင်ပြင်ပေါ်မှာ ခုန်ပေါက်ဆော့မယ်
အေးမြတဲ့မြစ်လေကို ရှူရှိုက်ကြမယ်
ဒါတွေ ဒါတွေ အားလုံးတို့အတွက်ပေါ့

လွပ်လပ်တဲ့မိုးကောင်းကင်ရယ် ညတစ်ညအလှပဆုံး
ကြယ်စုတွေနဲ့ လက်တွဲကာကလိုက်စို့
သောက်တတ်တဲ့ရောင်းရင်းတွေရယ် နည်းနည်းလျှော့သော
ဒီညလေး စိတ်ရွှင်လန်းစွာပြီးဆုံးဖို့
စိမ်းလန်းတဲ့ တောတွေ တောင်တန်းများရယ်
ကားလမ်းမဘေးတွေမှာ ရှုခင်းများရယ်
အေးမြတဲ့မြစ်လေကိုရှူရှိုက်ကြမယ်
ဒါတွေ ဒါတွေ အားလုံးတို့အတွက်ပေါ့

ခရီးဆုံးလည်း တို့ရဲ့အိမ်အပြန်လမ်းလေးလှပလို့
ကြယ်စင်အလား တို့အတွေးတွေ အတောက်ပဆုံး
မောပန်းတဲ့ စိတ်ဓာတ်တွေ ဆေးကြောပြီးခဲ့လို့
ငါတို့ခရီး လမ်းဆုံးပြီ နှုတ်ဆက်စို့

9:04 PM 4/30/2013

တံလျှပ်များ


ရေး - နိုင်းနိုင်
ဆို - မျိုးကြီး

မစဉ်းစားဖြစ်သော ဒီနာရီသံတွေကြား
ဘဝဟာမောင်းခုတ်သွား အနတ္တလမ်းမများ
ဇာတ်ညွန်းကိုပေးမဖတ်ခဲ့ဘူး အတိတ်ကိုလည်ပြန် ကြည့်ရင်း
မာနစေစားရာ မှော်ရုံမြေမှာမောပန်းဆဲ

အတ္တရဲ့အခွံထဲမွန်းလောင်နေပြီ
မဆုံးသေးတဲ့ခရီးများ ဆက်လျှောက်ရဆဲ ငါ့ရဲ့ကိုယ်ပွားနတ်မိစ္ဆာများ
ကလေးတစ်ယောက်ရဲ့ဖြူသောဘဝ အဝေးဆုံးမှာ ကျန်ရစ်ခဲ့
အဆိပ်ခွက်လိုငွေကြေးများ(ဒဏ်ရာတွေလှပဆဲ)
အရိုင်းတစ်ယောက်လိုဖြတ်သန်းသွား ဟန်ဆောင်မုသား ကမ္ဘာထဲ
ပြဒါးမရှိတဲ့မှန်ချပ်များ (ငါကိုယ်တိုင်လိုက်ရှာဆဲ)

ကလေးတစ်ယောက်ရဲ့နေ့ရက်တို့ ငါပြန်လိုချင်ပေမယ့်
အဆုံးကိုလုံးဝမသိရှိရတဲ ဘဝရဲ့ဇာတ်ထုပ်များထဲ
ဘာဖြစ်မလဲ ဒီကမ္ဘာပေါ် ရှင်သန်ကာနေထိုင်ခဲ့တဲ့နေ့တွေ
မြစ်တစ်ခုစီးသလိုပေါ့(စီးလို့)

အတ္တရဲ့ အခွံထဲ မွန်းလောင်နေပြီ
အဆုံးမဲ့တဲ့ခရီး ငါဆက်လျှောက်ရဆဲ ဒုက္ခနွံများ ကူးဖြတ်လို့

မွေးဖွားလာသေဆုံးကြ မောဟတွေလောင်ကျွမ်းကြ
လမ်းဆုံးရင် ပြာပဲရ (ဒဏ်ရာတွေ လှပဆဲ)
အရိုင်းတစ်ယောက်လိုဖြတ်သန်းသွား ဟန်ဆောင်မုသားကမ္ဘာထဲ
ပြဒါးမရှိတဲ့မှန်ချပ်များ(ငါကိုယ်တိုင်လိုက်ရှာဆဲ)
တံလျှပ်လိုနေ့ရက်များ

8:32 PM 4/30/2013

ရာစုသစ်


ရေး - အငဲ
ဆို - အငဲ ၊ မျိုးကြီး ၊ လေးဖြူ

ရာစုသစ်တစ်ခုဟာ ရှေ့မှာ အသင့်စောင့်နေ
စိတ်ကူးဟောင်းများလည်းမေ့နိုင်ဖို့ခက်နေ
ငါ့လိုအပ်ချက်များ ဒီအတ္တများအတွက်
တိုတောင်းတဲ့ဘဝက ပြည့်စုံဖို့ခက်
ဆန္ဒများနဲ့ ငါမွန်းကျပ်ပြီးရူးမယ်
စိတ်ကူးသစ်နဲ့ ငါရှေ့ဆက်ပြီးလျှောက်မယ်

ဘကုန်းဘ ဝလုံးဝ
အသေအချာ အလေးအနက်မသိချင်ပါ
အို ဘာလဲဘဝ
ကြုံတဲ့ခဏ

နှစ်ဆယ်ရာစုဟောင်းပြီ
အရင်အတိတ်အဟောင်းတွေရဲ့အိပ်မက် ငါချန်ခဲ့ပြီ
ဒီအနာဂတ်ခရီးထဲ
ချိုသောအိပ်မက် နံနက်တွေ မျှော်လင့်မယ်
နှစ်ဆယ်ရာစုထားခဲ့

အချိန်ပြတင်းပေါက်ဖွင့် နာရီများကြည့်
တရွေ့ရွေ့နီးလာ ရှေ့ရာစုသစ်
ငွေကြေးလောဘများ မြေမြှုပ်ခဲ့ပြီးနောက်
လိုချင်ဆန္ဒမီးများ ငါငြိမ်းသတ်ပြီးနောက်
ရင်မှာချစ်ခြင်းမေတ္တာများငါပေးဝေဖို့အသင့်
ဟေ့
ရာစုသစ်ဟေ့

9:40 PM 5/1/2013

အဆိပ်ခွက်


ရေး - မင်းယု
ဆို - မျိုးကြီး

နာကျင်စရာများနဲ့ ဖြန့်ကာထားတဲ့ လှိုင်းလေထဲ ကူးခတ်ရင်းငါ ကမ်းပျောက်နေဆဲ
အို  မောပန်းလို့နွမ်း  ဒဏ်ရာတွေ အပြည့်နဲ့စိမ့်ဝင်ကာစီးခဲ့ ငါ့ရဲ့သွေး
ခါးသီးပေမယ့် ခုံမင်ကာတပ်မက် ဒါအဆုံးမရှိတဲ့လမ်း အိုး သိပါတယ်
ကာရံတွေကင်းမဲ့ အလင်းရောင်တွေ မရှိတဲ့ငါ့ဘဝကို မင်း   နင်းချေလိုက်
အဲဒါမင်းအတွက်အမှန်ဆုံး ဒါမင်းလေးအတွက်ပေါ့
ဂျစ်ပစီလို ငါ့အတွက်မျက်ရည်မကျနဲ့ ချစ်သူလေးထားခဲ့ပါတော့
ငါဟာလေမင်းအတွက် အဆိပ်တစ်ခွက်ပါပဲ ကိုယ့်  ချစ်သူရေ

အိုးငါဟာမုန်တိုင်းကြားထဲက လေလွင့်တဲ့ငှက်တစ်ကောင် မင်းထားခဲ့စမ်း
လျှောက်  အာရုံမနက်ခင်းလေးထဲမှာ အရင်လိုပျိုမြစ်တဲ့လမ်းတွေ
မင်းလျှောက်လိုက်စမ်း စွန့်ခဲ့ဝိုင်လိုမူးရစ်တဲ့အနမ်းတွေ စွန့်ခဲ့ပြန်လည်မလိုချင်နဲ့တော့

မင်းအတွက် ဟိုမှာ လင်းလက်တဲ့ကောင်းကင် တောက်ပခြင်းတွေ အို ကြိုလင့်တော့
ကာရံတွေကင်းမဲ့ အလင်းရောင်မရှိတဲ့ငါ့ဘဝကို
မင်း   နင်းချေလိုက်
အဲဒါမင်းအတွက်အမှန်ဆုံး ဒါမင်းလေးအတွက်ပေါ့
ဂျစ်ပစီလို ငါ့အတွက် ဘာကြောင့်ငို ကြွေးမလဲ ချစ်သူလေး နင်မေ့ထားခဲ့
အိုး   ငါဟာလေမင်းအတွက် အဆိပ်တစ်ခွက်ပါပဲ ကိုယ့်  ချစ်သူရေ


4:08 AM 4/30/2013