ရေး - ကေအေတီ
ဆို - မျိုးကြီး
ကြယ်စင်များ
ဒီမိုးသားအောက်သို့ကြွေသွား
အချိန်မှန်ဖြတ်ကျော်
နေတဲ့ ငါ့ဘဝနေ့ရက်များ
ပင်လယ်နက်ဆီကို
ရောက်ရှိဖို့ ငါပြေးထွက်ခဲ့မယ်
ဒဏ်ရာမိုးရေတွေ
ရွှဲနစ်လို့
အဝေးကြီးဝေးလည်းပြေးလာမယ်
မငိုပါနဲ့
တောင်တန်းတို့ နှောင့်ယှက်နေကြ
သေချာပြည့်စုံတဲ့လမ်းရှိရဲ့လား
ငါဟာ မင်းဆီကိုရောက်ဖို့ဆုတောင်းလိုက်ပါဟေ့
အကြင်နာမီးအိမ်ငယ်
လမ်းပြပေါ့
ငါ အဝေးဆုံးအရပ်က
ပြေးလာမယ် ငါပြေးမယ်
လေနီရဲ့ ခြေသံတွေ
ငါ့စိတ်ရဲ့အတိုင်း
သီချင်းတစ်ပုဒ်ညည်းရင်းနဲ့
ရှေ့ဆက်တွဲလို့ခေါ်သွား
ငါဟာမင်းဆီကိုရောက်ရှိဖို့
လမ်းရှိနေဆဲ
နောက်တစ်ခါ
နှင်းမိုးတွေ ရွာလို့ကောင်းနေတယ်
ငါဟာပြေးလာမယ်
အိုးအိုး ပြေးလာမယ်
No comments:
Post a Comment