Showing posts with label ခင်မောင်ထူး. Show all posts
Showing posts with label ခင်မောင်ထူး. Show all posts

Monday, April 1, 2013

ချစ်အယူခံ

ရေး - ညိုဝင်းသန်း
ဆို - ခင်မောင်ထူး


မပြေလည်နိုင်အောင်သူကကြံရွယ်တယ် ရင်မှာချစ်အားလေးညိုးငယ်ရပါတယ်
ပြေလည်အောင်ဖြေရှင်းပါမယ်လေ အယူခံဒီစကားလေးပြောပြတော့မယ်
အကြင်နာဆုံးကိုယ်ရဲ့အချစ်ဆုံးရေ နေပါဦးမုန်းလိုက်တော့မှာလားလေကွယ်
ကြင်နာတဲ့သူလေးရှောင်ပြေးလေတော့ ကိုယ်တစ်ယောက်တည်းအခုတော့ကြေကွဲပြီ

ကြင်သူရေ ကိုယ်တစ်ယောက်တည်းဆွေးပြီ အချစ်ကြီးချစ်ခဲ့ပြီးမို့ အမုန်းကြီးမုန်းပြီလား
တစ်ယူသန်ပဲဆုံးဖြတ်တော့မှာလားလေကွယ် အကျိုးအကြောင်းလေးကိုယ်ပြောပြမယ်

ကြင်သူရေခေါ်သံများကြားရင် အချစ်ဟောင်းလေးကိုခဏလောက်လှမ်းလို့ကြည့်ပါဦး
ပြန်လည်လို့ချစ်ခွင့်ပေးပါဦးလား နောက်တစ်ယောက်တော့မချစ်လိုက်နဲ့ကွယ်

အချိန်တွေကြာအောင်မေ့ထားနိုင်သူရေ ဒိုင်ယာရီဟောင်းလည်းအလွမ်းတွေပြည့်ပြီကွယ်
အနိုင်ယူပါကွယ် တောင်းပန်ပါတယ် မေရေ ကိုယ်အရှုံးလေးပေးလိုက်ပ့ါမယ်
ရှောင်ဖယ်ကာစိမ်းကားမှာလားလို့  အကြင်နာလေးများလည်းပေးသနားပါဦးကွယ်
ပြေပါတော့ အချစ်ဦး ရန်ငြိုးတွေရယ် အယူခံတေးလေးနဲ့ ကိုယ်ချော့မယ်

10:12 PM 4/9/2013