Showing posts with label ဘိုဖြူ. Show all posts
Showing posts with label ဘိုဖြူ. Show all posts

Sunday, April 21, 2013

လတ်တီး


ရေး - စိုင်းဝီရဌ်
ဆို - ဘိုဖြူ

အေးမြတဲ့ဆောင်းညမှာ မီးရောင်ထိန်ထိန်လူအများနဲ့
သီချင်းကလေးနဲ့ စောင်းမြောင်းဆို အသည်းထဲနွေးထွေးသွားရမယ်
စုံတွဲတွေနဲ့လေကတယ် အားကျလို့စောင့်နေခဲ့
သီချင်းလေးတစ်ခေါက်ဆုံးသွားရင်
(ပြောစရာတွေ တွေးရင်း ကိုယ့်အလှည့်ကွယ်)၂

(ကုံးက)၃ သီချင်းသံကြားမှာ ကနေမယ် နှစ်ကိုယ်တူယှဉ်ကာ
ကနေ ကုံးကလမ်း(မ်း)မုန်းအကဟန် တောင်ပေါ်ရှမ်းရဲ့ ဓလေ့ရိုးရာ

အရှေ့သံလွင်မှာ ရိုးရာပွဲတွေရှိတိုင်းကွယ် ချစ်စရာချစ်စရာ
ကုံးကလမ်း(မ်း)မုန်း အကဟန် တောင်ပေါ်ရှမ်းရဲ့ ဓလေ့ရိုးရာ
7:51 PM 4/22/2013

Saturday, April 20, 2013

မြေနီလမ်း

ရေး - အယ်လ်ဖြူ
ဆို  - ဘိုဖြူ

အမြင်အာရုံတွေမှာ ကပ်ငြိတွယ်ဆဲပါ
ဟိုအရင်အချိန်တွေရဲ့ အတိတ်အသစ်ပြန်လာ
ခြေသံတစ်စုံတစ်ရာရယ် မကြားမိပါလား
အိပ်မက်ဟောင်းလေးက နိုးခွင့်ပြုပါ

ဒီနေရာမှာ အရင်က တွေ့နေကျပါ
မမြင်တာကြာပြီ အရင်နှစ်များစွာပါ
ရင်ခုန်သံတွေရယ် တဖြည်းဖြည်းမြန်လာ
မြေနီလမ်းလေးကို မင်းသတိရပါ

အိုး ..... မြေနီလမ်းက
အိုး ..... အမြဲစောင့်နေတာ
အိုး ..... ခြေသံလေးများ
ပြန်ကြား ..... အဝေးက

ဟိုမှာ အနီရောင် အိမ်မိုးများရဲ့ အထက်မှာ
ဒီလိုအချိန်တွေဆို တဖွဲဖွဲကြွေကျ
ချယ်ရီထင်းရှူးနဲ့ တောတန်းတစ်နေရာ
တောင်ပေါ်လမ်းထဲမှာ နှင်းမကွဲသေးပါ

Monday, April 1, 2013

အချစ်ဖော်ကောင်

ရေး - သွှအောင်
ဆို - ဘိုဖြူ


ခင်မင်ခဲ့ရတဲ့ အချစ်သူငယ်ချင်းရယ် ဒို့နှစ်ယောက်မရိပ်မိခင်မှာပဲ ခိုင်မာသွားတဲ့အကြင်နာနှောင်ကြိုးဟာ
တို့အသည်းတွေကိုရစ်နှောင်မိ ကိုယ်စီထားရှိခဲ့တဲ့အချစ်မေတ္တာတရား ကိုနှုတ်ဖျားကမပြောပေမယ့်လည်း
ဝေသနာနွေးထွေးတဲ့ အကြင်နာအကြည့်လေးဟာ အချစ်ရဲ့ဖော်ကောင်လေးတွေပါ

အချစ်ဆုံးအတွယ်တာဆုံးလို့မှတ်လိုက်ပြီ  မိန်းကလေးရယ်တွေဝေမနေနဲ့တော့
အိနြင်္သိက္ခာမဲ့ကာ မာယာတွေမသုံးချင်ဘူး
ပညာတွေမပြစေချင်ဘူး တွယ်တာခဲ့ရတဲ့အဆင့်လေးကျော်ခဲ့တာ နှစ်ဦးသားသတိမထားခင်မှာပဲ
အပြန်အလှန်ထားရှိတဲ့စေတနာ သဒ္ဒါတရားဟာ ဒို့အသည်းတွေကိုချုပ်ကိုင်ပြီ
ရင်မှာသိမ်းဆည်းတဲ့အရှိုင်းမေတ္တာလေးကိုစာဖွဲ့ပြီး မပြောကြပေမယ့်လည်း
ဆုံနေကြတဲ့အကြင်နာမျက်ဝန်းမှာ  အချစ်ရဲ့ခြေရာတွေ့ပြီလေ

12:16 AM 4/10/2013



Monday, March 25, 2013

ရိုးမအလှ

ရေး -
ဆို - ဘိုဖြူ

ရှမ်းရိုးမထက်ကို အလည်လာဖို့အဖြစ်ဆို
အပျော်ရွှင်ဆုံးရှိမယ့် လတန်ဆောင်တိုင်
လှမ်းခဲ့ဖို့ဖိတ်ခေါ်တယ် မြန်မာပြည်အနှံ့ချစ်ဆွေတွေ
သြော်.. တစ်ခါတစ်ခေါက်အဖြစ်ရောက်စေ့ချင်

နှင်းကလေးများကြားမှာ သာယာသောမြို့တော်
စည်ပင်တဲ့ ဗုဒ္ဓရဲ့ကထိန်ပွဲ
မြူးကြွကြွအိုးစည် ဗေထုံတီးဗ၀က်ညံ
အပြိုင်ဆင်နွဲ မိုးထက်မီးပုံးပျံ

သိုင်းအကရယ် တို့ရဲ့ရိုးရာ
အလှအပစုံ ပေါင်းဖက်မို့သဏ္ဍာန်
တစ်သက်မမေ့အောင် စွဲလိမ့်မယ်ရင်ထဲ
ဘုရားကျောင်းကန်သွားလို့ကုသိုလ်
ကောင်းမှုအလှူလက်နဲ့မပြတ်သလို
တရားဆုပန် ဗုဒ္ဓရှင်ထံဝယ်

တစ်မူးရလို့တစ်ပဲလှူ သာသနာပြုစိတ်တွေ
အစဉ်အလာကောင်းများနဲ့ ရှမ်းတောင်သူ
ကြားဖူးမယ့်စကားရယ် မယုံရင်တော့ဖြစ်ကွယ်
တူနိုင်ရိုး တုကြည့်လှည့်ဦးလေ

ဘုရားကျောင်းကန်သွားလို့ကုသိုလ်
ကောင်းမှုအလှူလက်နဲ့မပြတ်သလို
ဘုရားဆုပန် ဗုဒ္ဓရှင်ထံဝယ်
ဆောင်းနှင်းရယ် အအေးဓါတ်အကဲပို
ဖိုးလငယ် ၀န်းပရွန်းစို
မိုးထက်ဝလံ နက္ခတ်စုံချိန်ဝယ်

12:01 PM 3/23/2013

လင်းခေးအ၀င်

ရေး - စိုင်းထီးဆိုင်
ဆို - ဘိုဖြူ

တောပန်းကလေးများနဲ့ လှချင်တိုင်းလှနေပါတယ်
လမ်းလေးကွေ့ကောက်ရာ လေးနှစ်ဘက်မှာ
အဆင်းအတက်ခရီးဆက်လို့ ဖြတ်ကျော်မြင်ကွင်းရှေ့မှာ
တောင်ပြာတန်းတွေ ဆီးလို့ကာ

မွေးရပ်မြို့ကလေးဆီ ရောက်ဖို့နီးတွေးပျော်နေပြီ
မိဘနဲ့အမျိုးဆွေ အားလုံးကို……..
အပေါင်းအသင်းရောင်းရင်းများ ၀မ်းသာလို့မဆုံးပေါ့လေ
ကျယ်ကျယ်လောင်လောင် နှုတ်ဆက်နေ

သာယာတဲ့ တိမ်လွှာတိမ်လိပ်နားရောက်အောင်
တောင်ပြာတွေ အဆင့်ဆင့်မြင့်မားစွာ
ရောက်ချင်ဇော မျှော်သူရင်မောနွမ်းလှပြီ
အမြင်သာနီး ခရီးဝေးတဲ့တောင်

မှိုင်းညို့ဆိုင်းလို့ရယ် နှင်းမြူတွေလွှမ်းခြုံတဲ့ကြား
ချောင်းလေးကလဲ အသာစီးဆင်းကာ
အတန်းလိုက်အကန့်နဲ့ခြား ၀ိုင်းရံကာတဲ့မြို့အ၀င်
နေညိုချိန် ပန်းချီကားအလားပမာ

12:02 PM 3/23/2013

မောတို့ပျော်ရာတောင်သာယာ


ရေး -
ဆို - ဘိုဖြူ

(မောတို့ပျော်ရာတောင်သာယာ
လျှိုမြောင်စိမ့်စမ်း စခန်းကသာ
မြိုင်သေလာ ဂနိုင်ခြေမှာ
ရေတံခွန်ဝေဖြာ စီးဆင်းလာ
ရှုတိုင်းတင့်လှတာ
နှင်းမြူမှုန်ဖွေး ညင်းလေသွေးကာ
အေး အေးမြစွာ
ထင်းရှူးနံ့သင်း ချယ်ရီဝန်းကာ
ရှုမျှော်ခင်း အဆင်းကသာ
ကမ္ဘောဇ မောတို့ပျော်စံရာ)၂

(မောင်ကြီးတို့ရွာ တောင်ကြီးမြို့သာ
မောင်ကြီးတို့ရာ လာ.. လာ.. လာ
အပျိုချောတို့ရာ အကိုမောတို့ရွာ
အပျိုချောတို့ရာ လာ.. လာ.. လာ)၂
ဧည့်ဝတ်ကျေစွာ ဖော်ရွေကာ
ဖျော်ဖြေမှာ ဖော်ဆွေသဟာ
သွေးရင်းသားရင်း ညီရင်းအကိုပမာ
မောင်ရင်းနှမတို့ ချစ်ကြည်စွာ
မောမြေမြင့်က ဆီးလို့ကြိုနေမှာ

လာ… လာ…. လာ…..
လာ… လာ…. လာ…..
(လာခဲ့ပါ မောင်တို့ရာ……
လာခဲ့ပါ မေတို့ရာ………)၂

12:03 PM 3/23/2013