Monday, March 25, 2013

ရိုးမအလှ

ရေး -
ဆို - ဘိုဖြူ

ရှမ်းရိုးမထက်ကို အလည်လာဖို့အဖြစ်ဆို
အပျော်ရွှင်ဆုံးရှိမယ့် လတန်ဆောင်တိုင်
လှမ်းခဲ့ဖို့ဖိတ်ခေါ်တယ် မြန်မာပြည်အနှံ့ချစ်ဆွေတွေ
သြော်.. တစ်ခါတစ်ခေါက်အဖြစ်ရောက်စေ့ချင်

နှင်းကလေးများကြားမှာ သာယာသောမြို့တော်
စည်ပင်တဲ့ ဗုဒ္ဓရဲ့ကထိန်ပွဲ
မြူးကြွကြွအိုးစည် ဗေထုံတီးဗ၀က်ညံ
အပြိုင်ဆင်နွဲ မိုးထက်မီးပုံးပျံ

သိုင်းအကရယ် တို့ရဲ့ရိုးရာ
အလှအပစုံ ပေါင်းဖက်မို့သဏ္ဍာန်
တစ်သက်မမေ့အောင် စွဲလိမ့်မယ်ရင်ထဲ
ဘုရားကျောင်းကန်သွားလို့ကုသိုလ်
ကောင်းမှုအလှူလက်နဲ့မပြတ်သလို
တရားဆုပန် ဗုဒ္ဓရှင်ထံဝယ်

တစ်မူးရလို့တစ်ပဲလှူ သာသနာပြုစိတ်တွေ
အစဉ်အလာကောင်းများနဲ့ ရှမ်းတောင်သူ
ကြားဖူးမယ့်စကားရယ် မယုံရင်တော့ဖြစ်ကွယ်
တူနိုင်ရိုး တုကြည့်လှည့်ဦးလေ

ဘုရားကျောင်းကန်သွားလို့ကုသိုလ်
ကောင်းမှုအလှူလက်နဲ့မပြတ်သလို
ဘုရားဆုပန် ဗုဒ္ဓရှင်ထံဝယ်
ဆောင်းနှင်းရယ် အအေးဓါတ်အကဲပို
ဖိုးလငယ် ၀န်းပရွန်းစို
မိုးထက်ဝလံ နက္ခတ်စုံချိန်ဝယ်

12:01 PM 3/23/2013

No comments:

Post a Comment