Showing posts with label ခန့်ဖြိုး. Show all posts
Showing posts with label ခန့်ဖြိုး. Show all posts

Wednesday, April 10, 2013

မျောက်ဖြစ်ချင်တယ်

ရေး - ခန့်ဖြိုး
ဆို - ခန့်ဖြိုး
ကြင်နာခြင်းများ ထားခဲ့လို့ရင်ခွင်ကို မင်းဝင်လာခဲ့တာ
ကိုယ်မသိခဲ့မိပါ ဟိုအရင်အချိန်တွေ သာယာလွန်းတာ
အချိန်ရှိတိုင်းအမြဲမင်းလေးအတွက် ကိုယ်နာကျင်စွာ စောင့်မျှော်နေဆဲပါ
အချစ်ဆုံးရဲ့နဘေးမှာ ရင်ခုန်ချင်မိတဲ့ အဖြစ်တွေများစွာ
ဒီအချိန်မှာမင်း ကြည်နူးခြင်းများနဲ့ ရင်ခွင်တစ်ခုမှာ
ပျော်မြူးလို့နေလည်း
မင်းလေးမရှိတဲ့ ဒီရင်မှာ မျှော်လင့်ဆဲပါ
နာကျင်လွယ်တဲ့ နှလုံးသားတစ်ထောင့်မှာ ဒဏ်ရာများစွာ
ထားရက်ခဲ့လည်း
မမြင်နိုင်တဲ့ အဝေးဆုံးကို ထွက်သွားပါရစေ
ငါဟာမင်းမရှိတဲ့အဝေးမှာ တမ်းတနေဆဲ
နာကျင်နေအလွမ်းရက်ရှည်များမှာ
ငါဟာ မင်းလေးရဲ့အဝေးမှာ တမ်းတနေဆဲ
ရင်ခုန်သံများနဲ့ တစ်ယောက်တည်းပါ
ဘယ်လိုပင်ဝေးသွားလည်း ရင်မှာ အမြဲ မင်းတစ်ယောက်ကို
ဖြည့်ဆည်းပေးဖို့ အသင့်ပြင်ခဲ့
မျှော်လင့်ခြင်းများ မရှိတော့လို့ ကမ္ဘာမြေတစ်ဖက်စွန်းကို
ကိုယ်ရောက်ချိန်
မင်းလေးအတွက် အလွမ်းတွေ ကိုယ့်ရဲ့ရင်ထဲ ပြည့်နှက်နေခဲ့ပြီ
နာကျင်ခြင်းများနဲ့ လောကအလယ် ခံနိုင်ရည်စွမ်းမရှိလို့
ကိုယ်မင်းရဲ့အချစ်ကို မျှော်လင့်မိလို့ တစ်နေ့နေ့မှာ မင်းအနားအရောက်
လာခဲ့မှာ
10:03 PM 4/17/2013

Saturday, April 6, 2013

လာမတားနဲ့

ရေး - ခန့်ဖြိုး
ဆို - ခန့်ဖြိုး


င့ါရဲ့အတွေးအခေါ်နဲ့တစ်ယောက်တည်းပဲရှေ့ဆက်လို့နေချင်/ချိန်
ခံစားချက်အစစ်ရဲ့စိတ်လိုအင်အတိုင်း ငါလွင့်မျှောတိုင်း
ငါ့ရဲ့နှလုံးသားဝိဥာဉ်လည်း ချုပ်ထိန်းမှုအရိပ်မဲ့စွန့်ခွာချိန်
ရွေ့လျားဆဲလောကလမ်းတွေဖြတ်သွား  အို    ပိုဝေးသွား
လာမတားနဲ့ငါ့စိတ်တွေဝေဝါးသွားဖို့  အမြဲတမ်းရှိနေလို့
လာမတားနဲ့ယမ်းတယာင်လို့အိမ်မက်တစ်ခုအတွက်`
အသက်ဆက်ထားတယ် အလွမ်းများနဲ့လာမတားနဲ့
စေလိုရာစေ တွေဝေမိန်းမောတုန်းငါ ပျော်သလိုသာနေ လွပ်လပ်ခြင်းရဲ့ဘဝအရသာ
ရှာဖွေရင်းခရီးတွေဆက်  ပြင်ဆင်ထားတဲ့ဘဝခြေလှမ်းများစွာ

အမေ

ရေး - ခန့်ဖြိုး
ဆို - ခန့်ဖြိုး

မွေးဖွားခဲ့စဉ်အချိန်အခါ အပူအပင်အကြောင့်အကျမရှိခဲ့
အရာရာပြီးပြည့်စုံခဲ့ဘဝ အကြွင်းမဲ့မေတ္တာအကြင်နာထာဝရပေးစွမ်းခဲ့
အမေ့ရဲ့ရင်ခွင်ရိပ်အောက်ဝယ်  ကြီးပြင်းခဲ့အသိညဏ်နဲ့စိတ်ဓာတ်ခွန်အားမက
ပညာညဏ်ရင့်ကျက်လူလားမြောက်စေခဲ့
အိုအမေရယ်အကြိမ်ကြိမ်မှားယွင်းသမျှ အမေဖြည့်ဆည်းခဲ့
နာကျင်စေခဲ့နှလုံးအိမ်ထဲ
အိုအမေရယ်ကံကြမ္မာတိုက်ပွဲများအဆုံးမှာ ကျွန်တော့အသိတရားနဲ့တဖန်ပြန်လည်ဖေးမခွင့်ပေးပါအမေ
ဘဝခရီးကြမ်းလမ်းတွေစေရာ ကိုယ်တိုင်လမ်းလျှောက်ကာမှအမြင်မှန်ရရှိခဲ့လေသလား
ငါ့ဘဝမှာကြိုးစားရုန်းကန်ရင်းသာအောင်မြင်မှုများဆွတ်ယူရင်းအမေ့ရဲ့အပြုံးများဖန်တီးနိုင်ဖို့