Showing posts with label ရတနာဦး. Show all posts
Showing posts with label ရတနာဦး. Show all posts

Monday, April 1, 2013

ချစ်သူ့ရင်ခွင်

ရေး - ဖိုးခွား
ဆို - ရတနာဦး

ဘဝရဲ့ဒုက္ခအမောများပျောက်စေတယ် အလင်းတန်းများပေးစွမ်းတဲ့လမ်းလေးရယ်
ဆိုးတတ်မိုက်တတ်လွန်းတဲ့ တို့ကိုချစ်တယ်
အမြဲတမ်းပဲခွင့်လွှတ်နားလည်ထားတဲ့ (ချစ်သူ့ရင်ခွင်) ရင်ခွင်ထဲ

အဝေးကြီးဝေးသွားလည်းပဲချစ်နေမယ်
နီးစပ်မှု မနီးစပ်မှုကအရေးမကြီးဘူးကွယ် လွမ်းတတ်ဆွေးတတ်လွန်းတဲ့တို့နှစ်ယောက်အတူနားလည်
နှလုံးသားခြင်းတိုက်ရိုက်ဆက်သွယ်ထားတဲ့ (ချစ်သူ့ရင်ခွင်) ရ၀်ခွင်ထဲ

ဘယ်အရာဘာနဲ့မှအစားထိုးလို့မရအောင် ငြိမ်းချမ်းတဲ့မေတ္တာတွေနဲ့ နေရာတကာကိုယ့်ကိုအမြဲဦးစားပေးတတ်တဲ့ အငြိမ်းချမ်းဆုံးချစ်သူရင်ခွင်ထဲ

မှားပြီးရင်းမှားတဲ့အမှားများလည်းပြင်မယ် သဘောထားကြီးလွန်းလှတဲ့အချစ်ကလေးရယ် ဖြစ်တတ်ပျက်တတ် လောကတရားကိုနားလည်
ခွင့်လွတ်တဲ့အပြုံးနဲ့ဆီးကြိုအုံးကွယ်  (ချစ်သူ့ရင်ခွင်) ရ၀်ခွင်ထဲ

12:56 AM 4/10/2013

Tuesday, March 19, 2013

ရထားနဲ့သွားတဲ့ခရီးလေး

ရေး - ဦးသက်မှူး
ဆို - လာရှိုးသိန်းအောင်

ကိုလေရထားလေးနဲ့ မွေးဌာနီသွားတဲ့ခရီးဝယ်
စိုပြေစိမ်းလမ်းလို့သာယာတဲ့မြေ တောအထပ်ထပ်
တောင်အသွယ်သွယ် ကွေ့ဝိုက်လို့ရယ်
ဖြတ်ကျော်ရင်းတွေ့ခဲ့ရတယ်ကွယ်
ရွှေရောင်စပါးခင်းများအလယ် အလေ့အလာ
ယိမ်းနွဲ့လို့ရယ် အလုပ်လုပ်နေသူ ခင်ပျိုကိုကွယ်
မြင်သူတကာချီးမွန်လောက်တယ်
နိုင်ငံကျေးဇူးသိတဲ့ ဒီလိုမိန်းကလေးကို
ကျွန်တော့်ရဲ့ရင်ထဲမှာခင်တွယ်လာတယ်
ဂုဏ်ယူတာပဲမဆုံးတော့တယ်
သူလေးသာကျွန်တော်နှမငယ်ဖြစ်သွားရင်ကွယ်
သွေရင်းပမာ ချစ်မြတ်နိုးဆုံးပေါ့ကွယ်
ဒီမိန်းကလေးသ ပါးကွက်ကလေးနဲ့
ယဉ်ကျေးလှပေတယ်
တောအလှတောဘဝနဲ့ဆန်းစစ်ပြန်ရင်သူနိုင်မယ်လယ်သူမလေးရယ်)