Showing posts with label ဟိန်းဇော်. Show all posts
Showing posts with label ဟိန်းဇော်. Show all posts

Tuesday, December 31, 2013

သန်းခေါင်ယံတစ္ဆေ

ရေး - ညီသစ်
ဆို - ဟိန်းဇော်

(သန်းခေါင်ယံည အိပ်မပျော်နိုင် ငါတစ်ယောက်တည်းကြေကွဲ ငါ့ဘဝထဲ
မင်းမရှိရင် ဘာတွေနဲ့ အစားထိုးမလဲ ပြန်လာတော့ ချစ်သူရေ ငါတစ်ယောက်
တည်းကြောက်တယ်)

မင်းမရှိတော့ ငါ့ရင်ထဲမှာ လွမ်းလို့ခြောက်ကပ် မင်းမသိတဲ့ စိတ်ကဝေဒနာ
မွန်းကျပ်မှုနဲ့ အသက်ဆက် သုံးမရတဲ့ ငါ့အချစ်က မင်းရဲ့အတွက်တော့
အလဟဿ ဆုံးဖြတ်ပါ ချစ်သူမင်းအတွက် ငါစောင့်နေမယ် ရက်လနှစ်မ
ပြတ် ဟိုးတုန်းက ရင်းနှီးမှုတွေ ခုတော့ အိပ်မက် မင်းဖျက်ဆီးခဲ့ မဆုံးဘူး
ဟေ့ ငါ့ရင်ထဲမှာ မင်းကို ခုတိုင် ချစ်သူတစ်ယောက်အတွက် ဒါတွေကို
မင်းသိအောင် ငါဘယ်လိုနည်းနဲ့ ဖွင့်ဟပြောပြ ပြန်မလာ သူ့ချစ်သူ မင်း
အားယုံကြည်ခြင်းနဲ့ ငါ့မှာဝိုးတဝါးဆိုးရွားစွာ လမ်းခွဲခဲ့တဲ့ မင်းနဲ့ ငါ့ရဲ့ဖြစ်ရပ်
များအတွက် ရိုးသားစွာချစ်နေမိတဲ့ ငါ့အပေါ်မင်းရဲ့ ရက်စက်ခြင်းအတွက်
နောင်တတွေ သေချာတယ် မရှိဘူး ဘာကြောင့်မှ ငါတကယ်မမေ့ဘူး နောင်ဘဝ
ကို ငါလေကူးလည်း စောင့်စားနေမယ် ငါလေ အရူးအမူး မင်းတစ်ယောက်
အတွက် ချစ်နေမိခဲ့ ငါ့ရဲ့အသက်ကို ကြိုက်သလိုမင်းသတ် မင်းအမှတ်တမဲ့
ချစ်တယ်ပြောခဲ့ အဲဒီစကားကို စွဲလို့မြဲလျက် ငါဒီလို မနေချင်ပါဘူး ငါလို
ချင်နင်ပြန်လာအခု ဘာတွေကို ဘယ်လိုယှဉ်ယှဉ် ရင်မှာနင်ဟာပထမဦး

အတွေးများက နယ်ချဲ့နေအမြဲ အဆွေးများကစက်ဝိုင်းလို Yeah မင်းသွား
တဲ့ နေ့ကတည်းကပဲ ငါ့မှာနေ့စဉ် ဒီအလွမ်းတွေနဲ့ ဒါတွေကို မင်းလေး
မသိရှိ ငါခံမယ်ခုထိ မင်းကြည့် တကယ်မညာပါ ငါ့ရင်ထဲ၌မင်းကို အမြဲလို

စွဲငြိခုထိ ငါ့စိတ်မှ ပုံရိပ်တွေနဲ့ ငါ့ရဲ့အခန်းထက် အငွေ့အသက်လည်း မင်းမ
ရှိလို့ ပျောက်ဆုံးနေလည်း မင်းအသံတွေ ငါကြားနေဆဲ ကို့ကိုအရမ်းချစ်
တယ် တကယ်ပြောတာ စိတ်ထဲက ပြောနေတယ်လို့ ငါ့ရဲ့စိတ်ထဲကိုယုံကြည်မိ
ခဲ့ အရမ်းလွမ်းတယ်ကိုရယ် အမြန်ပြန်လာမယ်နော် ငါဒီိလိုဆုတောင်းပေမယ့်
မပြည့်စုံရတာ ဘာကြောင့်ဘာလဲ ဒါတွေ ငါတွေးတော စိတ်မော ပြန်
လာမယ်ပြောပြီး တကယ်တော့ အချိန်တွေကို နောက်ပြန်ဆုတ်လို့ရခဲ့ရင်
တော့ ငါဟာပျော်တော့ မင်းသွားမယ် ပြောတဲ့အချိန်က ငါ့မှာစိတ်ကတား
ချင်နေခဲ့ပေးမသွားဘူး ပြောပြန်ရင်လည်း မင်းပြန်ပြောမယ်
ပညာရေးအတွက် ဒါတွေကိုသိလို့ ခွင့်လွှတ် ဒီဝေဒနာခံစားရလွန်း
ငါဆိုတာ မင်းတစ်ယောက်အတွက်မို့ ရှင်းပြရင်းကို စဉ်းစားပါဦး




ချစ်တယ်မှားတယ်

ရေး - ဟိန်းဇော်
ဆို - ဟိန်းဇော်

(ငါ့ရင်ထဲ မင်းတစ်ယောက်ထဲရှိနေဆဲ ချစ်နေအမြဲ)၂
ငါ့ဘဝမှာမှားယွင်းခဲ့တဲ့ အမှားအယွင်းတိုင်းဟာ အချစ်ကြောင့်ပဲဟေ့
အချစ်တစ်ခုကိုအရင်တည်ြ့ပုလို့ စိတ်တွေခုအခါ အပြစ်တွေနဲ့စု
အိပ်လို့မရညတွေငါရူး စိတ္တဇဆူး ငါ့ရင်၌စူး
ဒီလိုအမြဲဖြစ်နေပေမယ့် ရင်၌မင်းကိုမေ့လို့မရဘူး
အနာကျင်ဆုံးအမုန်းဆုံဖြစ်ရပ် ငါ့ရဲ့အပေါ်၌မင်းလုပ်ရစ်ခဲ့
ဘာမဆိုအမြဲပေးဆပ်တတ်တဲ့ ငါ့ရဲ့စိတ်ကခွင့်လွှတ်ဆဲအမြဲ
ခွင့်လွှတ်မှန်းမင်းသိလို့လား  ထပ်၍လုပ်တာမင်းမချစ်လို့လား
သေချာအောင်ဖြေပါ ဒီမှာဝေဒနာတေရင်မှာမဖြေသာ
ဘယ်လိုမှမေ့ဖျောက်လို့မရအောင် ချစ်ခဲ့မိတဲ့ငါ့ရဲ့အဖြစ်များ
အပြစ်ဖြစ်လည်း ငါကျေနပ်ခဲ့ စိတ်ညစ်လည်းဆက်၍ချစ်ဆဲ
ဒီဘဝမှာမင်းတစ်ယောက်တည်းအတွက် ငါ့ရဲ့အချစ်တွေအကုန်ပေးဆပ်ခဲ့
ယုံကြည်ပါမိန်းကလေး ယုံကြည်ပါအချစ်လေး
ရင်နာအောင်ဘယ်လိုပင်လုပ်လည်း နေချင်တာမင်းလေးရဲ့ဘေး
ဒီဘဝရဲ့နောက်ဆုံးထွက်သက် သေသည့်တိုင်အောင်ချစ်မယ်မင်းအတွက်
နှုတ်ဖျားမှချစ်တယ်ဆိုတဲ့စကားတွေ အားလုံးဟာလေမင်းအတွက်
ယုံကြည်ပါသေသွားသည့်တိုင်ဆက်၍ ချစ်မှာမင်းတစ်ယောက်တည်း(ရေး)

ခုချိန်ခါဝေးခဲ့ရပြီမင်းနဲ့ငါဟာ လနဲ့နေတဲ့
မပြုပြင်တာဘယ်သူ့အမှားလဲ စဉ်းစားလိုက်ပါမင်းသိမှာပဲ
သိပ်ချစ်တယ်လဇွမ်းတယ်ကို့ကို
ထပ်မပြောနဲ့ အဲဒီစကားကို
ငါမကြားချင်နားတွေခါးလို့ မင်းလိမ်ညာတာ ငါလေမကြားလို့
ငါ့ဘက်ကပြုပြင်ပြောင်းလဲနေခဲ့လည်းပဲ မင်းပြန်မကြည့်
အရာအားလုံးစွန့်ခဲ့ပြီးလို့ ချစ်ခဲ့လည်းပဲမင်းလေးမသိ
သူစိမ်းဆန်တဲ့မင်းရဲ့အကြည့်နဲ့ သူစိမ်းဆန်တဲ့မင်းရဲ့စကားများ
ငါပြောဆိုဆူနေတာတွေမင်းလေးအတွက်(အား)
ဒါတွေကိုမင်းလေးပြောတယ် နှောင့်ယှက်မနေနဲပကိုယ့်ဘာသာကိုနေ
ဒီရင်ထဲခံရခက်လို့မင်းရဲ့စကားတွေစိတ်ဓါတ်ကျစေ
တစ်နေ့နေ့တော့မင်းသိလာမှာပါ ငါ့အချစ်တွေအမြဲရှိနေမှာ
ဒါပေမယ့်အယုံအကြည်ကင်းတဲ့မင်းလုပ်ရပ်ကြောင့်မဖြစ်နိုင်တော့ပါ
တစ်သက်လုံးအတွက်အမှတ်တရနဲ့ တစ်ဘဝလုံးစားအတွက်အချစ်များအတွက်
ရင်ထဲမှာမျိုသိပ်ထားတဲ့ ခံစားချက်တွေ ပေါက်ကွဲလွင့်ထွက်
မင်းသိအောင်သီချင်းလေးတစ်ပုဒ်အဖြစ် ပေးဆပ်လိုက်မယ်ရော့ယူလှည့်

(လာ လာ လာ)၂