Showing posts with label ရိန်မိုး. Show all posts
Showing posts with label ရိန်မိုး. Show all posts

Tuesday, April 23, 2013

အရမ်းပဲချစ်နေပြီ

ရေး - ရိန်းမိုး
ဆို - ရိန်းမိုး

အချစ်ဆိုတာဟာ ကောင်းကင်က ငှက်တစ်ကောင်လိုပဲ
ဘ၀ဆိုတာ ဖြတ်သန်းမှ အဓိပ္ပာယ်ရှိတယ်
တစ်ချိန်လုံး ပျံလာခဲ့ရတဲ့ အမောတွေကို
ချွေးသိပ်ဖို့ နားခိုရာမဲ့ အချစ်သစ်ပင်ကို
ကူးခတ်ရင်း အရှိန်အဟုန်ဖြင့် လေကို ထိုးခွင်းလာရင်းနဲ့
အတောင်ပံခတ်သံ အချက်တိုင်းမှာ
ချစ်တယ် ချစ်တယ်ဆိုတဲ့ရိုက်ချက်များ
ရွှေနားတော်အပါးဆီ ပဲ့တင်မြည်ဟီးလို့

(ချစ်တယ် အရမ်းပဲချစ်နေပြီ)၎

8:21 AM 4/24/2013


Friday, April 19, 2013

ပန်းမခူးရ

ရေး  - မြင့်သိန်းညို
ဆို   - ရိန်မိုး

`ပန်းမခူးရဘူးတဲ့´ ဆိုင်းဘုတ်လေး
ဆွဲချိတ်ရုံနဲ့ လုံခြုံမလား
အပိုတွေ ဘာတွေညာတွေလို့ မမြင်နဲ့
အလုပ်ရှုပ်မယ် ပန်းအတွက်နဲ့ စိတ်မညစ်နဲ့

တစ်နေ့ မခြွှေသော်လည်းပဲ ကြွေမှာပဲ
သင်္ခါရနဲ့ မပြိုင်ချင်နဲ့
မဆိုင်ရင် ဘေးနားက ငြိမ်ငြိမ်နေစမ်း
ပန်းကလေးနဲ့ မင်းနဲ့ တခြားစီပဲ

ပိုင်ဆိုင်ချင်တယ်ဆို ကိုယ်တိုင်ပြောထားပေါ့
ခုတော့ မင်းက ပိုင်ရှင်လား
လုံခြုံတယ်ဆိုတာ ဘယ်သူကပြောလဲ
ရှင်းရှင်းလင်းလင်း ပြောစမ်းပါ

Tuesday, January 1, 2013

အာဒံဧဝ

ရေး  - ရိန်မိုး
ဆို  - ရိန်မိုး

ကမ္ဘာဦးအစရဲ့ အာဒံချစ်သူ ဧ၀ လိုလား
ရင်ကို အချစ်တို့ ကျွမ်းလောင်ထား
ဒါကို အချစ်ရဲ့ အစတဲ့လား
ငြိမ်သက်ခဲ့တဲ့ ကန်ရေအထက်ကို လှုပ်ခက်သူလား
ရင်ကို ရစ်မူးခဲ့စေသလား
ဒါကို အချစ်ဦးလို့ခေါ်မလား
ချိုမြိန်စေ အချစ်က ဦးအစမို့
ချစ်သူအချစ်ဟာ ရင်ခွင်ဦးဆို
အဖိုးထိုက်တန်စွာ တန်ဖိုးထားတတ်သူ
တစ်ပွင့်ဆိုတစ်ပွင့် ဆင်မြန်းပါ ချစ်သူ အချစ်ဆုံးရာ..
အို…….

ရင်ခုန်သံဟာ ကာရန်သံစဉ်တူညီ
ဒါဟာအချစ်ဆိုရင်
ကြင်နာခြင်းအနမ်းတွေ ဦးဆုံးဖြစ်ပါစေသား
အချစ်တစ်ခု ကိုးစားတော့..
အရာရာကိုသာ ပိုင်ဆိုင်မယ်ဆို
ရည်ရွယ် ကိုယ်သာဦးစေမယ်
ပထမဆုံးများသာ ဘ၀အတွက် ဖြစ်ပါစေသား
စိတ်တစ်ခုကိုးစားတော့.. ဦးဆုံး……….

ကမ္ဘာဦးအစရဲ့ အာဒံချစ်သူ ဧ၀ လိုလား
ရင်ကို အချစ်တို့ ကျွမ်းလောင်ထား
ဒါကို အချစ်ရဲ့ အစတဲ့လား
ငြိမ်သက်ခဲ့တဲ့ ကန်ရေအထက်ကို လှုပ်ခက်သူလား
ရင်ကို ရစ်မူးခဲ့စေသလား
ဒါကို အချစ်ဦးလို့ခေါ်မလား
ချိုမြိန်စေ အချစ်က ဦးအစမို့
ချစ်သူအချစ်ဟာ ရင်ခွင်ဦးဆို
အဖိုးထိုက်တန်စွာ တန်ဖိုးထားတတ်သူ
တစ်ပွင့်ဆိုတစ်ပွင့် ဆင်မြန်းပါ ချစ်သူ အချစ်ဆုံးရာ..
အို…….

(ရင်ခုန်သံဟာ ကာရန်သံစဉ်တူညီ
ဒါဟာအချစ်ဆိုရင်
ကြင်နာခြင်းအနမ်းတွေ ဦးဆုံးဖြစ်ပါစေသား
အချစ်တစ်ခု ကိုးစားတော့..
အရာရာကိုသာ ပိုင်ဆိုင်မယ်ဆို
ရည်ရွယ် ကိုယ်သာဦးစေမယ်
ပထမဆုံးများသာ ဘ၀အတွက် ဖြစ်ပါစေသား
စိတ်တစ်ခုကိုးစားတော့.. ဦးဆုံး……….)၂