Showing posts with label စိုးပြည့်သဇင်. Show all posts
Showing posts with label စိုးပြည့်သဇင်. Show all posts

Tuesday, December 31, 2013

သူကြားပါစေ

ရေး - ဇဝါ
ဆို - စိုးပြည့်သဇင်

ဒီကမ္ဘာကို အကြိမ်ကြိမ်အခါခါ ရင်မှာ တိုင်တည်ပြီး
ငွေလမင်းလေးပဲငေးရင်း သက်သေတွေပြုလို့
ရင်ထဲကစကားတွေကိုလေမှာတမ်းလေးဖွဲ့ဆို
တစ်ဖက်သတ်လွမ်းတဲ့ညမျိုး တကယ်ကို သိပ်များပြီကွယ်

အိမ်အပြင်မှာ တိမ်ဖြူတွေရယ် ညင်သာစွာရွေ့လျား
မျှော်လင့်ခြင်းတံခါးလေးနောက်ဘက် တို့သာ တစ်ယောက်တည်း
တိတ်တခိုးနဲ့သူ့ခြေသံတွေ စောင့်စားရဦးမယ်
အကြင်နာတွေနဲ့ ချစ်ခြင်းမျိုး ဘယ်အချိန်ကြုံနိုင်ပါ့မလဲ

သူကြားပါစေ ဒီအချစ် သီချင်းလေး
အရာရာသိမ်းဆည်းထားမယ့် နှလုံးသားထဲက
အရာရာသိမ်းဆည်းသင့်တဲ့ တို့ဘဝထဲက
လွမ်းရတာလေးများ တမ်းတတာလေးများ
သူကြားပါစေ အချစ်သီချင်းလေး
အပြင်မှာပြောခွင့်မရတဲ့ စကားလေးများအစား
ဒီလိုသီချင်းလေးတစ်ပုဒ်က တို့အတွက် အားကိုးရာ
ချစ်ရတာတွေကို မင်းနားလည်ပါဦး အချစ်ဆုံးရေ

ရင်ခုန်သံအကြွေတွေကိုလေ ပြန်လည်ကာစုစည်း
ဣနြေ္ဒရဲ့စည်းများထဲပဲ တို့နေခဲ့ရင်းပေါ့
လွင့်ပါးသောစိတ်ကို ကိုယ်တိုင် ပြန်လည်အားပေးဆဲပါ
အကြင်နာမှန်ရင်တော့ တို့တစ်ချိန်မှာ ဆုံနိုင်မှာပဲ