Showing posts with label တင်တင်မြ. Show all posts
Showing posts with label တင်တင်မြ. Show all posts

Tuesday, January 1, 2013

တေဘုမ္မာ

ရေး - ကျိုက်လတ် ဦးပြုံးချို
ဆို - မောင်မောင်ကြီး၊ ရီရီသန့်၊ တင်တင်မြ

တေ-ဘုမ္မာ၊ အနိစ္စာ ဒုက္ခာ အနတ္တာ တရားမရလို့  များလှသံသရာ၊ ကာမောဃာ ဘဝေါဃာ ဒိဋ္ဌောဃာ၊ အ၀ိဇ္ဖောဃာ စိတ်မောဟာ မကင်းတာ အရင်းခံ သူတဏှာ၊ ဒိဋ္ဌိဥာဏ် ၀င်စားထင်မှား မြင်ငြားကြတာ၊ လူဘဲ နတ်ဘဲ မှတ်စွဲလို့ သာ၊ မှားချက်အလွန်နာ၊ ငါ့သားငါ့မယား လင်သားဥစ္စာ၊ ငါ့ကိုယ်ငါ့ဟာ အစဉ်မကွာ သက္ကာယကြောင့် မာနတွေ ထောင်ကြတာ၊ ၀ိပဿနာ ၀င်စားထင်လျား၊ မြင်ငြားကြပါ၊ ဘာမျှရှာမရ အ,သာရက မှန်စွာ အနတ္တာ ခန္ဓာ၊ ဖြစ်ရင်းတည်ရင်း ပျက်ရင်းချူပ်ကာ၊ ရုပ္ပတိသညာ၊ ဖေါက်ပြန်မဆိတ်ပါ အနိစ္စလက္ခဏာ၊ ရုပ်တရားနာမ်တရားနှစ်ဖြာ၊ အိုနာသေမည် အတည်မကျပါ၊ သင်္ခါရဟာ ဘင်ကာလမကြာ၊ ငါးဖြာဂတိမှာ၊ လေးဘုံ အပါယ်ငရဲစာ၊ အ၀ိဇ္ဖာ အကြောင်းကြောင့် သင်္ခါရာ ၀ိညာဏ် နာမ်တရား ရုပ်တရားနှစ်ဖြာ အ၀ိဇ္ဖာ အကြောင်းကြောင့် သင်္ခါရာ ၀ိညာဏ်နာမ်တရား ရုပ်တရားနှစ်ဖြာ ခြောက်ခုအာရုံ ကာမဂုဏ်ဆန္ဒ- ပဋိစ္စ သမုပ္ပါန် ရှုပ်ပြန်အတွင်းအပတဏှာ။ (ရှက်စရာတွေးတော့ သမုဒယပါ၊ မဂ္ဂဆေးနှင့် ကုရမှာ၊ လက္ခဏာရေးဖြင့် ရှုကြပါ၊ တေ ဘုမ္မာ)

(မြေ-ရေ-လေ-မီး ဓာတ်ကြီးအစုပါ၊ လွန်တရာမမြတ်သော အတ္တဘော ခန္ဓာ၊)၂၊ (မုန်းဖွဲ့ မလွတ်ပါ၊ သုံးဆယ့်နှစ်ကောဋ္ဌာ၊)၂၊ (မိုက်မဲအ၀ိဇ္ဖာ၊ စိတ်တဏှာ အနိဋ္ဌာ- ဣဋ္ဌာရုံထင်မိမှား၊ ကာယအပုပ်ကောင်ဟာ ဟုတ်ယောင်သာ ရုပ်ဆောင်စွာ ချူပ်နှောင်ကာ သူလှည့်စား၊ )၂၊ (တရားကွာ မှားရှာ များသတ္တ၀ါ ဘ၀အနေကာ ဖြစ်ပျက်သံသရာ )၂၊ မီးဆယ့်တစ် ငြိမ်းရာချူပ်ရာ၊ နိဗ္ဗာန်ရောက်နိုင်ရာ မဂ်ဖိုလ်ကြိုးစားရအောင်ရှာ ဒိဋ္ဌိနှင့် ၀ိစိကိစ္ဆာ သမုစ္ဆေပဟာန် ဧကန်ပါယ်၍ခွာ၊ အထက်တန်း တက်လှမ်းမကြာ ရုပ်နာမ်ခန္ဓာ နှစ်ဝလုံးဟာ၊ အစတုံးကာ ဘ၀ဆုံး အမတာ၊ အဲသို့ မှသာ ဘေးတကာ ရန်တကာ ကင်းဝေးမှာ၊ အရဟတ္တဖိုလ် ပညာကိုသာ၊ အနုသယကိလေ တိခြွေပယ်ဖို့ ရာ၊ အမှန်ဝါယမန် စိတ်သန် သမာဓိ ၀ိပဿနာ့ဥာဏ် ရင့်သန်စေဖို့ ရာ။
ငါးဆူရှင် ပါရမီတော်ရင့်သည်။ ပွင့်တော်မူရာ ဘဒ္ဒဤကမ္ဘာ၊ ဗုဒ္ဓုပ္ပါ ငါးကြိမ်ဆင့်တောင် ကျွတ်ခွင့်မပါ လွဲလျက်မှန်စွာ၊ ရှည်လျား- သုညကမ္ဘာတွေမှာ- ဓမ္မာသွေခွါ အပါယေမှာ ပျော်ဖို့ ၊ တရားမသိလို့ အမြဲမိစ္ဆာ၊ အမှားအတိ အလွဲစိတ်မှာ၊ ငရဲတိရစ္ဆာ တကတဲမဆိတ်စွာ အသဲထိတ်စရာ စည်ပင်ကြတော့မှာ။
(မကောင်းဒုစရိုက်တွေဟာ နည်းအောင်ကျင့်ပါ) ၂၊ (နှစ်လ နေ့ ရက်နာရီတွေဟာ၊ အချိန်အလကား မကုန်စေရာ) ၂။ (ကာမဂုဏ် ရမ္မက်ဆိုးကို ဖျက်ချိုးနိုင်မှသာ၊ ဖြစ်ရာဘ၀သံသရာ၊ ပညာပါရမီ ကြီးရင့်အောင်ဖို့ ပါ)၂။ အတီတာ မိုက်စ မိုက်ပင်ပျိုးလို့ မိုက်ဆိုးခဲ့တာ၊ ယခုလဲမိုက်ဆဲမှန်စွာ၊ ရှေ့ ကိုတိုးလို့ တံပိုးမိုက်အုံးမှာ၊ အဆုံးသတ်သင့်တာ။
(ကိုယ့်ကိုယ်ကို သနားပါ များသတ္တ၀ါ)၂၊ (လောဘ ဒေါသ မောဟ လောင်မီးကိလေသာ၊) ၂၊ (တဟုန်းဟုန်းတောက်လို့ သာ၊ တဖြုန်းဖြုန်းမောက်မို့ စွာ)၂ (အကုသိုလ် စရိုက်ဆိုးတွေဟာ ပြုလွယ်ဖြစ်လွယ် စိတ်အားထက်သန်စွာ)၂၊ (နတ်ရွာနိဗ္ဗာန်လမ်းကို လှမ်းဖို့ အမှုဟာ ထဲစိတ်မပါ၊) (နေရာဟောင်းကို အလွန်အောင်းမေ့တာ)၂၊ လေးဘုံပါယ်ရွာ လေးဘုံပါယ်ရွာ ထဲမှာ- နေမြဲသာ၊ များသည်သတ္တ၀ါ။