Showing posts with label မို့ မို့ ဇော်ဝင်း. Show all posts
Showing posts with label မို့ မို့ ဇော်ဝင်း. Show all posts

Sunday, June 9, 2013

အားလုံးအဆုံးကစမယ်



ဆို -မို့မို့ဇော်ဝင်း

(ဟေး… ရေး… ရေး… ရေး)
ကိုယ် အလှကြည့်ခဲ့တဲ့ ပန်းပွင့်များ
ထိုင်ပြီး ငေးရတဲ့ ဆည်းဆာ နွေညများ
ကိုယ် ခေါင်းညိတ်ခဲ့တဲ့ ချစ်သူများ
နာကျင်နှလုံးသားရဲ့ ပေးဆပ်မှု

အားလုံးပဲ အဆုံးက စချင်တယ်
ခါးသီးတဲ့ ကိုယ့်ဘဝကို

(ကြင်နာသူရေ အရာရာအား နားလည်ပါစေ
ဝူ ဟူး ဟူး ဟူး… ဝူ ဟူး ဟူး ဟူး…
ကြင်နာသူသာ ထာဝရ နားလည်ပါစေ
ဝူ ဟူး ဟူး ဟူး… ဝူ ဟူး ဟူး ဟူး) အိုး…
ရေး… ရေး… ဟေး… ရေး…ရေး

ကိုယ်ပြုခဲ့ဖူးတဲ့ ပြစ်ချက်များ ကိုယ်မှားခဲ့တဲ့ နေ့ တွေ
အမှားပြင်ဆင်လို့ ထား
အက်ကွဲဖူးခဲ့တဲ့ အသည်းအိမ်လည်း
အကြင်နာအနွေးဓာတ်နဲ့ အရင်လို အကောင်းဖြစ်သွား
အားလုံးပဲ အဆုံးက စချင်တယ် လွတ်မြောက်ဖို့ ကြိုးစားမယ်

လူလောကရဲ့ ခရီးလမ်း အဆင်းအတက်က ကြမ်းတမ်းလှသလောက်
နှလုံးသားလေးလည်း ကြမ်းတမ်းနေမယ် (ရေး... ရေး)
အချစ်က ပေးတဲ့ စွမ်းအားများကြောင့် လောကကြီးနဲ့ ပြေးတွေ့ ရင်ဆိုင်မယ်
ဘာမှ မမှုဘူး (ရေး... ရေး... ရေး... ရေး...)