Showing posts with label စနို. Show all posts
Showing posts with label စနို. Show all posts

Tuesday, December 31, 2013

နူးညံ့စွာပြောင်းလဲခြင်း

ရေး - စနို
ဆို - စနို

ပြောင်းလဲခြင်းက သဘာဝ လူသားရဲ့အစ ဟိုးတုန်းက
တဖြည်းဖြည်းနဲ့ ဆင်သက်လို့လာ လူသားမျိုးနွယ်များ
မသေချာပါဘူး ဘာမှမမြဲဘူး
သစ်ရွက်ခြောက်များကြွေကျ နောက်ထပ်ရွက်သစ်တွေပွား
တစ်ရက်ပြီးတစ်ရက် ရင့်သထက်ရင့်လာ ဆင့်ကဲ ဖြစ်စဉ်များ
မသေချာပါဘူး ဘာမှမမြဲဘူး
မေ့မနေနဲ့လေ မမြဲခြင်းအရိပ်ဆိုးတွေ ရွေ့လျားလို့နေမြဲ နူးညံ့စွာ ပြောင်းလဲလို့နေတယ်
ငိုကြွေးခြင်းနဲ့ စတင်ကြ ငိုကြွေးခြင်းနဲ့အဆုံးပြန်သတ်
မပြောင်းလဲတဲ့ပြောင်းလဲခြင်းမှာ တို့ရုန်းမထွက်နိုင်ကြ မသေချာပါဘူး ဘာမှမမြဲဘူး
နှလုံးသားလွတ်ငြိမ်းစေဖို့ နေတဲ့ဏစိတ်ချမ်းသာဖို့

နူးညံ့တဲ့တရားဓမ္မလိုတယ်

တိုင်ပတ်တဲ့ကမ္ဘာ

ရေး - စနို
ဆို - စနို

အဖျားငွေ့တွေပျို့အန်ပြီး ရေခဲရိုက်သိပ်ကာထားတဲ့ သူ့ရင်ဘတ်ဟာလည်း
အဆိပ်တွေတက် လောင်မြိုက်
နှလုံးသား အရည်မရွှမ်းနိုင်တော့ပါဘူး ခေါင်းမှာပတ်တီးစတွေနဲ့ စိတ်ဓာတ်တွေပြိုကျ
ရိုင်းစိုင်းလွန်းတဲ့ အနမ်းတွေနဲ့ လေညင်းရောဂါပိုးတွေနဲ့ တို့ကမ္ဘာကြီးကို ပက်ဖျန်း
ခါးရိုးကြီးတွေ ကိုင်းနေတဲ့ကမ္ဘာကြီး မနက်ဖြန်များကိုလည်း
သူ့မှာကြိတ်ကာကြိတ်ကာကြေကွဲ

အားလုံးပဲ ကျေးဇူးပြုပြီး ဆေးကုပေးပါ တို့နေတဲ့ကမ္ဘာကြီး
ယုယမှုတွေပေးကြစမ်းပါ တို့နေတဲ့ကမ္ဘာကြီး
ဆုတောင်းမေတ္တာပို့သပေးကြပါ တို့နေတဲ့ကမ္ဘာကြီး
ကမ္ဘာမြေကြီး ကမ္ဘာမြေကြီး

မတည့်တဲ့အစာတွေ စားမိတာမို့ ရာသီဥတုဖောက်ပြန်လို့
တို့နေတဲ့ကမ္ဘာကြီး နှာတွေစီး ပိုးလိုးပက်လက် အဖျားတွေတက်
ဒီအတိုင်းကြီးတော့ ပစ်မထားနဲ့ ကမ္ဘာကြီးကိုဆေးကုလှည့်

(ဆုတွေတောင်း ဆုတောင်းကြရင်းနဲ့ ဆုတွေတောင်းရင်း သတိရကြပါ)၂

Monday, March 18, 2013

ရင်ခုန်စရာရှုခင်း

ရေး - စနို
ဆို - စနို

နှလုံးသားကောင်းကင်ထဲ အဖြူရောင်လွမ်းတဲ့နေ့လေး
မင်နဲ့စတွေ့ချိန် ရင်ခုန်သံတွေထိန်း ထိန်းသိမ်းလို့မရပါဘူး
စိတ်လောနေသလိုပဲ နူးညံ့တဲ့ ဆန့်ကျင်ဘက် အထိအတွေ့အချို့ရယ်
အရောင်မပြောင်းလိုက်ပါနဲ့ တို့ဝေးသွားလို့တော့ မဖြစ်နိုင်ဘူး

ချစ်သောသူနဲ့ ဘယ်သူများဝေးချင်မလဲ
စိတ်ရဲ့တောင်းဆိုချက် ပြည့်ဆုံမယ်ဆိုရင်
ချစ်သောသူနဲ့ ဒီဘဝ မဝေးပါရစေနဲ့
ကြယ်ကြွေညများထဲ တို့နီးစပ်ဖို့ မျှော်လင့်တယ်

အဝေဆုံးရှုမျှော်ခင်း သံစဉ်တေးများသီဖွဲ့ အချစ်ရဲ့ပန်းပွင့်တွေ
ရှင်သန်စေသူ မင်းရဲ့အားပေးအပြုးတွေနဲ့ ညအိက်ယာဝင်မယ်
အချစ်ကတစ်ဖက် ဂစ်တာတစ်လက် ဒါငါ့ရဲ့မျှော်လင့်ချက်
တကယ်ပြီပြည့်စုံတဲ့ အတိုင်းအဆမရှိတဲ့နေ့ရက်တွေ