Monday, March 18, 2013

ရင်ခုန်စရာရှုခင်း

ရေး - စနို
ဆို - စနို

နှလုံးသားကောင်းကင်ထဲ အဖြူရောင်လွမ်းတဲ့နေ့လေး
မင်နဲ့စတွေ့ချိန် ရင်ခုန်သံတွေထိန်း ထိန်းသိမ်းလို့မရပါဘူး
စိတ်လောနေသလိုပဲ နူးညံ့တဲ့ ဆန့်ကျင်ဘက် အထိအတွေ့အချို့ရယ်
အရောင်မပြောင်းလိုက်ပါနဲ့ တို့ဝေးသွားလို့တော့ မဖြစ်နိုင်ဘူး

ချစ်သောသူနဲ့ ဘယ်သူများဝေးချင်မလဲ
စိတ်ရဲ့တောင်းဆိုချက် ပြည့်ဆုံမယ်ဆိုရင်
ချစ်သောသူနဲ့ ဒီဘဝ မဝေးပါရစေနဲ့
ကြယ်ကြွေညများထဲ တို့နီးစပ်ဖို့ မျှော်လင့်တယ်

အဝေဆုံးရှုမျှော်ခင်း သံစဉ်တေးများသီဖွဲ့ အချစ်ရဲ့ပန်းပွင့်တွေ
ရှင်သန်စေသူ မင်းရဲ့အားပေးအပြုးတွေနဲ့ ညအိက်ယာဝင်မယ်
အချစ်ကတစ်ဖက် ဂစ်တာတစ်လက် ဒါငါ့ရဲ့မျှော်လင့်ချက်
တကယ်ပြီပြည့်စုံတဲ့ အတိုင်းအဆမရှိတဲ့နေ့ရက်တွေ

No comments:

Post a Comment