Showing posts with label စင်ဒီ. Show all posts
Showing posts with label စင်ဒီ. Show all posts

Sunday, December 15, 2013

ပျော်နေမယ်ပြန်တွေးတိုင်း

ရေး - အာခိုင်
ဆို - စင်ဒီ

KEY: A
INTRO: ||A Gbm D E ||

A                                 A
ဆုံတွေ့ခွင့်ပေးတဲ့ ဘုရားသခင်ရယ်
          Bm                      E             A
အရာရာ သိတတ် ခွင့်လွှတ်ပေးတဲ့ ချစ်သူရယ်
            Gbm                       Dbm
ရင်ထဲမှာ ကျေးဇူးလည်းတင်တယ် နှိုင်းဆမရအောင်ကွယ်
Bm                                E
အချစ်ရဲ့အရိပ်တွေက အေးမြစေတာ

အနက်ရှိုင်းဆုံး တို့နှစ်ယောက် ချစ်မယ်နော်
ငိုစရာ သောက အလွမ်းတွေ ကင်းဝေးခဲ့ပြီနော်
အနာဂတ်ဆီလျှောက်မယ့် လမ်းတွေပေါ် ဒီ ပန်းခင်းလမ်းတွေလို
ကိုယ့်ဘဝလေးကိုခေါ်ဆောင်ကာ သွားနော်
                 A                                   Dbm
ပျော်နေမယ် ပြန်တွေးတိုင်း ကိုယ် မကြိုက်တာ အမြဲရှောင်ကာ
         Gbm                       Dm
ငြိုငြင်တာမရှိ မင်း ကိုယ့်ဘက်ကို အလေးပေးကာ
                   D                                  Dbm
ကြင်နာတဲ့စကား မင်း နှုတ်ခမ်းပါးက အမြဲကြားခဲ့
                      Gbm               Bm                 E
တို့ အတိုင်းအထက်အလွန်ချစ်သည် အားလုံး နားလည်ထား
                              A                      Dm
ပျော်နေမယ် ပြန်တွေးတိုင်း အချစ်ရေးကံကောင်းသူပါ
              Gbm                          Dbm
သံသရာရှည်ထိ မင်းအနီးနား နေရင်းနဲ့သာ
                  D                                        Dbm
သံသရာရှည်ထိ ဘယ်လောက်ဝေးလည်း ရင်ထဲမင်းသာ
        Gbm                    Bm            E          A
ကိုယ်ယုံတယ် အချိန်တိုင်းလေ အချစ်ဆုံးနားလည်ပါ

Music: ||D DbM Bm A || Dzbm Dbm Bm C Eb E
ENDING MUSIC: || A Gbm D E4 E A ||


Saturday, April 20, 2013

အမြဲတမ်း

ရေး - လွှမ်းပိုင်
ဆို  - လွှမ်းပိုင်၊ စင်ဒီ

အခန်းထဲမှာ တစ်ယောက်တည်းပဲ ငါမွန်းကြပ်လို့ ထွက်ပေါက်ကဘယ်နားမှာလဲ ရုန်းထွက်ဖို့ ဒီလိုမျိုးပဲ တစ်ယောက်တည်းပဲ အောင်မြင်လိုက် ကျရှုံးလိုက် ဘ၀ကိုလေ ငါတစ်ယောက်တည်းမေးခွန်းထုတ် ယုံကြည်ပါကွာ မင်းကလွဲပြီးအခြားတစ်ယောက်လဲ ငါမပြောင်းပါ စိတ်ချထား ဒီလိုပါကွာ မိန်းကလေးရယ် မင်းနဲ့တွေ့မှ အချစ်ကဘ၀တစ်ခုဖြစ်လာတာ အဆိုးထဲက အကောင်းပါပဲ ကောင်မလေး မင်းအချစ်ကြောင့် ပြောင်းလာတဲ့ ငါ့စိတ်က တစ်ချိန်ကလွှမ်းပိုင်နဲ့ တကယ်ပြောင်းပြန်ကွဲ အပိုအကြောင်းအရာမဲ့ လျှောက်မပြောပါတကယ် မင်းလေသာယုံမယ်ဆိုရင်ကွယ် ဆုတောင်းပါတယ် အမြဲတမ်းကြုံရင်လဲ ဘယ်လိုကြုံပစေ အဆိုးအကောင်းဒွန်လိုတွဲ မင်းနဲ့အတူ ပေါင်းဖက်ချင်နေဆဲပါ တကယ်ကိုလေ လိုအပ်ဆဲပါ ဘယ်တော့မှမပြောနဲ့ ဘယ်လိုပြတ်စဲမှာ လမ်းခွဲစကားကြောင့် ငါငိုတတ်ဆဲပါ အနမ်းမဲ့အလွမ်းတွေကိုမရင်ဆိုင်ရဲတာ အခုထိငါမရင့်ကျက်သေးပါဘူး နှလုံးသားရေးမှာ ချင့်ချိန်ငါမတွေးနိုင် သဘောထားတွေလဲ တကယ်ပါ သေးငယ်သူ ပတ်ဝန်းကျင်ပြောပြောလဲ ဂရုမစိုက်ဘူး

မလိုချင်ပါ နင်နဲ့ငါနဲ့ကြား အမုန်းစကားတွေအား ဘယ်လိုအခက်အခဲတွေလာ ကာစီးပစေကွာ ဘာတွေမှမလိုအပ်ခဲ့ အခက်အခဲတွေ အတားအဆီးတွေ အကုန်ဖြတ်မယ့် မင်းပေးမယ့်အချစ်တွေနဲ့တစ်စုံလက်ပဲ ငါ့တွက်ကိုလိုတာပါ ယုံလိုက်အမြဲ နင်သာလေ ငါရဲ့အမှောင်တွေကို အလင်းပေးသူပါ နင့်ကြောင့်သာရရှိခဲ့တဲ့ ငါပျော်ရွှင်စရာများ ထာဝရအချစ်တွေပိုစေ သဒ္ဒါဝါကျတွေစီတွေး ငါရေးထားတဲ့ဒီတေးသွားနဲ့ အချစ်ဆုံးမင်းတွက်သီကြွေး

နင်လေအချိန်တွေကြာရင် မေ့သွားမလား(မမေ့ဘူး) နေချင်ပါတယ် နင်နဲ့မဝေး တစ်ဖ၀ါးမှ( ထပ်တူ ) လိုချင်ယူသွား မင်းလေးအတွက် အကုန်လုံး မညိုညင်ပါဘူး ပေးဆပ်ချင်လို့ ကံကြမ္မာကိုလေ မယုံနိုင်လို့ကြားလား ဒဏ်ရာတွေ နင်လေတစ်နေ့များမှာ ထားသွားမှာလား ဘယ်တော့မှဖြစ်နိုင်ဘူးကွာ မင်းနဲ့ လမ်းခွဲဖို့ ရှေးတိတ်ကဟောပြောခဲ့သလို မင်းကငါရဲ့လိုနေတဲ့တစ်ခြမ်းပဲမို့
(Yeah….Hmm….Yeah… Yeah….Hmh…Yeah….Yeah….)

ထား ထား ထား ထား ထား ထား အကုန်ဝဲလိုက် အချစ်ကိုမလဲနိုင်ဘူး မင်းလေးသာငါရဲ့တပင်တိုင်အချစ်ဦး ယှဉ်မထားပါဘူး ထိပ်ထားသူတစ်ဦး မင်းလောက်ဘယ်အရာမှအရာမ၀င်သွားပါဘူး ၂၄နာရီနဲ့၇ရက် ဒီတစ်သက်မဟုတ်တောင်မှငါလေ ဒီတစ်ရက် မင်းနဲ့မခွဲချင်ပါ ဘယ်လိုဘာတွက်အကြောင်းပြချက်က တကယ်ကိုမလိုအပ်ခဲ့ ဘယ်လိုပဲခွဲခွဲ ပတ်ဝန်းကျင်မလိုတဲ့အစွဲနဲ့ ရှုပ်ချတဲ့စကားတွေကိုအမြဲပဲ ကြားရလည်း ခေါင်းထဲမထည့်နဲ့ ဒီစကားတွေက အကြောင်းအရင်းမဲ့တယ် ဆုံချိန်ခဏကောင်းခြင်းပဲကွယ် ပြောကျရင်းနဲ့ခေါင်းစီးမဲ့တဲ့ အလွမ်းတွေနဲ့သောင်းပြောင်းဖွဲ့နွဲ့

ခွဲခွာဖို့ ကိစ္စက လုံးဝမရှိ အခြားလူမသိတောင်မှ မင်းတော့သိ ငါ့ရင်ဘတ်ထဲကအတွင်းနက်နက်ထဲထိမင်းကရှိနေပြီးသားအမိ ဘာဖြစ်လို့ အပေါ်ယံအကြည့်နဲ့ ကြည့်လည်း ငါကမင်းကိုမချစ်ဘူးကြီးပဲအမြဲတမ်းဆို တကယ်ဆို မင်းအကြောင်းတွေးတိုင်း ပေါက်ကရတွေ ခေါင်းခဲလို ပတ်ဝန်းကျင်အနှောင်အဖွဲ့များနဲ့ကင်းပါတယ် ဒီအကြောင်းတွေ ခေါင်းထဲမတွေးပါနဲ့ စဉ်းစားလို့လျှောက်ပြီးလည်းမတင်းပါနဲ့ ငါ့ဘ၀မှာမင်းမှ မင်းပါပဲ မြုပ်ကွက်တွေ ကင်းရှင်းပါတယ် လုပ်ဇာတ်တွေ မခင်းကျင်းပါကွယ် ဘယ်လိုထပ်လို့ ရှင်းလင်းရမလဲ မင်းစိတ်ကြိုက် ရှင်းလင်းပါမယ် အမုန်းတွေထားခဲ့ အချစ်ရေးမှာအကြောင်း အကျိုးကံမလှလို့ အဆိုးမှန်သမျှကို တို့ကြုံရလဲ အနာဂတ်ကိုသာရှေးရှုတွေးမယ် ဘာတွေအတွက်မှ စိတ်ဓာတ်မကျနဲ့ ဘယ်လိုအသက်တွေအိုကာ ပြောင်းလဲပါစေ တို့နှစ်ယောက် အချစ်ဘယ်လိုမှ မပြောင်းလဲကြေး ယနေ့မှစ သေကာသွားတဲ့တစ်နေ့ထိ မပြောင်းလဲကြေး


Wednesday, April 10, 2013

အိပ်မက်ထဲကချစ်သူ

ရေး - အငဲ
ဆို - ကြိုးကြာ၊ စင်ဒီ

အခုတလောငါညတိုင်းကွယ် အိပ်မက်တွေသိပ်ဆန်းကျယ်
ငါအရင်မကြုံခဲ့ဘူး အချစ်အိပ်မက်များ ရင်ခုန်သံတွေ မင်းပြုစား
သူငယ်ချင်းတွေက ပြောတယ် နင်ရူးနေတာဖြစ်မယ်
ဘယ်သူဘာပြောငါ့ရင်မှာ အပြင်မှာ ဆုံ့တွေပါရစေလား

အိပ်မက်ထဲက ချစ်သူ ငါစွဲလန်းလို့နေတာ
မင်းကိုချစ်တဲ့ အချစ်မျိုး မချစ်ခဲ့ဘူးပါ
အတိတ်က ဖူးစာရှင်ပဲလား
ငါမင်းနဲ့ ဆုံပါရစေသား အပြင်မှာ တကယ်ဆုံပါရစေ
အိပ်မက်ထဲက ချစ်သူ ငါသိပ်ချစ်မိနေတာ
အချစ်တွေ အချစ်တွေရင်ထဲ အသည်းမှာ
တို့တွေ့ရင်ကွာ နေပါရစေ မင်းရဲ့နံဘေးမှာ

ငါမင်းပုံတူဆေးခြယ် ငါ့အခန်းမှာ ချိတ်ထားတယ်
အိုတစ်ခါတစ်လေ ယောင်ပြီးကြားမိသလိုပဲ ခေါ်သံလိုငါ့အခန်းထဲ

ဒီညအိပ်မက်ဦးမလား တကယ်ကိုတို့ဆုံနိုင်ပါ့မလား တို့ဆုံတွေ့ပါ့မလား
ပုံပြင်တွေလိုများ မင်းနဲ့ငါ့ကြား ကျိန်စာဆိုတာမျိုးရှိသလား

အို အိပ်မက်လေး အိပ်မက်လေး အိပ်မက်လေး
တို့ တကယ်ဆုံနိုင်ပါ့မလား
10:08 AM 4/20/2013

Saturday, April 6, 2013

အိပ်မက် မက်ခွင့်ရယုံနဲ့ ကျေနပ်ရသူပါ

ရေး - အငဲ
ဆို - ကြိုးကြာ၊ စင်ဒီ

အိုး အိပ်မက် မက်ခွင့်ရရုံနဲ့ ကျေနပ်ရသူပါ
ဘာကြောင့်လဲ ဘယ်ကတည်းကလဲ
ဘာမှ မသိပါ ငါ့စိတ်ထဲ
ငါ့ရဲ့နံဘေးနား မင်းရှိရင်
ငါကြည်နူးတယ်]
အသန့်ရှင်းဆုံး နင်ပြုံးလိုက်တိုင်း လှုပ်ရှားမိတဲ့ နှလုံးသားဟာ
အလိုလို အပြစ်ဆူး စူးရပြီ
နာကျင်လို့ရယ်

ဘာပဲဖြစ်ဖြစ်ပါ ဘာပဲ ဖြစ်ဖြစ်ပေါ့
တစ်ဖက်သတ်ဘဝပါ
ဘယ်သူမှ မသိအောင် တိတ်တခိုးလေး ချစ်မယ်
တိတ်တခိုး ရင်ခုန်

ဖြူစင်တဲ့ တဖက်သတ် အချစ် စေတနာရေစီးရင်းလေ
ချစ်တဲ့ နင့်စိတ်ချမ်းသာဖို့ ငါပေးဆပ်ချင်တာ
တစ်ကယ်ပါ ကိုယ်ကျိုးစွန့် ဘာမှ မမျှော်လင့်ဘူးလေ
အိမ်မက်မက်ခွင့်ရရုံနဲ့ ကျေနပ်ရသူပါ

နင်မသိလည်း ဘာမှမဖြစ်ဘူး
ရင်ထဲချစ်မယ် တိတ်တဆိတ်ပေါ့
ပျော်ရွှင်နေတဲ့ နင့်မျက်နှာမြင်နေရရင်
ငါတကယ်ကျေနပ်တယ်
စေတနာတွေ စော်ကားနေသလို
ထင်မိတဲ့အခါ စိတ်အားငယ်
ကွယ်ရာငိုရင်း ခွင့်လွှတ်နေ ကိုယ်တိုင်နားမလည်
အချစ်က သိပ်ဆန်းကြယ်

ငါဟာနင့်အတွက်ပဲ ဒါပေမယ့်
ငါ့အတွက် ရရှိဖို့တော့ ဘာမှမလိုချင်ဘူးနော်
ငါဖန်ဆင်းတဲ့ မြစ်တစ်စင်း တစ်ဖက်ထဲ စီးဆင်းနေမယ့်
အကြင်နာမြစ်ရေ တသွင်သွင်ပေါ့ ငါစီးနေမှာ

နူးညံ့တဲ့ တစ်ဖက်သတ်အချစ်
စီးဆင်းနေမယ့် မြစ်ရေ
ချစ်တဲ့နင့်စိတ်ချမ်းသာဖို့ ငါပေးဆပ်ချင်တာ
စေတနာ ရင်ထဲမှာ
နင့်အတွက် ကိုယ်ကျိုးစွန့်ချင်
ဘာမှမမျှော်လင့်ဘူးလေ
အိပ်မက်မက်ခွင့်ရရုံနဲ့ ကျေနပ်ရသူပါ
ငါတကယ်ကို ကျေနပ်တာ

Monday, March 25, 2013

လရောင်ဝေး

ရေး -
ဆို - စင်ဒီ

နွေညရက်ရှည်တစ်ယောက်တည်းပဲ
တမ်းတမှုကမီးတောက်တစ်ခုကွယ် အချစ်ဆုံးရယ်
ဘ၀လေးဆွေးငိုနေတုန်းကွယ်
လှလှပပဖျားတတ်ခဲ့ပြီ ကဗျာလေးရယ်

အထီးကျန်ဆည်းဆာချိန်များ
တိုးဝင်မိုးတိမ်တိုက်များ
ရင်ခုန်သံ မမှန်ပါတယ်
ဒါတွေ မင်းမသိတတ်တော့ကွယ်

ကာရံမဲ့ညတွေမှောင်လွန်းတယ်
မင်းရဲ့လက်နဲ့တွန်းဖွင့်လိုက်ပါ အချစ်ဆုံးရယ်
အိပ်မက်အသစ်တွေကိုယ့်အခန်းထဲ
တိုးတိုးတိတ်တိတ်မင်းပို့လိုက်တာ သိပ်လွမ်းတယ်

မင်းကိုယ်ရိပ်ခြေသံများ
လိပ်ပြာလေးတွေရဲ့ကြား
ကိုယ်မြင်နေသလိုပါကွယ်
ဒါတွေ မင်းမသိတတ်တော့ကွယ်

(ကိုယ်ကြေကွဲရင်းနဲ့ လရောင်ဝေး
ကိုယ်မျှော်လင့်ထားရင်းလည်း လရောင်ဝေး
နှလုံးသားစောင်းကြိုးညှိ
ရာသီတွေ ရေတွက်ထားရင်း အသက်ရှင်နေ)၂
ကြင်နာသူလေးရေ

ကြင်နာသူလေးရေ

4:17 PM 3/20/2013

Friday, March 22, 2013

သူမသိလည်း

သူမသိလည်း

ရေး - ဇဝါ
ဆို - စင်ဒီ

KEY: G
INTRO: ||Am D Bm Em Am D ||
               Am        D               Bm
မနက်ခင်းတွေဆို နှိုးတတ်တဲ့ ငှက်တွေဟာ
     Em                 Am           D                 G
မိုးလင်းစ ကတည်းက အခန်းရှေ့ဆီကို အမြဲရောက်လာ
E                    Am     D                  Bm
သူ့ အကြောင်းတွေသာ နှိုးတတ်တဲ့ ငှက်ငယ်လား
Em                            Am                A   Dsus
အစောဆုံး အတွေးလေးမှာ ဝင် နေရာယူလို့လား
                  Am         D                  Bm
ကျောင်တတ်ချိန်ဆို ကျောင်းလမ်းက ပန်းတွေဟာ
      Em               Am          D             G
လှမ်းကြည်မိတိုင်းမှာ မခူးရက်သူကို ညိုတတ်တာ
E                     Am            D               Bm
သူ့ အကြောင်းတွေဟာ ကျောင်းလမ်းက ပန်းတွေလား
Em        Am        D           G
အတွေးနဲ့တင် ရင်ထဲမှာ နမ်းရှိုက် နေရတာ
သူ မသိလည်း လွမ်းနေပြီ သူ မသိလည်း လွမ်းနေမိ
လွမ်းနေမိ အချစ်တစ်ခုကို ရင်ခွင်လေးထဲမှာ
အို.....တိတ်တိတ်လေးပဲ ဆက်သိမ်းထားမှာ

ညအချန်ဆို ဟိုးအဝေးက လရောင်ဟာ အနားရောက်ခဲ့လည်းလေ
ဖမ်းဆုပ် ပိုင်ဆိုင်ခွင့် မရှိပါ သူ့အကြောင်းတွေ ဟာဟိုးအဝေးက
လရောင်လား လသာချိန်လေးမှာ ငေးကြည်ရုံပဲလား

http://mmlyric.blogspot.com/