Showing posts with label ဗလ. Show all posts
Showing posts with label ဗလ. Show all posts

Monday, March 25, 2013

မျက်ရည်

ရေး -
ဆို - ဗလ

အကြင်နာဆိုလည်း သူ့တစ်ယောက်သာ
ရင်ခွင်မှာလည်း ကိုယ်အချစ်ဆုံးပါ
ကြုံလာမယ့် ဇနီးချောလေးအဖြစ်နဲ့သာ
ရည်းမှန်းလို့ပါ

ဘယ်သူတွေပဲ တားတားကွာ
အန္တရာယ်တွေလည်း ရှင်းလိုက်မှာ
အလွန်သာယာတဲ့ ချစ်တဲ့နေ့များစွာ
အမျှော်လင့်ဆုံးပါ

အချစ်ကလေးနဲ့အတူ
အပျော်ကျူးပြီးလျှောက်လို့အမြဲပဲ လည်ချင်တာ
သူလည်းထပ်တူ ရင်ခွင်ထဲ ကြည်နူးမှုများသာ
မှောင်သောညမှာ ဖြူစင်လွန်းတဲ့အချစ်နဲ့
အလင်းအောက် ရှင်သန်ကာ
ချည်ထားတဲ့ကြိုးများ ခိုင်မာပြီလို့သတ်မှတ်ချိန်မှာ

အပျော်လွန်နေတဲ့ တို့ရဲ့ဘ၀ကို
မာရ်နတ်မင်းအလား သူဖျက်စီးပြီး
အကြံပိုင်တဲ့ သကောင့်သားရဲ့အချစ်ဟာ
ငွေနဲ့လိုက်လာ

မလွန်ဆန်နိုင်တဲ့ မိဘမေတ္တာ
မကုန်နိုင်တဲ့ ကျေးဇူးများစွာ
ဒီလိုနဲ့ပဲ ခေါင်းညိတ်လို့သာ
ဒီမောင်ကျန်ရစ်ပါ….

အချစ်ကလေးနဲ့အတူ
အတူလိုက်လို့သွားမယ့် ချစ်မျက်ရည်တွေဟာ
ကမ္ဘာကြီးရှိနေ တည်နေသ၍ ငိုကြွေးမှုများသာ
ကိုယ့်နှလုံးသားဟာ မခံနိုင်လွန်းလို့
သွေးများထွက်လို့နယ်ကျွံကာ
မျက်ဝန်းမှတစ်ဆင့်တက် လျံလာသွေးမျက်ရည်စက်ပါ

11:59 AM 3/23/2013

ဘယ်သူဖန်ဆင်းပေးတာလဲ

ရေး - ကချင်လေး (အဂူး)
ဆို - ဗလ

သူ့ရုပ်ကညိုချောပဲ မြင်သူငေးလို့မ၀တယ်
စကားလေးပြောပုံလေးက တကယ်ကိုချစ်စရာလေး
မြင်မြင်ချင်း ကိုယ်ချစ်မိပြီ
တကယ်ပါ အလှဆုံးသူရယ်..

နှုတ်ခမ်းပါးလေးကအရဲလေး နှုတ်ခမ်းနီဆိုးသလားကွယ်
ပါးလေးကအို မို့မို့.. တကယ်ကိုချစ်စရာလေး
မြင်မြင်ချင်း ကိုယ်ချစ်မိပြီ
တကယ်ပါ အကြင်နာဆုံးသူရယ်..

ချစ်မိတယ်ပြောမှ ရှောင်ဖယ်မသွားပါနဲ့
သူသွားမယ့်နေရာလေး ကိုယ်လေလိုက်ပါရစေ
ချစ်စကားလေးတွေ ပြောပါရစေ
တကယ်ပါ အချစ်ဆုံးသူရယ်..

ကျောင်းသွားရင်းလဲ မြင်ယောင်တယ်
အိပ်မက်ထဲလည်း မြင်ယောင်တယ်
မေ့လို့မရတဲ့ သူ့ရဲ့မျက်နှာလေး
အတွေးထဲလည်း သူပါနေတယ်
စိတ်ကူးထဲလည်း သူပါနေတယ်
သူ့ရဲ့အလှက ဘယ်သူဖန်ဆင်းပေးတာလဲ

12:00 PM 3/23/2013