Showing posts with label စန္ဒားလှထွဋ်. Show all posts
Showing posts with label စန္ဒားလှထွဋ်. Show all posts

Monday, March 25, 2013

အသည်းအသက်နဲ့အတူ

ရေး -
ဆို - စန္ဒားလှထွဋ်

ချစ်တယ် အသည်းအသက်နဲ့အတူ ချစ်ပါတယ်
မခွဲရက်နဲ့ချစ်ဦးညှာရယ် အချစ်ဆူးလေး စူးနေတယ်
ချစ်တယ် အဆုံးအစမရှိ ကိုယ်ချစ်နေတယ်
နှလုံးသားထဲကို ငြိနေတယ် ရင်တွေခုန်တယ်ကွယ်

အချိန်တွေတိုင်းမယ် ကိုယ်ရင်နဲ့အမျှတကယ်
သူသာပဲ အစဉ်လိုအတွေးထဲမယ် မြင်နေမိတယ်
သူ့စကားတွေကိုသာလည်း ကြားမိနေတယ်
ကန္တာရတွေ ဘယ်လိုကြမ်းကြမ်းကွယ်
သံသရာလမ်းရှည် အတူလျောက်လှမ်းကြမယ်
ရေမြေဆုံးစေ သက်ဆုံးတိုင်ကြင်နာမယ် ချစ်တဲ့သူရယ်

ချစ်တယ် အသည်းအသက်နဲ့အတူ ချစ်ပါတယ်
မခွဲရက်နဲ့ချစ်ဦးညှာရယ် ရူးရချည်ရဲ့

5:46 PM 3/22/2013

ရေလှိုင်း

ရေး -
ဆို - စန္ဒားလှထွဋ်

ရေလှိုင်းကလေးတွေ လွန့်လူးမြူးဝင့်လို့သာ
သောင်ပြင်မှာလေ ပျော်နေတာတွေ
ဟိုအဝေးကနေ လာသလားလို့
မေးလိုက်ချင်ပါတယ် အိုအဆွေ သင်ဘယ်လိုဖြေ

ကြုံဆုံတုန်း တွေ့ကြစဉ်တုန်းမလေ
ပျော်ရွှင်ပြုံး ရင်းနှီးပုံကလေးတွေ
ရင်မှာထွေးနွေး နှလုံးသားအတွေးနဲ့လေ
အိုကွယ် ပြန်ချင်ပါဘူးလို့ဆိုလေ

ရေလှိုင်းကလေးရေ ကိုယ်လည်းပဲ မင်းသို့သာ
သည်သောင်ယံဗွေ မခွာချင်ပါသလေ
ချစ်တေးကလေးတွေ ဆိုညည်းရင်း
ခရီးတစ်ထောက်မှာ ပြန်ချင်တော့ဘူးလေ

5:44 PM 3/22/2013

ပြန်လည်ဆုံဆည်းကြမယ်အချစ်ရယ်

ရေး -
ဆို - စန္ဒားလှထွဋ်

ပြန်လည်ဆုံဆည်းကြမယ်အချစ်ရယ်
မျှော်လင့်ချက်အသည်းနှလုံးလေးကိုခွဲကာပြချင်တယ်
ပြန်လည်ဆုံဆည်းကြမယ်ကွယ်
တို့ရဲ့အချစ်ကိုမိုးပွင့်ကလေးတွေသိပါတယ်

ပြန်လည်ဆုံဆည်းကြမယ်အချစ်ရယ်
တို့ရဲ့အချစ်ကိုနှင်းပွင့်ကလေးတွေသိပါတယ်
ပြန်လည်ဆုံဆည်းကြမယ်ကွယ်
တလောကလုံးလည်းတို့ရဲ့အချစ်ကို သိနေပါတယ်

ပျော်ရွှင်စရာနေ့ရက်တွေများစွာရယ်
ယုံကြည်မျှော်ကိုးစောင့်နေခဲ့ပါတယ်
ရင်မှာတွယ်တာ သံသယကလေးတစ်ခုနဲ့ပဲ
အဝေးသို့သာပဲ မပြေးနဲ့ကွယ်
အစဉ်အလာသာဓကသက်သေပြချင်တယ်
မညာချင်ပါနဲ့ချစ်သူလေးငယ်ငယ်
တစ်ချိန်ချိန်ဝယ်ပြန်လည်တွေ့တဲ့အခါမယ်
သူဘယ်လိုဖြေမလဲကွယ်

ပြန်လည်ဆုံဆည်းကြမယ်အချစ်ရယ်
မျှော်လင့်ချက်အသည်းနှလုံးလေးကိုခွဲကာပြချင်တယ်
ပြန်လည်ဆုံဆည်းကြမယ်ကွယ်
တလောကလုံးလည်းတို့ရဲ့အချစ်ကို သိနေပါတယ်

5:42 PM 3/22/2013