Showing posts with label အိစံ. Show all posts
Showing posts with label အိစံ. Show all posts

Sunday, September 22, 2013

ခတ္တာ

ရေး - ကိုနေဝင်း
ဆို - ခိုင်ထူး၊ အိစံ

စိမ်လဲ့လဲ့ည လရိပ်သန်း အချစ်နှုတ်ခမ်း အနမ်းတွေ ဖူးပွင့်ဖို့လေ
မျှော်သူကိုသံသယကြိုး ရစ်နှောင်လွှမ်းရစ်နေတုန်း သရဝဏ်ကူလှည့်ဦး
ကြင်နာတဲ့အသည်းရှိတဲ့အရပ်ညွှန်မယ်ဆို
ဝါဆိုပန်းပွင့်ဝေ ပုန်းညက်တွေကြွေပြီမို့
သိဟ်ရာသီ ဝါခေါင်မိုနဲ့ လှမ်းလာခဲ့တော့ ခတ္တာရေ

နှောင်းခက်ခက်စု အချစ်ရိပ်ဦး စွန့်သည့်မြား အသည်းမှာစူးနစ်ခဲ့လို့
သည်ဒဏ်ကို ရင်မှာထွေးပွေ့ပိုက်ထွေးထားနေတုန်း သရဝဏ်ကူပါဦး
အရင်လူဖျက်စီးခဲ့တဲ့အချစ်ပြင်မယ်ဆို
ဝါဆိုပန်းပွင့်ဝေ ပုန်းညက်တွေကြွေပြီမို့
သိဟ်ရာသီ ဝါခေါင်မိုနဲ့ လှမ်းလာခဲ့တော့ ခတ္တာရေ

ဆွေးမြည့်မြည့်နေ့ မောင့်ကိုယ်စားမလွမ်းချင်ဘူး အသက်ရယ် မင်းဆုံးဖြတ်ပြီးမှ
ယုံမယ်နော် ဒီတစ်ခါ မင်းသစ္စာမြဲရစေမေ သရဝဏ်ကူညီလို့
သည်အရင်ကြေကွဲခဲ့တဲ့အတိတ်နှင်မယ်ဆို
ဝါဆိုပန်းပွင့်ဝေ ပုန်းညက်တွေကြွေပြီမို့
သိဟ်ရာသီ ဝါခေါင်မိုနဲ့ လှမ်းလာခဲ့တော့ ခတ္တာရေ