Showing posts with label တင်ဇာမော်. Show all posts
Showing posts with label တင်ဇာမော်. Show all posts

Monday, April 29, 2013

ကြိုးငွေခြည်နဲ့ရွှေစင်အပ်

ရေး - မောင်သစ်မင်း

ဆို - တင်ဇာမော်

စကားဆုံးရောက်အောင် မေးချင်ပါရဲ့
ဘယ်လိုသဘောမျိုးနဲ့ ကြင်နာမလဲ
လွယ်လွယ်ကူကူ ချစ်ကတိပေးလို့
အမြဲတမ်းပဲ ချစ်မယ်တဲ့လား

စဉ်းစားဦး စိတ်ကူးမလွယ်ပါနဲ့
နာမည်တစ်ခုနဲ့ငွေတွေနဲ့
ဒါတွေကို ကျွန်မက မက်ချင်
ပျော်ရွှင်မှုနဲ့ အချစ်မရနိုင်

(အဓိကကျတာစည်းစိမ်မဟုတ်ဘူး
နှလုံးသားထဲက အချစ်တစ်ခုပဲ
တကယ်လိုတာကို မောင်မပေးဘူးဆို
ကျွန်မအသည်းလေးကွဲအက်သွား
ကွဲတဲ့အသည်းကို ကြိုးငွေချည်နဲ့
ရွှေစင်အပ်နဲ့ သီချုပ်လည်း /ချုပ်ခဲ့လည်း
ဒီဒဏ်ရာဟာ ဆက်လို့မရနိုင်
မောင်ရေစဉ်းစားကြည့်လိုက်စမ်း)၂
(မောင့်ရဲ့အချစ်ကို စိတ်ချရအောင်
သေချာပြော ပြောပြဦး)

1:42 PM 5/1/2013

Saturday, April 20, 2013

ဘာမဆိုဖြစ်နိုင်တယ်



ရေး - မြင့်မိုးအောင်
ဆို  - တင်ဇာမော်

ပင်လယ်ပြာတွေ ဘယ်လောက်များ ကာရံကာ ထားလို့ လဲ
ကြင်နာသူတွေ နှစ်ယောက်ကြား လာချင်လျှင် အနီးလေးပဲ
ဒီမှာ / မေးပါ မင်းရင်ထဲကို မေးကြည့်လိုက်စမ်းပါ အချစ်လား
ဒီမှာ မင်းရင်ထဲကို မေးကြည့်လိုက်စမ်း အချစ်လား
ဒီမှာ ရင်ထဲ မေးကြည့်ပါ မေးလိုက်စမ်းပါ ဒါ အချစ်စစ်လား
ဘာမဆိုဖြစ်နိုင်တယ် ရင်မှာ အချစ်စစ် အချစ်စစ်ဆို
ရွှေစင်လို မနက်ဖြန်များ တစ်ချိန်မှာ မင်းကိုဆီးလို့ ကြို
လိုချင်နေတဲ့ အိပ်မက်များ ကြယ်တွေ မဝေးဘူးလေ
မှိုင်တွေကာလေ နေမှာလား အချိန်မှီ လှမ်းခဲ့တော့
(အချစ်စစ်များလား ရေး အချိန်မှီ လာမလား ရေး)၂

Wednesday, April 10, 2013

အိမ်

ရေး - မြင့်မိုးအောင်
ဆို  - ဟန်ထွန်း၊ တင်ဇာမော်

တို့ဆောက်မယ့် အိမ်လေးရယ် လေမုန်တိုင်းနဲ့ နှင်းတွေထဲ
လဲသွားမှာ စိုးထိတ်ခဲ့ အတူတူ တို့နှစ်ယောက်ရဲ့ ရင်ထဲ
ဘယ်လိုမှ ပြောင်းလဲမသွားမယ့် အချစ်တွေ
ဒီရင်မှာ တို့နှစ်ယောက် ရှိနေလည်း

ကံကြမ္မာရဲ့ လှည့်ကွက်များ/မာယာများ အလယ်မှာ
သင်္ခါရတရားကို ဆန့်ကျင်ကာ
အချိန်တွေတိုင်း တို့ ဆုတောင်းနေတယ်
မပြိုပါနဲ့ အချစ်အိမ်လေး

တို့နှစ်ယောက်ရဲ့ အိမ်လေးရယ် ပျော်ရွှင်ခြင်းအပြည့်ရှိချင်ခဲ့
တို့ဘ၀တွေ ပေးဆပ်ခဲ့ ခိုင်မာတဲ့ အချစ်သစ္စာနဲ့
သံစဉ်တွေ လှပလွန်းတဲ့ သီချင်းရယ်
ထာဝစဉ် ကြားခွင့်ရချင်တယ်

ကြမ်းတမ်းလွန်းတဲ့ ဒီမုန်တိုင်းတွေထဲ
အတူ ရင်ဆိုင်ရဲရင့်မယ်

မပြိုပါနဲ့ အချစ်အိမ်လေး
အတူတူသာ တို့ဆုတောင်းနေ
မပြိုပါနဲ့ အချစ်အိမ် အချစ်အိမ်လေး

Tuesday, April 9, 2013

ကိုယ့်အမှား

ရေး -
ဆို  - တင်ဇာမော်

တို့အချိန်တန်ရင်တော့ခွဲရမှာပဲ ရင်ထဲနားလည်တယ်
နှလုံးသားရဲ့တောင်းဆိုမှု တစ်ခုမှတို့မရတဲ့အခါ
အချစ်ဆုံးလေး... ငိုချင်တယ်မင်းနဲ့ဝေးတဲ့ဘ၀မှာကိုယ်လေ
သေချာအဖြေရှာကြည့်လေ အလွန်အကျွံကိုယ်ကချစ်ခဲ့သော်လည်း
ဒါဟာကိုယ့်အမှားပေါ့ကွယ် ခိုင်မာနေတဲ့အချစ်အတွက်ကိုလည်း
ဝေဒနာတွေလည်းရှုးမယ် ယုံပါအချစ်ဆုံးမင်းအတွက်ပါပဲ
ဒဏ်ရာတွေနဲ့တစ်ယောက်တည်းတိတ်တိတ်စိတ်ဖြေမယ်

ပိုင်ဆိုင်ချင်တာအချစ်ရဲ့မက်ဆိုးအိပ်မက်ဖြစ်နေလည်း
စွန့်လွှတ်ဖို့ပြောရင်လည်း မင်းစိတ်ကြိုက်ဖြစ်ရအောင်ကိုယ်ကြိုးစားမယ်
ငိုချင်တာတစ်ခုတော့ခွင့်လွှတ်နားလည်ပါကွယ်
သေချာအဖြေရှာကြည့်လေ အလွန်အကျွံကိုယ်ကချစ်ခဲ့သော်လည်း
ဒါဟာကိုယ့်အမှားပေါ့ကွယ် ခိုင်မာနေတဲ့အချစ်အတွက်ကိုလည်း
ဝေဒနာတွေလည်းရှုးမယ် ယုံပါအချစ်ဆုံးမင်းအတွက်ပါပဲ
ဒဏ်ရာတွေနဲ့တစ်ယောက်တည်းတိတ်တိတ်စိတ်ဖြေမယ်

ဝေးဝေးသွားတဲ့မင်းနဲ့တို့ ဇာတ်လမ်းလေး
အချိန်တွေကြာရင်မင်းဘယ်အခါမှတ်ပေး....
သေချာအဖြေရှာကြည့်လေ အလွန်အကျွံကိုယ်ကချစ်ခဲ့သော်လည်း
ဒါဟာကိုယ့်အမှားပေါ့ကွယ် ခိုင်မာနေတဲ့အချစ်အတွက်ကိုလည်း
ဝေဒနာတွေလည်းရှုးမယ် ယုံပါအချစ်ဆုံးမင်းအတွက်ပါပဲ
ဒဏ်ရာတွေနဲ့တစ်ယောက်တည်းတိတ်တိတ်စိတ်ဖြေမယ်