Showing posts with label ခင်ဝမ်း. Show all posts
Showing posts with label ခင်ဝမ်း. Show all posts
Saturday, October 14, 2017
Sunday, March 24, 2013
ဧရာဝတီ
ရေး - ခင်ဝမ်း
ဆို - ခင်ဝမ်း
တိမ်တိုက်တွေရဲ့အဆုံး
အနောက်ဘက်က. အဝေး မိုးကုတ်တစ်နေရာမှာ
နေရောင်တချို့ ရှိနေသေး
မြူတွေဆိုင်းနေတဲ့ ရခိုင်ရိုးမရဲ့အရိပ်
ဟိုဘက်ကမ်းခြေ မြစ်ရိုးမှာ
မှောင်မိုက်နေပြီ
အေးမြတဲ့ မြောက်လေကြောင်းကို
ဆန်ပြီး ပျံသန်းခဲ့တဲ့ ငှက်ကလေးတွေ
အလင်းရောင်က မရှိမဲ့ ရှိမဲ့..
ခရီးဝေးကို ပျံသန်းခဲ့ရလို့
ပင်ပန်းခဲ့ပြီလား
ခရီးဖော် အပေါင်းအသင်းတွေနဲ့
မိုးမချုပ်မီ အိမ်ကို ပြန်ခဲ့ပြီ
ဧရာဝတီ..ဧရာဝတီ..ဧရာဝတီ
(တည်ငြိမ်တဲ့ သူ့ရဲ့ရေအလျဉ်
ရင့်ကျက်တဲ့ ရေပြင်)2
ကြည့်လိုက်စမ်းပါ ခမ်းနားတဲ့သူ့ရဲ့အသွင်
မဟာသဘာဝအရှင်
ဧရာဝတီ ဧရာဝတီ ဧရာဝတီ
မှိုင်းညို့တဲ့ အေးမြခြင်း
လောကရဲ့ အမိုး ကောင်းကင်တစ်နေရာမှာ
ငွေကြယ်ကလေး လင်းလက်နေခဲ့
အပြာရောင်သမ်းနေတဲ့
ငွေညရဲ့အောက်
တစ်ကိုယ်တော် ခရီးကိုထွက်ဖို့
မြစ်မင်းဟာ ခရီးဆက်ခဲ့ပြီ
ဧရာဝတီ..ဧရာဝတီ..ဧရာဝတီ
(တည်ငြိမ်တဲ့ သူ့ရဲ့ရေအလျဉ်
ရင့်ကျက်တဲ့ ရေပြင်)၂
ကြည့်လိုက်စမ်းပါ ခမ်းနားတဲ့သူ့ရဲ့အသွင်
မဟာသဘာဝအရှင်ဧရာဝတီ ဧရာဝတီ ဧရာဝတီ
5:07 PM 3/20/2013
ဆို - ခင်ဝမ်း
တိမ်တိုက်တွေရဲ့အဆုံး
အနောက်ဘက်က. အဝေး မိုးကုတ်တစ်နေရာမှာ
နေရောင်တချို့ ရှိနေသေး
မြူတွေဆိုင်းနေတဲ့ ရခိုင်ရိုးမရဲ့အရိပ်
ဟိုဘက်ကမ်းခြေ မြစ်ရိုးမှာ
မှောင်မိုက်နေပြီ
အေးမြတဲ့ မြောက်လေကြောင်းကို
ဆန်ပြီး ပျံသန်းခဲ့တဲ့ ငှက်ကလေးတွေ
အလင်းရောင်က မရှိမဲ့ ရှိမဲ့..
ခရီးဝေးကို ပျံသန်းခဲ့ရလို့
ပင်ပန်းခဲ့ပြီလား
ခရီးဖော် အပေါင်းအသင်းတွေနဲ့
မိုးမချုပ်မီ အိမ်ကို ပြန်ခဲ့ပြီ
ဧရာဝတီ..ဧရာဝတီ..ဧရာဝတီ
(တည်ငြိမ်တဲ့ သူ့ရဲ့ရေအလျဉ်
ရင့်ကျက်တဲ့ ရေပြင်)2
ကြည့်လိုက်စမ်းပါ ခမ်းနားတဲ့သူ့ရဲ့အသွင်
မဟာသဘာဝအရှင်
ဧရာဝတီ ဧရာဝတီ ဧရာဝတီ
မှိုင်းညို့တဲ့ အေးမြခြင်း
လောကရဲ့ အမိုး ကောင်းကင်တစ်နေရာမှာ
ငွေကြယ်ကလေး လင်းလက်နေခဲ့
အပြာရောင်သမ်းနေတဲ့
ငွေညရဲ့အောက်
တစ်ကိုယ်တော် ခရီးကိုထွက်ဖို့
မြစ်မင်းဟာ ခရီးဆက်ခဲ့ပြီ
ဧရာဝတီ..ဧရာဝတီ..ဧရာဝတီ
(တည်ငြိမ်တဲ့ သူ့ရဲ့ရေအလျဉ်
ရင့်ကျက်တဲ့ ရေပြင်)၂
ကြည့်လိုက်စမ်းပါ ခမ်းနားတဲ့သူ့ရဲ့အသွင်
မဟာသဘာဝအရှင်ဧရာဝတီ ဧရာဝတီ ဧရာဝတီ
5:07 PM 3/20/2013
Tuesday, March 19, 2013
နှုတ်ဆက်ခဲ့ပါတယ်
ရေး - ခင်ဝမ်း
ဆို - ရင်ဂို
နှုတ်ဆက်ခဲ့ပါတယ်
ကျွန်တော်သွားတော့မယ်
လမ်းရဲ့ သယ်ဆောင်ရာဟိုအဝေးကို
အဝေးကို
လွမ်းတတ်ရင်လည်း
လမ်းမှာပဲလွမ်းတောမယ်
လေထန်ရင်လည်း
လေဆန်ကိုရှောက်မယ်
ငိုကြွေးခြင်းကို
စွန့်လွှတ်ခဲ့ပြီ အားလုံး
အဆင်ပြေသွားမှာပါ
ကံကြုံရင် ပြန်ဆုံဦးမယ်
ပျော်ရွှင်ပါစေလို့
ဆုတောင်းပါတယ်
ကျွန်တော်သွားတော့မယ်အားလုံးကို
ခွဲထားရစ်ခဲ့ပြီး
အရာရာကို စွန့်လွှတ်ထားခဲ့ပြီး
တစ်ချို့တကွေ့တွေ့ကြရင်
(ခွဲခွာဖို့
ရင်နာကြုံခဲ့ပြီ)
မုန်တိုင်းစင်ရော်
ရေး - ခင်ဝမ်း
ဆို - ရင်ဂို
သာယာတဲ့လေညှင်း
အေးချမ်းစွာ လေဟုန်စီးပြီ
ပျော်မြူးကာ
ဘဝအလှည့်အဆင် မသင့်
ငှက်စင်ရော်မှာ
ရုတ်တရက် မုန်တိုင်းကျရောက်လာ
မိုးမှောင်မည်းမည်း
လျှပ်ပြက်လာ အညှာအတာ
ကင်းမဲ့ အားငယ်စရာ
တစ်ကိုယ်တည်း အဖော်ဝေး
ကမ်းမမြင်သာ
ပျံသန်းရင်း လေပြင်းကျော်ဖြတ်ရှာ
Cho: မျှော်လင့်ချက်
အနာဂတ်တစ်နေရာ
အေးချမ်းတဲ့
ဘဝရောက်ရမှာ
တည်ငြိမ်တဲ့
အသိတရား ရင်ထဲတည်ဆောက်ကာ
အားငယ်နေလည်း
(အားငယ်နေလည်း)
အားငယ်နေဆဲ
(အားငယ်နေဆဲ)
အံကိုခဲကာ
ပျံဝဲပျံနေဆဲပါ
(မုန်တိုင်းစင်ရော်လေးရယ်)၂
ပျံနေဆဲ ရှာဆဲ
အေးချမ်းရာ မမျှမတတဲ့ဘဝရဲ့ကံကြမ္မာ
လမ်းပျောက်ရှာတဲ့
ငှက်စင်ရော်မှာ
မုန်တိုင်းဒဏ်ချက်လူးလှိမ့်ကာ
(Cho:)
10:08 PM
3/4/2013
လွမ်းတဲ့ညတွေ လွမ်းပါစေ
ရေး - ကိုနေဝင်း
ဆို - ရင်ဂို
အချစ် မင်းကိုလွမ်းရတဲ့ညတွေလွမ်းပါစေ
သည်းအသက်ကို
နှင်းဆက်ဆက်မယ်လေ ကို့ရင်ကို
ငြိမ်းအေးရအောင်သာယာသံ
စကားနဲ့ အတူ
ကြင်နာသူဆီ
လှမ်းလာလှည့်ဦး
အချစ် မင်းအရိပ်ဟာကိုယ့်အသက်သေ
အရဲ့စွန့်မယ်မေ
မင်းအတွက်ဆို ကိုယ့်ဘဝကို
အရဲစွန့်
မယ်မေ တကယ်ဆို ပန်းမခင်းတဲ့
လမ်းခရီးအတွက်
အလွမ်းသီချင်းလေးတွေ အချိန်တန်
အိပ်စက်တော့လေ
ဆိုပါဦး
(မချစ် မင်းကိုလွမ်းရတဲ့
ညတွေ လွမ်းပါစေ)
တွဲလက်ခိုင်မြဲရပါစေ
သိပ်ချစ်တဲ့ တို့ရဲ့ဘက်ကို
သက်သက်ညှာပါမေ
တစ်သက်နှစ်ကိုယ်တူ နီးရဖို့ရယ်
ကိုယ်ခေါ်ရင်
လှမ်းခဲ့တော့
ကြင်နာသူရေ
ဆီးကြိုမယ်လေ
(အချစ် မင်းကို
လွမ်းရတဲ့ညတွေ လွန်ပါစေ)
Subscribe to:
Posts (Atom)
