Showing posts with label ယုဇန. Show all posts
Showing posts with label ယုဇန. Show all posts

Friday, April 5, 2013

ရှင်နဲ့ကျွန်မ

ရေး - အငဲ
ဆို - ယုဇန 

လူကိုမြင်ရင် ရှင့်ရဲ့ ညှို့ မျက်လုံးတွေ ခဏလေး  ထိန်းကာချုပ်ပြီး
ဘာမှမသိသလို ရှင်ဟာလေ အကြည့်ကိုရှောင်ပြီး ပုန်းမှာလား
အရမ်းပဲ ရိုးသားလွန်းတဲ့ အချိုးမျိုးထားပြီး ဘယ်လိုများ ငြင်းဦးမှာလဲ
တကယ်တော့ ကျွန်မကို မညာနိုင်အောင် ရှင်ချစ်တာ လူတိုင်းသိနေတယ်

ကျွန်မကို  ချစ်တယ်  ပြောပါတော့ကွယ်
စောင့်နေရသူ မောပြီပေါ့ကွယ်
ရှင်ဘာကြောင့်များ   နှောင့်နှေးနေလဲ
ဒါဆိုရင်   ကျွန်မစကားလေးနားထောင်တော့
ရှင့်ကိုချစ်တယ်   ကြားရဲ့ လားကွယ်
အထပ်ထပ်ပြောမယ်   အသည်းလေးကျွန်မပေးမယ်
တကယ်ဆိုရင် ရှင်ယောက်ျားမဟုတ်ဘူး
ဒီမှာ  အိပ်မက်တွေ  မက် ရေး … ရေး

ရှင် ဒီအတိုင်းဆက်ပြီးတော့
အချစ်စိတ်အောင့်နိုင်အောင် ကျွန်မက မနေနိုင်ဘူး
ဘယ်သူက ရှင့်ကို ရိုက်နှက်လို့ 
အချစ်ကို ရှောင်ပြေးခိုင်းနေလဲ
ကျွန်မက မိန်းမသားပဲ
ရှင့် သတ္တိတွေ စုပြီး ပြောလှည့်ပါလား
ရှင် ပြောသင့်တာ ကြာနေပြီလေ
အချစ်ကို  ရှင်တော့   နားလည်မလား