Showing posts with label ရင်ဂို. Show all posts
Showing posts with label ရင်ဂို. Show all posts

Sunday, April 21, 2013

ငါဘိုဘိုဟန်နင်ဘယ်သူလဲ



ရေး - ပုဏ္ဏက
ဆို - ရင်ဂို

အသည်းနှလုံးကို ပန်းသီးလေးလို
အအေးခန်းသေတ္တာထဲမှာ ထားစားရန်
ကျားရဲတစ်ကောင် သိုးမလေးလို
ပြုံးတုံး မပြုံးတုံးလေးနဲ့ မခို့ တရို့ ကြည့်သည်

နင်ဘယ်သူလဲ ငါဘယ်သူလဲ
တကယ်ဆို လူလူချင်းပဲ မထူးဆန်းဘူး
ချစ်တာ ဆန်းသလား ကဲ ပြောစမ်း
နင်ကလေးကလှတော့ တစ်ဘက်သတ် ချစ်မိငါ
မိန်းမလှလေးရဲ့ အသည်း ဘယ်လိုရှိမလဲ
သြော် ရည်းစားတွေမထားဘူးပါတဲ့
ငါဘိုဘိုဟန်ပါ အချစ်

အသည်းနှလုံးကို ပန်းသီးလေးလို အအေးခန်းသေတ္တာထဲမှာ
ထားစားရန် ကြိုးစားတဲ့ သိပ်လှတဲ့
ဟေ့ ကောင်မလေး နင်ဘယ်သူလဲ

Monday, April 1, 2013

ခွဲခွာခြင်းမှတ်တိုင်

ရေး - နောင်နောင်
ဆို - ရင်ဂို


နှုတ်ဆက်တော့မှာလားသံသရာ ဒီရထားနဲ့ အိုး  ကျောခိုင်းရမှာတော့မလွယ်ဘူးချစ်သူရေ
ဒုက္ခဖိနပ်တစ်ရံ နဲ့ငါဟာမျှော်လင့်ခြင်းမဲ့  ဟိုး  ကမ္ဘာရဲ့အဝေးဆုံးမှတ်တိုင်များရှိသော အသည်းကွဲသမား

မင်းမုန်းတဲ့ညတွေမှာငါ ရူးသွပ်နေပြီ မေရေ လမ်းပြပေးခဲ့ဦးမသေချာတဲ့ခရီး
(မင်းရှိတဲ့ကမ္ဘာမှာနေချင်တာပေါ့ အချစ်ရယ် )
သံသရနဲ့တို့ဝေးပြီ / အချစ်လေး
အိုသံသရရဲ့ရထားကြီး /အိုး မင်းတားနိုင်ပါတယ်

11:14 PM 4/9/2013

ရေစုန်မျှောလိုက်ပြီ

ရေး - ရင်ဂို
ဆို - ရင်ဂို


ရင်ခုန်သံတွေမချိုခဲ့သော အတိတ်ကဇာတ်လမ်းတစ်ပုဒ် မဖြစ်နိုင်ခဲ့တဲ့ဘဝလမ်းနှစ်ခု
အခြေအနေတွေခြားခဲ့ပြီ အသစ်ရှာဖွေခဲ့သော ရင်ခွင်မှာဆွေးမနေတော့ဘူး အားလုံးရေစုန်မျှောလိုက်ပြီ

ကြည်ပြာရောင်နဲ့  နှလုံးသားငါ့အချစ်စိတ်များအားလုံး လရောင်ကင်းမဲ့ညလေးတစ်ခု
မင်းဆီအကုန်ငါထားခဲ့မယ် အဝေးဆုံးဘဝရဲ့အလွမ်းမော ကိုယ့်ဘဝမှာမလိုတော့ဘူး
အားလုံးရေစုန်မျှောလိုက်ပြီ

ကဗျာစာပေ မဂ္ဂဇင်းသီချင်းများမှာရင်ခုံတယ် စကားလုံးများအသစ်အဆန်းဖွေရှာ
ဂန္တဝင်ဆန်ရည်းစားစာ မင်းတစ်ယောက်ကိုအချစ်ဆုံးယုံကြည်ပါ ကိုယ့်ဘဝမှာမလိုတော့ဘူး
အားလုံးရေစုန်မျှောလိုက်ပြီ

အိုမိုင်ဒါလင် ဒီလိုနှုတ်ဆက်ဝေးပြီဘေးဘီ မင်းရဲ့အနာဂတ်များပျော်ရွင်အောင်ငါဆုတောင်းပေးမယ်
လူ့ဘဝ့အတိုဆုံးအချိန်တွေမှာ ဆွေးမနေချင်ဘူးအားလုံးရေစုန်မျှောလိုက်ပြီ
အားလုံးရေစုန်မျှောလိုက်ပြီ အားလုံးရေစုန်မျှောလိုက်ပြီ

6:41 PM 4/9/2013