Showing posts with label ဘလေ့ဇ်. Show all posts
Showing posts with label ဘလေ့ဇ်. Show all posts

Friday, April 19, 2013

အိုညတွေ

ရေး - နောနော်
ဆို - Blaze

ကြယ်တွေဝန်းရံထားတဲ့ညတွေအလယ် ဘာလိုအပ်နေသလဲ
ငါထိုင်တွေးနေတုန်း မင်းရင်ခွင်တမ်းတမိတယ်
ပုံပြင်တစ်ပုဒ်လိုပဲ ငါတို့အခြေအနေ ဇတ်သိမ်းခဲ့တယ်
တစ်ကိုယ်ရည်ညတွေတိုင်း ငါလွမ်းနေတယ် အတိတ်ကနေ့တွေ
ရှေ့ဆက်ဖို့သိပ်ခက်နေတယ် ဒါမင်းမရှိလို့အချစ်ရယ်
ဟိုးတုန်းကညတွေရယ် ပြန်ရဖို့ဆုတောင်းနေ ရေး
(အိုညတွေ အိုညတွေ အိုညတွေ မဖြတ်သန်းရဲ မဖြတ်သန်းရဲ
အိုညတွေ အိုညတွေ အိုညတွေ အိုငါ့အတွက် မလိုအပ်တော့

10:28 PM 4/17/2013

Wednesday, April 10, 2013

ဒါဟာဘဝပါ


ရေး - အရိုး
ဆို - Big Bag

ရေဒီယိုကိုဖွင့်ထားပါ အသံတွေထဲမှာ တစ်ခုခုမင်းရနိုင်တယ်
အဆင်ပြေလာရင် ငိုလိုက်ပါကိစ္စပေါင်းစုံ တံခါးခေါက်ထပ်ရောက်လာမယ့်
သေမင်းနဲ့မင်းက ငယ်သူငယ်ချင်းပါ သူဟာမင်းကိုအကောင်းဆုံးစောင့်ရှောက်ပါရဲ့
ပြတင်းပေါက်ကနေ လေချွန်လိုက်ပါ အမှောင်ရိပ်ထဲမှာ တစ်ယောက်ယောက်စောင့်ကြည့်နေမယ်
ဒါဟာဘဝပေါ့ မြေကြီးနဲ့ ကောင်းကင်ကြားက ရသလောက်ပါပဲ
ဒါဟာ ဘဝပေါ့ အဖုံးဖွင့်ထားရင် မင်းအကြောင်းမင်းတွေ့နိုင်မယ်
ဒါဟာ ဘဝပေါ့ကလေးတစ်ယောက်လိုခြေထောက်ဆောင့် စိတ်ကောက်နိုင်တဲ့
ဒါဟာ ဘဝပါ အဘိုးကြီးတစ်ယောက်လို တုတ်ထောက်ရပ်စောင့်နိုင်ရဲ့
အစီခံအတိုတွေ သွန်လိုက်ပါ ပြာခွက်ထဲမှာ အတွေးနဲ့ ထပ်ဖြည့်နိုင်တဲ့
ရယ်သံအဆိုးတွေ ယူလိုက်ပါ လူတွေအကြောင်းကို အကောင်းနဲ့ထပ်ဖြည့်နိုင်တဲ့
အသည်းကွဲဖူးရင် မှတ်ထားပါ ရန်သူငါးပါးမှာ နောက်ထပ် ထပ်ဖြည့်နိုင်တဲ့
မက်ကင်းနစ်တစ်ယောက်ခေါ်ပြင်လိုက်ပါ Congratulation မင်းဟောင်းတွေ့မယ်
ဒါဟာဘဝအတွက် မင်းနားအသက်ရှင်အသက်ရှင် စဉ်းစားမှားယွင်းနိုင်တယ်
ဒါဟာဘဝပါ စိတ်ကလွဲရင် အားလုံးထက်မြန်ပါရဲ့
ဒါဟာ ဘဝပါ မင်းကလွဲရင် လူတိုင်းရိပ်မိပါရဲ့
ဒါဟာ ဘဝပါ ရသလောက်နဲ့နေရဲဖို့ ကြိုးစားနိုင်ရဲ့
မှန်တယ်ထင်ရင် ဆက်တွေးပါ စေတနာကောင်းရင် သတင်းကောင်းကြားရနိုင်တဲ့
အကူအညီလိုရင်ယူလိုက်ပါ
မစဉ်းစားတတ်ရင်
စိတ်ထဲက အတိုင်းဝန်ခံလိုက်ပါ ငါ့ကိုသွားခဲ့ လမ်းမှာ တံတားတွေခင်းထားတယ်

9:35 PM 4/20/2013

Big Bag

အပြစ်ရှိသူ

ရေး - ရွှေဂျော်ဂျော်
ဆို - Big Bag

အပြစ်ရှိသူ ကိုယ့်အားပေးအပ်ထားတဲ့ မင်းရဲ့အမုန်းများကို
ခံယူဖို့လုံးဝမဖြစ်တဲ့လောကကြီးမှာ
ကိုယ်တစ်ယောက်တည်း အမှောင်ညထဲ လမ်းပျောက်ာ
မိုးထက်က လမင်းကြီးကိုယ့်ရဲ့ အပြစ်တွေ ဆေးကြောပေးလှည့်ပါ
ဖြူစင်တဲ့ ပန်းပွင့်လေးလို ချစ်သူလေးကို နာကျင်ခြင်းဝေဒနာများ မပေးရက်ပါ
ကိုယ်မှားခဲ့လည်းကွယ် ကိုယ့်ကြောင့်မင်းလေးငိုရပြီ
ဒါလောကကြီးရယ်ဘဲ (မခံနိုင်ဘူး)၂
အပြစ်ရှိသူ ကိုယ့်အားကိုယ့်ရဲ့ အပြစ်တွေအားလုံးပေးအပ်ပါ
ဒါပေမယ့် အသက်လောက်ချစ်တဲ့သူ့ကို ပြောပေးပါ
ကိုယ်တစ်ယောက်တည်း အမှောင်ညထဲ သွားတော့မယ်
(မေ့လိုက်ပါ)၂

9:20 PM 4/20/2013

Big Bag

ဒုက္ခရောက်ပြီ


ရေး - ရသ
ဆို - Big Bag

ငါလေ စိတ်တွေပြောင်းချင်လိုက်တာ
ဒါပေမယ့် ဘာအတွက်လဲ
တစ်ချိန်ချိန်ကျရင် မေ့နိုင်မလားလို့ ထင်နေခဲ့ ဒါပေမယ့်
ပြေးထွက်လို့လည်း မရတဲ့ အရိပ်များက
ငါ့ရဲ့နောက်က လိုက်ကာနေလား
ခွေနေမယ် ချောင်တစ်ချောင်ထဲမှာ
အသေကောင်လို အယောင်ဆောင်ဆဲပါ
ပြေးထွက်လို့လည်း မရတဲ့အရိပ်များက ငါ့ရဲ့နောက်က လိုက်ကာနေလား
ကြုံရင်ဝင်လာပါဦးအမိ ဒုက္ခရောက်ပြီ
မိုးလင်းမိုးချုပ် ငါစဉ်းစား ဒီအတွက်ငါရှင်းမသွား
မဖြစ်သေးဘူး ဒုက္ခရောက်ပြီ
ငါ့မှာ အချစ်တွေရှိသေးလား အသစ်တွေကဟောင်းမသွား
မဖြစ်သေးဘူး ဒုက္ခရောက်ပြီ
နေရောင်တွေထဲမှာ ညဥ့်တွေနက်လာလို့ အရောင်တွေမွဲ
ငါဘာကောင်လဲ ဖုန်မှုန့်များကို တစစီဆက်ကာ
ပြန်ရှာဝေခွဲတော့ ဒဏ်ရာတွေပဲပေါ့

9:16 PM 4/20/2013

Big Bag

ပြန်လာခဲ့

ရေး - L ဆိုင်းဇီ
ဆို - L ဆိုင်းဇီ

ရက်စက်သွားတဲ့အချစ်ရယ်
လှည့်စားကာ အဝေးထွက်သွားပြီ
ရက်ရက်စက်စက် နှလုံးသားကို ခွဲကာ

မုသားတွေပြောတဲ့စကားကို
အထင်ကြီးကာ ချစ်ခဲ့မိတော့
မင်းအထိအတွေ့ကြောင့်
မလွတ်မြောက်နိုင်ဘူးပေါ့

ချစ်သူရေ ရှောင်ဖယ်နေခဲ့ သိပ်ချစ်တယ်ဆိုပြီး အခုတော့ ဘယ်မလဲ
တမ်းတရင်းနဲ့ အလွမ်းအပြည့်ပဲ မင်းပြန်လာခဲ့ ကိုယ့်ရင်ထဲ

အနိုင်ယူကာ မင်းထွက်သွားလည်း
နာကျင်အောင်ရက်စက်ခဲ့လည်း
ခွင့်လွှတ်ခြင်းနဲ့ ဆက်ချစ်နေမြဲလေ

ပြန်ခဲ့

6:01 PM 4/19/2013

L ဆိုင်းဇီ

ကြုံတွေ့ဖူးသလား

ရေး - ဟန်ထူးလွင်
ဆို - Big Bag

တွေ့ခွင့်မရ အချိန်တွေရယ် များလွန်းသလား
ဘယ်ဝဋ်ကြွေးကြောင့် မင်းနဲ့မနီးစပ်တာ
အဖြေရှာမရ အတူနေဖို့က အဝေးကြီးမှာ ငါစောင့်စား
စုံတွဲလေးများ အတူတူယှဉ်တွဲသွားကြ
မနာလိုစိတ်နဲ့ကြည့်ရ ငါ့အဖြစ်ကို မြင်ရဲ့လား
ဒီလိုအချိန်ရောက်မှ နောက်လှည့်ဖို့ပြင်ဆင်မလား ဒီအတွေးနဲ့ငါ့မှာ

မင်းနဲ့ငါ ဘာဆက်ဖြစ်ကြမှာ ကြိုတင်တွေးထားသလား
ပြန်ပြီးပြောခဲ့ပါ ငါမျှော်လင့်နေတာ အကုန်ပျက်စီးသွားမလားကွာ
ငါ့အဖြစ်ကို တစ်ချက်စဉ်းစားကြည့်ပါ နေနိုင်တဲ့နင့်အတွက် ငါဘာမှ မပြောတော့ပါ
ဒီအနာဂတ်တွေဟာ အိပ်မက်တော့ မဟုတ်ဘူးကွာ
နင်အလုပ်ရှုပ်နေချိန် ငါအကြောင်းလေးများ
တစ်ခါတစ်လေ စဉ်းစားဖူးသလား မမေးတော့ပါ
အဖြေက ငါထင်တာများနဲ့ လွဲလို့သာနေရ

အိပ်မက်တော့ မဟုတ်ဘူးကွာ
အိပ်မက်တော့ မဟုတ်ဘူးကွာ
အိပ်မက်တော့ မဟုတ်ဘူးကွာ

5:40 PM 4/19/2013

Big Bag

အလွမ်းရဲ့ည

ရေး - မောင်မောင်ဇော်လတ်
ဆို - L လွန်းဝါ

ကိုယ်ချစ်တဲ့လမင်းရယ်
မင်းအကြောင်းကိုအမြဲ
ခိုလှုံချင်တယ် အိပ်စက်ပြီး
မှောင်သောညကိုယ်တစ်ယောက်တည်း
အထီးကျန်ရင်းဝမ်းနည်း ရင်မှာဆွေးမြေ့ပြီး
သန်းခေါင်ယံညထဲ မင်းပါ ကလေးရယ်
ဘာမဆိုကိုယ်အမြဲ စွန့်လွတ်ရဲတယ် တိုင်တည်ပြီးထားခဲ့

ဒီညကိုယ့်အတောင်ပံများကိုဖြန့်ရင်း မျှော်လင့်ချက်များစွာနဲ့
အလိုချင်ဆုံးဆန္ဒ တောင့်တဖို့မလွယ်ဘူး အချစ်ရယ်
ကြယ်စုများဆီမှာ အို ဒါ အလွမ်းရဲ့ည

အတိတ်နေ့ရက်တို့ ပြန်လည်သတိရ
ကလေးနဲ့ကိုယ့်ကမ္ဘာငယ် ဖန်ဆင်းခဲ့ကြ
ဖေးမရင်းနဲ့ကူညီပါ ဆုံဆည်းခွင့် အိပ်မက်များ

5:28 PM 4/19/2013

L လွန်းဝါ

Tuesday, April 9, 2013

ချစ်သူ

ရေး  - မျိုးကျော့မြိုင်
ဆို   - L လွန်းဝါ

ဘယ်အချိန်ခါမဆို ထာဝစဉ် ပြုံးရွှင်နေတတ်တဲ့ ကိုယ့်ချစ်သူ
တစ်ခါတစ်ခါ သူစိတ်တိုင်းမကျတောင် အစဉ်အားပေးတတ်တဲ့သူ
ကိုယ်ပျော်ရင် သူလည်းပျော်မယ် ကိုယ်ငိုရင် သူလည်းငိုမယ်
တစ်ခါတစ်လေများ အပြင်ပြဿနာတွေ ယူလာပြီး သူစိတ်မချမ်းသာအောင်

ပြန်လည်တွေးတိုင်း သနားလို့လာတယ် ဘယ်သူနဲ့မှ မတူဘူး ဟူး
အနိုင်ယူတတ်တဲ့ ကိုယ့်တစ်ယောက်ကိုကွယ်
ခွင့်လွှတ်ရင်း အမြဲဂရုစိုက်တတ်တဲ့ ကိုယ့်ချစ်သူ

ဘယ်အချိန်အခါမဆို ကိုယ့်အနားမှာ အတူရှိတဲ့ ကိုယ့်ချစ်သူ
ကြာလာလေလေ ပိုချစ်လာလေ တကယ်ပြည့်ဝလွန်းတဲ့သူရယ်
သူပျော်ဖို့ ရှေ့တန်းတင်မယ် ဒီသီချင်းနဲ့ ကိုယ်တောင်းပန်မယ်
သူနေချင်တဲ့ ဘ၀မျိုးမှာ အတူနေနိုင်ဖို့ ကိုယ်လေ ကြိုးစားမယ်

ဒီသီချင်လေး သူ့အတွက်ဆိုမယ် ကြင်နာတတ်တဲ့သူ့အကြောင်းတွေ
ပြန်လည်တွေးတိုင်း သနားလို့လာတယ် ဘယ်သူနဲ့မှ မတူဘူး ဟူး
အနိုင်ယူမိတဲ့ ကိုယ့်တစ်ယောက်ကိုကွယ်
ခွင့်လွှတ်ရင်း အမြဲဂရုစိုက်တတ်တဲ့ ကိုယ့်ချစ်သူ

L လွန်းဝါ

ထပ်မဆုံတဲ့ဘဝ

ရေး - စံပီး
ဆို - L လွန်းဝါ

မင်းအနားနေနိုင်ချိန်လေး
ရှိနေခိုက် ဂရုမစိုက်မိခဲ့သူ
ဝေးကွာမှ မနေတတ်ခဲ့ပြီ

မင်းမျက်ဝန်းကြင်နာတွေလည်း ရှိနေခိုက် နင်ငါ့အပြစ်ခွင့်လွှတ်လည်း
အခုချိန်မှ မင်းအနား

ပြန်မလာနိုင်တော့ ငါလိပ်ပြာမလုံဘူး
မင်းထားခဲ့လိုက်ပါ ငါလေ အရမ်းချစ်ခဲ့လည်း
မင်းအနား ပြန်မလာတော့ ငါ လိပ်ပြာမလုံဘူး
မင်းထားခဲ့လိုက်ပါ ဒါဟာ ငါ့အတွက်တသက်စာ အလွမ်းများ

ဝေးလွင့်ပြီးမှ မင်းရဲ့အနားမလားတော့ဘူး
ခွင့်လွှတ်ခြင်းနဲ့ မင်းက စောင့်နေလည်း
သံယောဇဉ်လေးတွေ မဆုံးပေမယ့်
နီးစပ်ဖို့ အခွင့်အတွက် ဒီအချိန်မှာ မင်းအနား

L လွန်းဝါ

Sunday, April 7, 2013

မင်္ဂလာဆောင်ကိုရွေ့လိုက်တော့

ရေး - ဟန်ထူးလွင်၊ ရဲမြင့်သူ
ဆို - Big Bag

နှစ်ယောက်တည်းပဲ နေချင်ပြီ မင်းကပြောတော့ ငါလက်တွေ့ ကျကျ
စဉ်းစားကြည့်ဖို့   လိုလာပြီပေါ့ စိတ်ကူးထားတာတွေဟာ
ဘယ်လိုမျိုးလဲ ဖမ်းဆုပ်မရတဲ့ အိပ်မက်တစ်ခု နင်လိုချင်ခဲ့

အတွေးထဲမှာတော့ မီလျံနာကြီးပဲ ဟိုနား ဒီနားသွားရင်
မာစီဒီးနဲ့  အင်းယျားမြိုင်ထဲမှာ ခြံအကျယ်ကြီးရယ်
မင်္ဂလာဆောင်ကို ရွေ့ လိုက်တော့
ငါသူဌေးကြီးဖြစ်တဲ့ အချိန်ကို စောင့်လိုက်ပါတော့ …

သူများရဲ့ မင်္ဂလာဆောင်အားကျပြီးတော့ ဈေးကြီးပေးပြီး
လက်ထပ်ရမှ နင်ပျော်မှာပေါ့ မင်းဖြစ်ချင်တာဟာ ဘယ်လိုမျိုးလဲ
မိုးလောက်ကြီးတဲ့ မင်းရဲ့ အတွေးများ တော်ပါပြီဟေ့ …

အကောင်းဆုံးလို့ ပြောတဲ့ ဟိုတယ်ကြီးထဲ စိန်ပေါင်းမြောက်မြားစွာ
ဝတ်ကာ အပေါ်ယံများနဲ့ သိန်းသုံးဆယ်ကျော်တန် ဂါဝန်ကြီးရယ်
မင်္ဂလာဆောင်ကို ရွှေ့ လိုက်တော့ နင်အဘွားကြီးဖြစ်မယ့်အချိန်ကို
စောင့်လိုက်ပါတော့

Big Bag

နာမည်ကြီး


ရေး  - ဟန်ထူးလွင်၊ ရဲမြင့်
ဆို   - Big Bag

မိုးလင်းတိုင်းမှာ သီချင်းများအော်ကာဆို ကျောင်းသွားတဲ့အခါ
စီဒီလေးဖွင့်လို့  တစ်နေ့ မှာ အဆိုတော်လုပ်မဲ့ ချာတိတ်လေး
လုံးဝမကြိုက်ပါ ပန့်ခ်နဲ့ အော်လ်တာတွေ ပေါက်ကရလေးဆယ်
အော်နေတဲ့ Big Bag တွေ Hip Hop Music ကြိုက်တဲ့ ကျွန်တော်ပါပဲ

အားလုံးကြိုက်တဲ့ သီချင်းများဆိုပြီးတော့ အားလုံးအားပေးကြတော့
အပျော်ဆုံးပေါ့ မိန်းကလေးများလည်း တွေ့ သမျှအကုန်ဝိုင်းငေး
(ငါ့စိတ်ကူးတွေထဲမှာ) ရူး ငါ စိတ်ကူးယဉ်အတွေးနဲ့ ရူး
တစ်နေ့ တော့ဖြစ်ရမယ် အဆိုတော်ရူး ရူးကာ
နာမည်ကြီးဖို့  ငါရူး ( ငါ စိတ်ကူးယဉ် ရူး)

စိုင်းစိုင်းခမ်းလှိုင်၊ အနဂ၊ ဘာဘူရယ် ၊ ဦးမျိုးကျော့မြိုင်
Rapping တွေ အရမ်းကြိုက်တယ် အက်စစ်၊ တူးဘစ်
Snoop Dog, 50 cent အားလုံးထက၊ ကျွန်တော်သီဆိုချိန်မှာ
မင်းတို့ လက်တွေ လေမှာမြှောက်လိုက်ပါ
ကျွန်တော့နာမည်ဟာ ဘာညာသာရကာပါ

ရူး (စိတ်ကူးယဉ်အတွေးနဲ့ ရူး တစ်နေ့ တော့ဖြစ်ရမယ်)
အဆိုတော်ရူး ရူးကာ နာမည်ကြီးဖို့ ငါ ဒီခေတ်ကြီးထဲမှာ
အဆိုတော်ဖြစ်ဖို့ ငါရူး စိတ်ကူးယဉ်အတွေးနဲ့ ရူး
မဂဇင်းမျက်နှာဖုံးမှာ ကျွန်တော့ဓါတ်ပုံများစွာနဲ့ အားခဲ့ရင်လဲ
ကျွန်တော် FM မှာ ဖုန်းပြောပါ့မယ် …
နိုင်ငံကျော်ကြီးတစ်ယောက်ပါ၊ နာမည်ကျော်ကြီးတစ်ယောက်ပါ

Big Bag

Saturday, April 6, 2013

ဘာလာလာ

ရေး - အရိုး
ဆို - Big Bag

မနေ့ ညတုန်းက ချစ်သူရတယ် အိပ်မက်ထဲမှာ သံသရာမှာ
စိမ်းခဲ့သူလေး အလန်ကွာတာမိန်းနဲ့ ယူပြီးပြေး
အချစ်ကံဆိုးက ငါ့ကိုထိုးတယ် ကြိုးဝိုင်းထဲမှာ
ဘယ်ညာလက်သီးချက်တွေထဲ ဘယ်ရွာမှာ သူကြီးသမက်ဖြစ်မလဲတွေး

မြို့ သူတောသူ သဘောတူမယ့်သူ အကြောင်းကြားကြပါ ကြော်ငြာမှာ
လက်ဖက်ထည့်ကမ်း တော်ရာမှာ
သမက်လုပ်မယ့်လမ်းရွေး အယုတ်ရယ် အလတ်ရယ်
အမြတ်တင်မက ယောကမရွေးပါ
ဘယ်သူပါပါဘာမှကိုမငြီး ငါယူစရာ မယားရဖို့ အဓိကပဲ

(နားလည်ကြပါ)မင်္ဂလာဆောင်သွားကြ ကျွန်တော်သာကျန်ခဲ့ရ
လူတကာ စွံသွားကြ ကျွန်တော်သာ ဘယ်သူမှမရ

အမူးပြေလေးတောင် ငါ့မှာရူစရာရည်းစားမရတော့
နေညိုရင် ရူးပြီးတော့ကဲ အပျိုမြင်ရင် မူးပြီးတော့လဲကွဲ
လူကြားလိုကောင်းအောင် ပြောတဲ့စကားက
သမုဒယမီးကို အလောင်ခံကာ အမှားပြုရန်မရှိ နောင်သံသရာ
ဘုရားဆုပန်ပြီးနောက်
တကယ့်စိတ်ထဲမှာရှိတာပြောမယ် မရလို့ ပေါ့ဗျာ လူမှန်ရင်
ငတုံးများနဲ့ မရှင်း လူမှန်ရင် နှလုံးသားနဲ့ မကင်းပါဘူး ကားတွေ
ဖုန်းတွေ သူများလိုသုံးတောင် လုံးဝမရပါ ဘယ်ဂြိုလ် ဘာနကတ်
ခိုက်လဲ ဘယ်အပျိုငါ တစ်ဖက်သတ်ကြိုက်မလဲ တွေး

Big Bag

လျှို့ဝှက်ချစ်

ရေး - မြင့်မိုးအောင်
ဆို - L လွန်းဝါ

ပြောပြချင်တယ် အချစ်စကားတွေ
ထာဝရ သိမ်းထားရမယ်လေ
တို့နှစ်ယောက်အဖြစ်တွေ
ကံကြမ္မာကိုပဲ အပြစ်ဖွဲ့ရမလားလေ
နာကျင်တဲ့ မျက်ရည်မြင်နိုင်မလား အချစ်ရေ

ဘယ်အချိန်မှာလဲ ဘယ်နေရာမှာလဲ
အကြင်နာတွေ ဖွင့်ပြောခွင့် ရှိမယ်
အဖြေမသိခဲ့တော့လည်း
သံသရာရှည်မယ့် ဒဏ်ရာတွေနဲ့
နာကျင်စွာ လျှောက်လှမ်းရတော့မယ်
ရင်မှာ သိုဝှက်ဆဲ လျှို့ဝှက်အချစ်ရယ်

မချစ်တတ်သူတွေရဲ့ကြားမှာ
အချိန်လွန်ပြီးတော့ ရောက်လာသလား
အချစ်စစ် တရားရယ်
ဘယ်လိုပြန်ပြီး မေ့ဖျောက်နိုင်မလဲလေ
ရင်မှာမိုးစက်တွေ သံသရာ အဆုံးထိလေ

အချစ်စစ်တွေ့မှ တကယ်ခံစားတတ်ပြီလေ
ဒီလိုအချိန်မှာ အဝေးကြီးဝေး

L လွန်းဝါ

Monday, March 25, 2013

ဆုတောင်းနေမယ်

ရေး -
ဆို - L ဆိုင်းဇီ

မမြင်ချင်လည်းပဲ မြင်တွေ့ရပြီးပြီ
မင်းရဲ့အချစ်များ အို ပေါများလွန်းပါလား
အခြေအနေမဲ့တဲ့ဘ၀ ချို့တဲ့လွန်းလို့လား
ကြုံနေရတဲ့ အခုအဖြစ်အပျက်ကို ရင်ကွဲစရာ

သူမချစ်ခဲ့တာ အရင်ကတည်းကသိလည်း
မျက်စိမှိတ်ပြီး အို ဇွတ်ချစ်ခဲ့တာအမှား
ကိုယ်ရဲ့အမှားကိုယ်ခံ အခုတော့ အသည်းကွဲပြီ
ဘာကြောင့်များ ဆက်ချစ် နေ နေဦးမလဲ

တကယ်ဆို မုန်းသင့်တာက ကြာခဲ့ပြီ
မင်းရဲ့ အသည်းနှလုံးတွေကို ပိုင်တဲ့သူ
ငြိမ်းချမ်းဘ၀တစ်ခုကိုလေ အတူတူဖြတ်သန်းရပါစေ
ငါလေဆုတောင်းပေးတယ်

ဒီရင်မှာ ရိုက်ခတ်လာတဲ့ မုန်တိုင်းတွေ
မငြိမ်းလည်း ကြိတ်မှိတ်ကာလေ ခံစားမယ်..
မင်းရဲ့ချစ်တဲ့သူနဲ့ ထာဝစဉ် လက်တွဲရပါစေ
နောင်ဘ၀မှ တို့နှစ်ယောက်တွေ့မယ်နော်..
ဆုတောင်းနေမယ်

သူမချစ်ခဲ့တာ အရင်ကတည်းကသိလည်း
မျက်စိမှိတ်ပြီး အို ဇွတ်ချစ်ခဲ့တာအမှား
ကိုယ်ရဲ့အမှားကိုယ်ခံ အခုတော့ အသည်းကွဲပြီ
ဘာကြောင့်များ ဆက်ချစ် နေ နေဦးမလဲ

တကယ်ဆို မုန်းသင့်တာက ကြာခဲ့ပြီ
မင်းရဲ့ အသည်းနှလုံးတွေကို ပိုင်တဲ့သူ
ငြိမ်းချမ်းဘ၀တစ်ခုကိုလေ အတူတူဖြတ်သန်းရပါစေ
ငါလေဆုတောင်းပေးတယ်

ဒီရင်မှာ ရိုက်ခတ်လာတဲ့ မုန်တိုင်းတွေ
မငြိမ်းလည်း ကြိတ်မှိတ်ကာလေ ခံစားမယ်..
မင်းရဲ့ချစ်တဲ့သူနဲ့ ထာဝစဉ် လက်တွဲရပါစေ
နောင်ဘ၀မှ တို့နှစ်ယောက်တွေ့မယ်နော်
ဆုတောင်းနေမယ်

ဟူး ဆုတောင်းနေမယ်  ဆုတောင်းနေမယ်

4:02 PM 3/20/2013

L ဆိုင်းဇီ

သူစိမ်း

ရေး - Big Bag
ဆို - Big Bag

အဖြေကို ပြန်ရှာချင်လည်း လူတွေအမြင်မှာ ရှုံးနိမ့်ခဲ့သူအတွက်
အချိန်တွေ ကုန်လွန်စေလည်း လွယ်လွယ်ကူကူ ငါမေ့မပစ်ချင်ခဲ့
ဘယ်သူလွန်နေသလဲ မတွေးကြလို့ ငါတို့ အသည်းကွဲဖို့ ပျော်ပျော်လေးပဲ

လူဟာ မာန်မာနစွဲ ကိုယ်ထင်ရာတွေ စိုင်းခဲ့ကြပေမယ့်
နာကျင်စရာတွေနဲ့ပဲ ဘယ်သူကြာကြာ ဆက်ပြီး မှားနိုင်မလဲ
ငါဟာ ဒီလိုနဲ့ အစွန်းရောက်လို့ ငါလေ မေ့ပစ်ဖို့.. လွယ်လွယ်တွေးခဲ့

နင်ဟာ ဟိုအရင်အတိုင်းပဲ ရှိမယ် ငါ့ အသက်တစ်ရက်ရှည်ရင် ပိုကြေကွဲပါတယ်..
နင်င့ါကို စိတ်နာနေလား ချစ်တဲ့သူရယ် ဒါငါ့ရဲ့ အမှားတွေ

အရာရာ ပုံပြင်အတိုင်းပဲရှိမယ်
ငါတို့ ဘ၀တေ ပိုကွာဝေးစေတယ်
နင်ငါ့ကို မေ့နိုင်ပြီလား ချစ်တဲ့သူရယ် နင်က ငါမပိုင်တဲ့ သူစိမ်းလေး

3:58 PM 3/20/2013

Big Bag

Saturday, March 23, 2013

ကြေကွဲရလိမ့်မယ်

ရေး -
ဆို - L ဆိုင်းဇီ

မင်းလုပ်ရင် ဘာမဆို ကိုယ်လိုက်လုပ်ရ မင်းသွားရင် ဘယ်မဆို ကိုယ်လျှောက်လိုက်ရ
မင်းမရှိရာ ကိုယ်ဟာတစ်ယောက်တည်း ပျင်းစရာ လွမ်းမောစရာ ကြွေစရာ ရင်ထဲမှာ မောလာ

မင်းသိထားသင့်တယ် တို့ကျန်ခဲ့ရင် ကြေကွဲရလိမ့်မယ်.. ကြေကွဲရလိမ့်မယ် အိုး ဟို
မင်းကျေနပ်စရာတွေ ရှင်းရှင်းဆိုလဲ ဂရုမစိုက်နေနဲ့ မင်းသွားရင် ငါ့တစ်ယောက်တည်းဟေ့

ပြန်ကြည့်ဦး အရိပ်လို နှစ်ယောက်တွဲရှိချင်လို့ ဘ၀ကို အပိုင်လို ပေးထားတယ်
င့ါကိုချစ်နေရင်ကောင်းမယ် အမုန်းကို နောက်ဆုံး ပို့လိုက်ပါ
ငါ့ကို နင်ကြိုက်တဲ့ ပုံပြော မင်းခေါ်ဆောင်ရာ လိုက်ပါ့မယ်
ငါ့ကိုတစ်ချက်လေး ငဲ့ကြည့်ဦး အချစ်တွေ အကုန်ပေးပြီးသားပါ..

မင်းမုန်းရင် အရာရာကိုယ်ဆုံးရှုံးမှာ
တို့ဝေးသွားရင် ရင်မှာ ဝေဒနာများသာ

မင်းလုပ်ရင် ဘာမဆို ကိုယ်လိုက်လုပ်ရ မင်းသွားရင် ဘယ်မဆို ကိုယ်လျှောက်လိုက်ရ
မင်းမရှိရာ ကိုယ်ဟာတစ်ယောက်တည်း ပျင်းစရာ လွမ်းမောစရာ ကြွေစရာ ရင်ထဲမှာ မောလာ

မင်းသိထားသင့်တယ် တို့ကျန်ခဲ့ရင်
ကြေကွဲရလိမ့်မယ် ကြေကွဲရလိမ့်မယ် အိုး ဟို
မင်းကျေနပ်စရာတွေ ရှင်းရှင်းဆိုလဲ ဂရုမစိုက်နေနဲ့ မင်းသွားရင်
ငါ့တစ်ယောက်တည်းဟေ့

ပြန်ကြည့်ဦး အရိပ်လို နှစ်ယောက်တွဲရှိချင်လို့ ဘ၀ကို အပိုင်လို ပေးထားတယ်
င့ါကိုချစ်နေရင်ကောင်းမယ် အမုန်းကို နောက်ဆုံး ပို့လိုက်ပါ..
ငါ့ကို နင်ကြိုက်တဲ့ ပုံပြော မင်းခေါ်ဆောင်ရာ လိုက်ပါ့မယ်.
ငါ့ကိုတစ်ချက်လေး လှည့်ကြည့်ဦး အချစ်တွေ အကုန်ပေးပြီးသားပါ

အား ငယ်သွားအောင် မလုပ်ချင်ပါနဲ့ အကုန်လုံး ချစ်လိုက်ပြီအကုန်လုံး ချစ်ခဲ့ပြီ အိုး ဟို
ဆုံးရှုံးခြင်းတရားတွေ မကြားဝံ့နိုင်တော့လို့ တစ်သက်လုံး ချစ်တော့မယ်
တစ်သက်လုံး ချစ်တော့မယ် ဟေ့

အချိန်ရထား ထားနိုင်မလား ထားနိုင် ထားနိုင်
ထားနိုင်ခဲ့ရင် ငါကြေကွဲလိမ့်မယ် ရင်ခုန်သံ ဝေးသွားမယ်

အချိန်ရထား ထားနိုင်မလား ထားနိုင်ခဲ့ရင်
အလွမ်းတွေ တစ်သက်လုံး နှိပ်စက်မယ် ကိုယ့်အသက်လို စွဲနေဆဲ..

ပြန်ကြည့်ဦး အရိပ်လို နှစ်ယောက်တွဲရှိချင်လို့
ဘ၀ကို အပိုင်လို ပေးထားတယ်
င့ါကိုချစ်နေရင်ကောင်းမယ်
အမုန်းကို နောက်ဆုံး ပို့လိုက်ပါ
ငါ့ကို နင်ကြိုက်တဲ့ ပုံပြော
နင့်ခေါ်ဆောင်ရာ လိုက်ပါ့မယ်
ငါ့ကိုတစ်ချက်လေး ငဲ့ကြည့်ဦး
အချစ်တွေ အကုန်ပေးပြီးသားပါ

အချိန်ရထား ထားနိုင်မလား..
ထားနိုင် ထားနိုင် ထားနိုင်ခဲ့ရင်
ငါကြေကွဲလိမ့်မယ်ရင်ခုန်သံ ဝေးသွားမယ်
အချိန်ရထား ထားနိုင်မလား
ထားနိုင် ထားနိုင် ထားနိုင်ခဲ့ရင်
ငါကြေကွဲရမယ် ရင်ခုန်သံ ဝေးသွားမယ်

အချိန်ရထား သွားနိုင်မလား အလွမ်းတွေ ကြေကွဲရလိမ့်မယ်

4:04 PM 3/20/2013

L ဆိုင်းဇီ

မသိမရှိ

ရေး- ကြွက်
ဆို - Big Bag

အိမ်မက်ထဲ မှာရှိတဲ့ ဘဝလေးတော့ ငါ့ပြန်ပေးပါကွာ
ငါတမ်းတတာ အဆုံးသတ်လိုက်ပြီးမှ
မင်းကိုလွမ်းနေလား ငါမသိပါငါမရှိပါ
ငါနိုးထလာ အသက်မဲ့နံနက်ခင်းများ အဓပ္ပါယ်ရှိရဲ့လား
ငါလျှောက်ခဲ့တဲ့လမ်းကို ပြန်သွားလျှင် မင်းကိုတွေ့နိုင်လား
ငါမသိပါငါမရှိပါ ဒါဆိုမင်းပျော်ပါတော့
ငါ့ဘဝနဲ့မင်းကို လဲနိုင်လား ငါ့စိတ်ကိုငါပြန်မသိခဲ့ပါ
ပြီးသွားတဲ့ အတိတ်ကို အသစ်ပြန်စ တစ်ခါထပ်စ
မင်းအပြုံးကို ငါပြန်မရတဲ့အခါအတွေးမရှိဘူးဟေ့
နင်လုပ်သမျှ ငါခေါင်းငုံ့ခံရမလား မင်းပြန်တွေးကွာ
ဝေခွဲမရအောင် မင်းရှုပ်ခဲ့ပြီးမှ ငါ့ကိုထားခဲ့လား
ဘာကိုမှမယုံချင်လို့

Big Bag

Friday, March 22, 2013

ရင်မှာ

ရေး - အိုင်းဇက်
ဆို - L ဆိုင်းဇီ

တွယ်တာနေဆဲကွယ် ကိုယ်ချစ်သူလေး မင်းထားခဲ့ဘဝမှာ
ဒဏ်ရာတွေနဲ့လေ ကိုယ်နှလုံးသားမှာလည်း လှိုက်မောခြင်းများရယ်
ပူလောင်နေလည်း ကိုယ်မျှော်လင့်တဲ့ ချစ်သူမင်းက အဝေးမှာပဲ
ပြန်လည်မှာလားကွယ် ကိုယ်အိမ်မက်ထဲ မင်းအမြဲရှိတယ်
ငိုနေသူအားငယ် တိတ်ဆိတ်စွာနဲ့တမ်းတမိတယ်
ဝေဒနာတွေရယ် နာကျင်အက်ကွဲ အနာဂတ်ဟာ ဆုံးရှုံးခြင်းတွေနဲ့
ရင်မှာလေ တစ်ယောက်တည်းချစ်တယ် ဘယ်တော့မှမပြောင်းလဲတာ
သေချာကိုယ်နားလည် ခံစားချက်တွေ ပူပြင်းတဲ့နေ့ရက်ရှည်ထဲ/ကိုယ်ရဲ့ရင်ထဲ
ရူးသွပ်တောမယ်
မျှော်လင့်ချက်တွေ ပြန်ထွန်းညှိပေး ချစ်သူရင်ခွင်ကိုလွမ်းတယ်
အိမ်မယ်များ လှနိုင်စေမယ် ကိုဆုတောင်းနေမယ်
တံခါးပိတ်ရင်မှာ ကိုလွမ်းတယ်

L ဆိုင်းဇီ

April နတ်သမီး

ရေး - အောင်ဇော်လတ်
ဆို - L လွန်းဝါ

နွေလယ်နေ့ခင်းဘက် သူဝင်လာကိုယ့်အိမ်မက်မယ်
ရင်ခုန်တဲ့အနမ်းနဲ့ နံရံထက်ပန်းချီကားထဲ
ညင်သာစွာပြေးထွက် အခန်းလေးအတိုင်းပဲ ကွယ်ပြောက်သွားတယ်

April နတ်သမီးရယ် ရင်ကိုလေလှုပ်ခတ်သွားတယ်
ဒီမှာလေနိုးတဝက် ရှာဖွေနေခဲ့တာလည်း
နံရံနဲ့မျက်နှာကျက် တစ်ခန်းလုံးလည်းနှံ့လို့နေပြီကွယ်

ုတံခါးများပြေးပိတ်ပါဦး
မီးဖွင့်လို့ လိုက်ရှာတုန်း
အခိုးအငွေ့အဖြစ်နဲ့ မင်းပျောက်ဆုံးလား
April နွေရယ်ကူပါဦး
နွေကုန်ခါနီးရက် အိမ်အပြင်မှာ မိုးတွေမည်း
ကြွေနေတဲ့မိုးနဲ့ ရေစိုနေ ကို့နတ်သမှးရယ်
ညင်သာစွာပွေ့ဖက် အင်းအိမ်မက်လေးထဲ

L လွန်းဝါ

ဒါပါပဲ

ရေး - ရွှေဂျော်ဂျော်
ဆို - L လွန်းဝါ

အချိန်ကိုက်နင်လာခဲ့ပါဟေ့
ဝင်တိုက်မယ် ကော်ရစ်တာဘေး
စာအုပ်ကို လွတ်ချလိုက်လေ
ဒါမှငါနာမည်သိမယ်

ခဏနေတော့ချစ်သွားတယ် ပန်းခြံထဲမှာပြေးမယ် ပန်းလေးတွေလက်ဆောင်ပေး
ဲပြဿနာတစ်ခု လာတော့မယ် တူခြားလူတနဲ့ အထင်လွဲမယ် ကားတိုက်ခန်းကျ
အသည်းတွေ ကွဲ ဒါပါပဲ
ဒီအကြောင်းကို ငါသီချင်းလုပ်ရေး
တယ်လီဖုန်းကို ပါအောင်ထည့်ရေး
လူကြိုက်အောင် နည်းနည်းတော့ချွဲမယ်
ဝယ်နာထောင် နင်ကြိုက်ဦးမယ်
ဈေးသိပ်မကြီးပါဘူးကွယ်(၃) ခွေမှတစ်ထောင်တည်းရယ်သတိုပြုချက်တော့ဖတ်ပါဟေ့
သီချင်းတွေ သိပ်ချိုလွန်းတော့ နားထောင်းမယ့်သူများအတွက်
ဆီးချိုရောဂါဖြစ်နိုင်သေးတယ် ဒါပါပဲ
အပေါစားအချစ်နဲ့ ဘဝကိုရောင်းစားပြီး
အပေါစားအပြုံးနဲ့ ဘဝဟာ မြောင်းထဲသွား

L လွန်းဝါ