Showing posts with label နိုး. Show all posts
Showing posts with label နိုး. Show all posts

Tuesday, December 31, 2013

မင်းအတွက်ကြောင့်

ရေး - ရည်မွန်
ဆို - နိုး

(ရင်အစုံမှာ ယုံကြည်စွာ ချစ်ခဲ့တာ ငါ့အသည်းလေးလန့်ကာကွဲကျ အချိန်
တိုင်းကိုထာဝရ မင်းလေးအတွက်စဉ်းစားပေးဆဲ ဘယ်သူတွေကတားဆီး
မလဲ အရာရာကိုငါ အရှုံးပေးမယ် နေရာတကာမှာ မင်းလေးအတွက် ငါ့ခေါင်းထဲမှာ
မင်းအတွက်အစဉ်အမြဲ)

မင်းသိမှပေါ့ ငါ့အချစ်တွေက အလကားဖြစ်နေတာ ညညဆို ငါတစ်ယောက်တည်းသတိတွေရပြီး
မျက်ရည်ကျလွမ်းရမှာကြောက်နေလည်း အခုတော့ ငါလွမ်းနေရတယ် ဟိုတုန်းကအခြေအနေကို
တည်မြဲအောင် မလုပ်နိုင်ခဲ့ အဆိုးဆုံးအချိန်ရောက်နေပြီး ငါချစ်တာ မင်းကိုပဲ အတည်စဉ်းစားပေးပါ
နောက်ထပ်နင်ပြောသမျှခေါင်းညိမ့်မှာ မင်းနဲ့ ခဏဝေးရတာ ငါ့အတွက်တော့ တကယ်မရဲပါ မင်းပျော်အောင်
ထားပေးဖို့ဆုံးဖြတ်ပြီး နေတော့မှာ

(ညညဆို ငါငိုနေတုန်း ကြယ်တွေကြွေပြီး မင်းအတွက်ယူဆောင်ဖို့ အဖြူရောင်လေးဟာ
ငါ့ရဲ့ထာဝရလက်ဆောင်ပါ မင်းစိတ်ရှုပ်ချိန် အဖော်ဆိုတာမရှိရင် တမ်းတလိုက်လေ ငါဆိုတာရှိမယ်
ငါ့ရဲ့အချစ်ကို အဆင်ပြေသလိုသုံးလိုက်တော့ ငါအရိပ်လို အမြဲနေမယ်)

ပျော်နိုင်ပါ မင်းရှိနေတုန်းကို ငါ့စိတ်တွေမရေရာပါ သေချာအောင် ထပ်ထပ် ငါပြန်စဉ်းစား
အပြစ်ရှိတာ ငါလားမမှားခဲ့တာ တကယ်ပါ ငါ့ဘက်ကနေပြီး တွေးပြီးတော့ စာနာပါ
အဆုံးသတ်မှာ လမ်းခွဲကာ ထားခဲ့ပေါ့ မင်းဘက်မှာတော့ ပျော်နေတယ် ရှိပါစေတော့
အိပ်မရဘဲ ပူလောက်ကာ အတွေးတွေဟာ မပျော်ပျက်နိုင်လို့ ငါ့ဆီကို ပြန်လာပါ


Wednesday, April 10, 2013

မချစ်ရင်ကောင်းမယ်


ရေး - ရွှေဂျော်ဂျော်
ဆို - No

ကိုယ်ဘယ်လိုပြောရမယ်ကိုယ်ဘယ်လိုတားရမယ်
သူ့နှလုံးသားလေးအပြည့်နဲ့ သူ့အချစ်များရယ်
ရင်မှာသိပ်ဝမ်းနည်းတယ် တစ်စုံတစ်ရာရယ်
မှားယွင်းဆဲ အိုး နိုး မင်းမချစ်ရင်ကောင်းမယ်
အမှတ်တမဲ့နဲ့တို့တွေ့ဆုံတယ် အပေါင်းအသင်းတွေအလယ် ရိုးသားတဲ့မင်းစိတ်ဓာတ်ဟာ ရင်းနှီးလွယ်တယ်
နွေးထွေးတဲ့စောင့်ရှောက်မူတွေ ကျေးဇူးပဲ
အဆုံးသတ်တော့မင်းကံဆိုးဖို့ဖြစ်လာတယ်

အကြောင်းမသင့်လို့ မပြောဖြစ်တာစိတ်မနာနဲ့
အားလုံးထက်ချစ်ရမယ့်သူ  ကိုယ်မှာရှိတယ်
မင်းမသိတော့ သိပ်ချစ်မိတယ် နှလုံးသားလေးနဲ့
ရုတ်တရက်နဲ့မင်းဖွင့်ပြောပြတဲ့ အချိန်မယ်

ငါ့ရင်ထဲရှိတဲ့ အချစ်ကို သစ္စာမပျက်နိုင်ဘူး
ဘာမှအပြစ်မရှိတဲ့ မင်းနဲ့လည်း ငါမဝေးချင်ဘူး
ရင်မှာတဖြေးဖြေးနဲ့ သွေးအေးအေး စဉ်းစားကြည့်
နာကျင်နေတဲ့အတွေးတွေ ဟိုဝေးဝေးသွားတဲ့အထိ နားလည်မူတွေလွဲ
မင်းကငါ့ကိုခွဲမလား လွဲချော်မူတွေထဲ ဆက်ဆံရေးတွေကျဲမလား စဉ်းစားကဲငြင်းမလား
ရှင်းသွားတော့ မေ့နိုင်ဖို့ကိုကြိုးစား ဟိုအရင်ကလို
ရိုးသားပေါ့
မင်းနှလုံးသားလေးကွဲအောင် ငါစိတ်ကမရည်ရွယ်
အဲလောက်ထိရိုင်းစိုင်းတဲ့သူ မဟုတ်ဘူးနားလည်
ဟန်ဆောင်ကာမာယာတွေနဲ့ မလည်ပတ်ခဲ့
တစ်နေ့နေ့တော့မင်းရင်ထဲသိလာမယ်

အရာရာရယ်မှားနေဆဲ ငါ့ရင်ထဲရှိတဲ့အချစ်ကို
သစ္စာမဖျက်နိုင်ဘူး ဘာမှအပြစ်တဲ့မင်းနဲ့လည်း
ငါမဝေးချင်ဘူး မချစ်ပါနဲ့
နားလည်မူတွေမင်းကငါ့ကိုခွဲမလား
လွဲချော်မူတွေထဲဆက်ဆံရေးတွေကျဲမလား