Showing posts with label ကျော်သူစိုး. Show all posts
Showing posts with label ကျော်သူစိုး. Show all posts

Tuesday, December 31, 2013

မူကြို

ရေး - မင်းမော်ကွန်း၊ ကျော်သူစိုး
ဆို - မင်းမော်ကွန်း၊ ကျော်သူစိုး

အရိပ်လိုအမြဲနောက်ကလိုက်နေမှာပဲ ငါငယ်ငယ်ကချစ်တဲ့ သူငယ်ချင်းဟောင်းလေးရေ
အခုထိလည်း ငါ့စိတ်ကပူနေဆဲ ဒီလိုအချိန်မျိုးကျမှ ဘယ်သူတွေဦးသွားမလဲ

အချိန်တွေကို စောင့်စားရင်းနဲ့ မင်းအတွက်အသက်ရှင်လှုပ်ရှား
ရင်မှာ တိတ်တခိုးချစ်တာ မင်းလေးသိနိုင်မလား
ငါငယ်ငယ်ကျောင်းမှာ ရင်ခုန်စွာနဲ့လိုက်ဆို အေဘီစီဒီသီချင်းဟောင်းလေးက ငါ့ဘဝရဲ့အစပါ
အတူတူပျော်ခဲ့ဖူးတဲ့ သူငယ်ချင်းဟောင်းလေးဟာ မူကြိုဆရာမလေးအဖြစ်နဲ့ ကလေးများ ကြားထဲမှာ

အေီစီဒီအီးအက်(ဖ်)ဂျီ အိပ်အိုင်ဂျေကေအယ်လ်အမ်အန်အိုပီ

ငါပြောတဲ့စကား မင်းကနောက်တယ်ထင်လား နင်မရယ်(ရီ) ချင်အောင်လို့ ငါဘယ်လိုပြောပြရမှာ
ငါ့ကိုများ နင့်တပည့်လို့ ထင်နေလား နသ်ကဆုံးမလို့ လိမ္မာအောင်ကြိုးစားရမှာ

အချိန်မှန်မှန်အိပ်ပါ နံနက်စောစောထပါ စာတွေမှန်မှန်ကျက်လို့ ကျောင်းမှန်မှန်တက်ပါ
မူကြိုဆရာမလေးနဲ့ ဖိုင်နယ်ကျောင်းသားလေးကျွန်တော်
အေဘီစီဒီအဆင့်ကတက်ဖို့ ဝိုင်းပြောပေးကြပါ

ငါ့ရဲ့စိတ် အခုတိတ်ပြောင်းလဲမှုမရှိဘူးဟေ့ ဝ လုံးလေးဝိုင်းအောင်ရေးတဲ့အရွယ်မှစ အခုချိန်
ထိက ငါ့စိတ်ထဲ ထိပ်တန်း အကြိမ်တစ်သန်းလောက်ဆိုခဲ့ဖူးမှန်း အေဘီစီဒီသီချင်းလေးနဲ့ အချစ်တွေစဖြစ်
စိတ်တွေကအချစ် အချစ်တွေအသစ်ဖြစ် ပထမဆုံး အချစ်ဆုံးသူ့ကိုငါချစ်လို့မဆုံး အချစ်ဆုံးကြံဦး သီချင်း
လေးနဲ့ အတူ သတိတွေရ နောက်ဆုံးကဆရာမ မူလတန်းမှာသင်ကာပြ အေဘီစီဒီ သီချင်းတွေက
အချစ်ဟောင်းကိုလှုံ့ဆော်ကြ



မချော့တတ်တော့ဘူး

ရေး - မင်းမော်ကွန်း၊ ကျော်သူစိုး
ဆို - မင်းမော်ကွန်း၊ ကျော်သူစိုး

ဘယ်လိုပုံ ဘယ်နည်းနဲ့ မင်းကိုချော့ရမှာလဲ ငါလုပ်သမျှ အပြစ်မြင် စိတ်ကောက်သိပ်ဟောက်တာ
မကြိုက်ရင် စိတ်လျှော့ အလုပ်ပြန်သွားတိုင်း ငါလေစိတ်မဖြောင့် စိတ်ကောက်တဲ့ မင်းရဲ့အကျင့်
မချော့တတ်တဲ့ ငါ့ရဲ့အဖြစ် စိတ်နှစ်ခုက ပြောင်းပြန်ဖြစ် ဒါကြောင့်မို့ ငါသိပ်သိပ်ချစ်

အရှုံးအမုန်းဆိုတာမရချင် အသုံးအနှုန်းတွေက အချစ်ပင် သဝန်တို စိတ်ထား ယုံစားတယ် အချစ်လား
နောက်ကွယ်မှာ ပြောမယ် ဘေးစကား အရှုံးအမုန်းတွေကို အဓိကသုံးထား ယုံစားရင်မင်းရဲ့အမှားများ
စိတ်ကောက်ရင် မချော့တတ် ငါလား စိတ်ချထားပြီးချစ်လိုက်

ကွယ်ရာမှာလည်းပဲ ခြေရှုပ်ဖို့ကိုမတွေးရဲ နင်ဆုံးမတာလေးပဲ ငါတကယ်ချစ်တာ ယုံမှာလား
ဗေဒင်တွေမေးပြီး စိတ်ဆင်းရဲအောင်တွေးပြီး ဂျီကျတဲ့သူလေး ငါ့ကိုစိတ်ချပါ စိတ်ချထားလိုက်
စိတ်ချထားပြီး ချစ်လိုက်ပါကွာ
အိမ်အြပြန်ချိန် နောက်ကျတဲ့အခါ ဘယ်ဆိုင်မှာ သွားစားခဲ့တာ ဘယ်ကောင်မလေးနဲ့
တွေ့တာ နင်ဒါပဲအမြဲမေးနေမလား လွန်တာကိုစဉ်းစားကြည့်ပါ
ကြော်ငြာတောင်မကြည့်တော့ပါ အူတိုကာ စိတ်ကောက်တတ်ရင်
မချော့တတ်တော့ဘူး နေ့တိုင်းပဲ သဝန်တိုနေမှာလား
ဒါမင်းအတွက် ငါခက်လိုက်တာကွာ မလွယ်ဘူး(ချော့လို့မရတော့ပါ)

ချစ်ကြိုက်ပြီးကြတော့ ဇာတ်လမ်းကို စိတ်မဝင်စားတော့ ဟောင်းနွမ်းတဲ့ဂီတာတစ်လုံး
အဆောင်ရှေ့မှာ တီးခဲ့တုန်းက အသစ်စက်စက်ဂစ်တာလေးပေါ့ မင်းနဲ့ငါအခုကျတော့ ရင်နှီးမှုတစ်ခုဆီသို့
ဦးတည်ကာရည်မှန်း အချစ်တွေကို စီတန်းတစ်ခုစီကိုအကြောင်းထုတ် သူ့ဆီကအကြောင်း တစ်ပုဒ်နဲ့
ဆက်သွယ်ကာ ရည်မှန်းကြည့်တော့ အားလုံးနဲ့မင်းကဝေဖန် နင့်အကြောင်း သိသူကို

နင့်ကိုနားလည်သူကို စိတ်ချထားပြီးချစ်လိုက်

သားချော

ရေး - ကျော်သူစိုး
ဆို - မင်းမော်ကွန်း၊ ကျော်သူစိုး

မိန်းမတွေကိုလိုက်ကြိုက်ရှာ ငါ့ရဲ့အဖြစ်ကမိုးလင်းမှာ
အဘိုးကြီးဖြစ်လည်း ဒီအတိုင်းပါ တစ်ယာက်မှငါ့ကိုပြန်မကြိုက်ပါ
ဆုတောင်းများလည်း မထူးတော့ပါ ငါ့ရဲ့ရုပ်ရည်နဂိုအတိုင်းပါ
အမေကပြောတေ့ သားချောပါ မင်းတို့မျက်စိမှုန်လို့ပါ

မနက်မိုးလင်းကတည်းက ဦးနှောက်က စဉ်းစားမိန်းမမရှိတဲ့နေရာခြေကိုလှမ်းကာ
အင်းလျားကန်ဘောင်သို့ ငါတို့ရောက်လို့လာ အတွဲများစွာ ငါတို့တွေ့နေတာ သူကမင်းသား
ငါကအဆိုတော် ဖြစ်နိုင်မလား ကောင်မလေးတွေ ငါတို့ကိုပြန်ကြိုက်မလား မကြိုက်မှန်းမသိ
ကြိုက်မှန်းမသိ လိုက်နေမိ လိုက်လို့ကြည့်

ဒီလို အချိန်မှာကြားလိုက်ရတဲ့သူ့စကား
အစ်ကိုရေ မောင်ရေ မောင်ရေ ခေါ်နေပါလား
ဒီလိုအချိန်မှာ လွှင့်ပစ်ခဲ့တဲ့ ငါ့ရဲ့စိတ်များ
သူခေါ်နေတဲ့ လူဟာသူပါ နောက်တစ်ယောက်ပါလား

ပြောင်းလိုက်တော့မယ် နောက်တစ်နေရာဗိုလ်ချုပ်ဈေးကို ရောက်လို့လာ ကောင်မလေး
တွေ အများကြီးပါ ချစ်စရာကောင်းတာ အကုန်လုံးပါ အချောအလှလေးတွေ လိုက်လို့ရှာရင်းနှီးမှုတော့

ရလိုက်တာ သူ့ရည်းစားက ရောက်လို့လာ ကျေးဇူးပဲလို့ပြောသွားရှာ

လေဒီဖုန်း

ရေး - မင်းမော်ကွန်း၊ ကျော်သူစိုး
ဆို - မင်းမော်ကွန်း၊ ကျော်သူစိုး

နင့်အနားမှာ အမြဲငါတွေ့နေရတယ တယ်လီဖုန်းကြီးကိုပဲ လူကြားမှာ ခါးကဖုန်းကို ထုတ်ထုတ်ပြီးတော့
အမြဲတမ်းနင်ကြွား သတိထားပါ လမ်းလျှောက်ရင်းနဲ့ ဖုန်းကိုပြောရင် ခလုတ်တိုက်မှာပဲ
ပြောင်းလိုက်ပါ သတင်းစာထဲမှာ နင့်နာမည်က လေဒီဖုန်းပါ
ကားမောင်းရင် ဖုန်းကိုပြောတာ အရေးမပါတဲ့ ဒီကိစ္စနဲ့ပဲ
တစ်ခုခုသာဖြစ်သွားရင် နင့်အမေကြီရင်ကျိုးရချည့်ရဲ့
ဖုန်းနားမှာစောင့်နေရတဲ့ သရဲမကြီးတော့ မလုပ်လိုက်ပါနဲ့
ပေးလိုက်ပါ မှတ်မိသွားအောင် နင့်နာမည်က လေဒီဖုန်းပါ
ငါသတ်မှတ်ပေးခဲ့တဲ့ မင်းအတွက်အကောင်းဆုံးနာမည်က လေဒီဖုန်းပါ
တကယ်တမ်းတော့ မင်းနဲ့လိုက်ဖက်မယ့် အကောင်းဆုံးနာမည်က လေဒီဖုန်းပါ
ပြောလို့မဆုံး ဆက်ပြီးပြောဦး နာမည်တစ်လုံး ငါအသိဆုံး
ဘုကွကွ ဂွကျကျ ဗိုက်ပူနံကား လေဒီဖုန်းရာ
ရပ်လိုက်ါ ဖုန်းသိပ်ပြောတဲ့ မင်းအကျင့်ဆိုးကို မေ့လိုက်ပါတော့ ဆက်လုပ်ရင် နားစည်ပေါက်ကာ
ဆေးရုံကြီးကိုရောက်တော့မှာပဲ မိဘတွေစကားကို နားထောင်ပြီးတော့ နည်းနည်းလျှော့လိုက်ပါတော့
ပြောင်းလိုက်ပါ များသိသွားအောင် နင့်နာမည်က လေဒီဖုန်း
လေဒီဖုန်း လေဒီဖုန်း တော်ကီများတဲ့ လေဒီဖုန်း
လေဒီဖုန်းကြောင့် နားတွေအူ ဓာတ်စက်ကြီးနဲ့တူ

တူပါသကွဲ့မယုံငြား ဒီမှာကြည့်ပါလား

နှိုးစက်

ရေး - မိုးမိုး
ဆို - ကျော်သူစိုး၊ မင်းမော်ကွန်း

အလှအပတွေပေါင်းစုက အိပ်မက်မက်နေတုန်းကြမ်းတမ်းတဲ့ မင်းရုပ်လွှာ အတင်းဝင်တိုးခဲ့
အိပ်စက်လို့မရတော့လောက်အောင် သိပ်နှိပ်စက်တာပဲ လန့်ဖြန့်လို့ထပြီးတော့ထိုင် နှိုးစက်
တစ်လုံးလိုပဲ
အဲလိုနိုးပြီး အိပ်လို့မရငါ့ရဲ့အကျင့် အိပ်မက်ထဲမှာ နတ်သမီးနဲ့နမ်းရှိုက်ရင်း
ပြီးမြောက်တော့မယ့် ဇာတ်လမ်းဆုံးကာနီး နှိုးစက်ရဲ့အသံကြောင့် ပျက်စီးပြီ
အဟောင်းတွေ အသစ်တွေ အားလုံးကတော့ပြောင်းနေ မဖြစ်မနေအိပ်နေ နှိုးစက်ကြောင့်
နိုးတေ ညစ်ပတ်နေတဲ့ နှိုးစက်ရဲ့အသံအိုဟောင်းမေ့မြောနေတဲ့ ငါ့ခန္ဓာကိုရေသွန်းလောင်း
သိပ်နှိပ်စက်တဲ့နှိုးစက်
မင်းအကြိုက်လုပ်နေ နှိုးစက်
အိပ်လို့မရပါ နှိုးစက်
စိတ်သိပ်ပျက်တဲ့နှိုးစက်
တစ်ရေးနိုးတော့ နှိုးစက်ကြီးက ထလို့မြည်တော့  ရှေ့ဆက်ပြီးစခန်းသွားဖို့တွေးကြောက်နေခဲ့
အမြဲတမ်းသံပတ်ပြည့်နေ မင်းရဲ့လှည့်ကွက်ထဲ နစ်မြုပ်လို့သွားခြဲ့ပီဝဋ်ဒုက္ခတွေ
ကလင် ကလင်မြည့်သံကြောင့် ငါစိတ်နောက် ဒီနှိုးစက်မြည်သံကြောင့် ငါ့စိတ်ကယောက်ယက်
ကယောက် ပြန်မတွေ့နိုင်တော့တဲ့ အိပ်မက်ထဲက တစ်ယောက် လန်းဆန်းမှုတွေအပြည့်နဲ့
မနက်ခင်းကိုရောက် လရောင်အောင်မှာ စခဲ့တဲ့ညခရီး နေမင်းကြီးပေါ်ထွက်လာတော့
အခုပျက်စီးမှောင်မိုက်တိတ်ဆိတ်မှုကို သူဖျက်ဆီး မနက်အလင်းနဲ့အတူ ပေါက်ကွဲသြွးတဲ့
နှိုးစက်ကြီး
ကမ္ဘာမြေပြင်ပေါ်တုန်ခါသွားသလို မင်းရဲ့ရယ်(ရီ) သံများ ရင်ခွင်မှာ ဆူညံလွန်းတဲ့ နှိုးစကမြည်သံများ
ဒဏ်ရာတွေလာရောက် တံခါးခေါက် ငါ့ရဲ့ရင်ထဲ တုန်ရီစွာ ငါဟာအေးစက်နေခဲ့

နားမှာကြားနေရတာ အိပ်လို့မရပါနှိုးစက်

အိပ်မက်

ရေး - ဝင်းမင်းထွေး၊ ကျော်သူစိုး
ဆို - မင်းမော်ကွန်း၊ ကျော်သူစိုး

မနက်သစ်ကိုရောက်ချိန်မှာ စိတ်သစ်ကိုငါလိုက်ရှာ ပြီးခဲ့တဲ့ ညအချိန်မှာ အိပ်မက်ကို ငါစွန့်
ကာ မိုးလင်းတော့ အစဖြစ်လာ တွေးရင်း ငါရင်မောလာ မင်းရှိတဲ့ အရမ်ဆီသို့ ငါ့စိတ်နဲ့ ခန္ဓာက
မထိန်းချုပ်ဘဲ ရောက်ရောက်လာ ဘယ်လိုငါလုပ်ရမှာလဲ အကြိမ်ကြိမ်ငါကြိုးစားနေဆဲ ဒီ
အဟောင်းများကို စွန့်လွှတ်ဖို့ ငါ့စိတ်တွေကိုအသစ်လုပ်ဖို့ ငါ့ဘဝကိုပြန်စဖို့ ဘယ်လိုငါလုပ်
ရမှာလဲ အကြိမ်ကြိမ်ငါကြိုးသားနေဆဲ

ရင်မှာစူးရှ ဆန္ဒဆူး အတွေးထဲဝဲလည် အမှောင်တိုက်တွေ နွံနစ်နေပြီ
အမြဲတမ်းမှားတဲ့ အနာဂတ်များ ပြင်ခွင့်မရှိတဲ့ ဟိုအတိတ်ဆီ အလိုမတူဘဲ ပျံလေပြီ

ဒါငါမဟုတ်ဘူး ဒါဟာ ငါ့အရိပ်တွေ စွဲလမ်းမှုအတွက် ထပ်ခါထပ်မှား အဆိပ်မှန်းသိလျက်
ငါသောက်တယ် သံသရာအဓွန့်ရှည်လေပြီ ဒါ(ဟာ) ငါမဟုတ်ဘူး

ဒါဟာ ငါမဟုတ်ဘူး အတိတ်ရဲ့အရိပ်(အို)(တို့)
ငါမဟုတ်ဘူး ဒါဟာ ငါ့အရိပ်တွေ
ဒီအိပ်မက်ဟာ ဘဝတဲ့လား
ငါမဟုတ်ဘူး

မထိန်းချုပ်ဘဲရောက်ရောက်လာ ဘယ်လိုငါလုပ်ရမလဲ အကြိမ်ကြိမ်ငါကြိုးစားနေဆဲ
ဒီအဟောင်းများကို စွန့်လွှတ်ဖို့ ငါ့စိတ်တွေကိုအသစ်လုပ်ဖို့ ငါ့ဘဝကိုပြန်စဖို့ ဘယ်လိုငါလုပ်
ရမှာလဲ အကြိမ်ကြိမ်ငါကြိုးသားနေဆဲ

အိပ်မက်လို ငါဆောက်တည်လို့ မရနိုင်တယ် ငါခံစားနေ နာကျင်နေတာလား


အဘိုးနဲ့အဘွား

ရေး - မိုးမိုး၊ ဖြိုးစိုး
ဆို - မင်းမော်ကွန်း၊ ကျော်သူစိုး

အားလုံးသည်းခံပြီးတော့နားထောင်ပေးကြပါ ကျွန်တော်အခုပြောမယ့်အကြောင်းလေးက
အဘိုးနဲ့အဘွားရဲ့ အကြောင်းလေးပါ ကျွန်တော်ငယ်ငယ်ကတည်းက အခုအချိန်ထိ သူတို့ရဲ့ဘဝဇာတ်
လမ်းလေးပါ အဘိုးနဲ့အဘွားရဲ့ ချစ်ကြတာ ယုယကြတာကို ကျွန်တော်သိသလောက် မြင်သလောက်
ကျွန်တော်ပြောပြတာပါ ဘာပဲပြောပြော သူတို့နှစ်ယောက်ကိုကြည့်ရတာ စိတ်ချမ်းသာဖို့အရမ်း
ကောင်းတယ်ဗျာ ကြည့်လိုက်တိုင်း အမြဲပျော်ရွှင်နေတာ ဘယ်တော့မှလည်းသူတို့ ရန်မဖြစ်ပါ အရမ်း
ချစ်စရာကောင်းတာ တစ်ခုကတော့ မုန့်ဖိုးတွေလည်း ကျွန်တော်ကို အများကြီး ပေးသေးတာ

ကျွန်တော်ဒီအချိန်မှာ သီဆိုတဲ့ သီချင်းလေးဟာ
ကျွန်တော့်ရဲ့အဘိုးနဲ့အဘွားတို့အတွက်ပါ
ကျွန်တော်ပျော်ရွှင်စွာသီဆိုတဲ့ သီချင်းလေးဟာ
ကျွန်တော့်ရဲ့အဘိုးနဲ့အဘွားတို့အတွက်ပါ
ဘုရားကျောင်းတက်အတူတူ အမြဲမခွဲတမ်းပါ
ရှေးရှေးကတည်းက ချစ်ခဲ့ကြတာ
ဘယ်သူတွေဘယ်လိုဘာတွေကြောင့်ကွဲကြပါစေ
အဘိုးနဲ့အဘွားကအမြဲမခွဲပါ

ငယ်ငယ်ကတည်းက ချစ်ခဲ့ကြတယ် အဘိုးနဲ့အဘွား အခုချိန်ထိ အစဉ်အမြဲအချစ်တွေပွားခေတ်
အဆက်ဆက် အမျိုးမျိုးပြောင်းလဲသွားလည်း သူတို့ရဲ့သံယောဇဉ်တွေက ခိုင်မြဲနေဆဲ ဖြစ်ပြီးပျက်တဲ့ အဖြစ်
အပျက်တွေထဲ သူ့ကိုဘယ်တော့မှ မပါဝင်ဘဲ အခုခေတ်ထိ စွဲစွဲမြဲမြဲတစ်ယောက်ကိုတစ်ယောက်
ချစ်နေဆဲအရမ်းချစ်နေဆဲ



ဗိုက်ဆာနေပြီ

ရေး - မင်းမော်ကွန်း၊ ကျော်သူစိုး
ဆို - မင်းမော်ကွန်း၊ ကျော်သူစိုး

ကန်ဘောင်ပေါ်လျှောက်ရင်းနဲ့ ဗိုက်ကဆာ ဘယ်ဆိုင်မှာဝင်စားမယ် အကြွေးမရောင်းချင်တဲ့
ဆိုင်များကြားမှာ ဟိုဟိုဒီဒီကြည့်တော့ အတွဲများစွာ ဘာတွေကိုမှာစားမလဲ အတွေးနဲ့သရေကျနေခဲ့မိတာ
ဒီမှာငါဆာနေတာ ဆာနေတာ

အိမ်မှာဆိုရင် အိပ်လိုက်စားလိုက်ပဲပေါ့ ဇိမ်ယူနေလာခဲ့တော့ ဘာမှလက်ကြောမတင်းပါ
အချိန်တွေလွန်ပြီအခုတော့ လမ်းမပေါ် ဆာလောင်စွာ ငါလျှောက်လို့အလိုက်သင့်လွင့်မျောနေခဲ့ရင်း

ငါဆာနေပြီ ဒီဗိုက်ထဲကမြည်နေပြီ
ဘာဝယ်စားမလဲခက်နေပြီ အစာအိမ်ကြီးကတောင်းနေပြီ/မီးတောက်နေပြီ ငါဆာနေပြီ

ပေတေကာဆုံးမလို့မရတော့ အိမ်ပေါ်မှာဆက်ထားဖို့ ခွင့်မပြုနိုင်တော့တဲ့ဘဝတွေ
ဘယ်နေရာမှသုံးစားလို့မရတော့ ယောင်ချာချာအခုထိတစ်ယောက်တည်း နောင်တတွေနဲ့ပေါ့

မနက်မိုးလင်းထဲကစတင်စဉ်းစားတာ မနက်စားဖို့ကိစ္စတစ်ခုပါ နေ့လည်ရောက်လည်း
ဒီတိုင်းပဲစားသောက်ဖို့ကနေရာယူဆဲ ညရောက်တော့ရင် ဘယ်လိုလုပ်မလဲ ဗိုက်ထဲမှာကဗလာကြီး
ပဲ မိုလင်းကတည်းကအစာအိမ်မီးတောက် ညရောက်တဲ့အထိကို ရေမရောက် ဗိုက်ကနာ ဗိုက်ကဆာ
အစာအိမ်ရောဂါစဖြစ်လာ လျှောက်သွားရင်းနဲ့ ဟိုဒီကြည့် ဗိုက်ထဲကစစ်ပွဲကကြီးနေပြီ

ဦးနှောက်ကြီး ပြုန်းတီးခဲ့လို့ ဒီအစာအိမ်ဟောင်းလောင်းကြီး

တေလေ

ရေး - ကျော်သူစိုး၊ မင်းမော်ကွန်း
ဆို - ကျော်သူစိုး၊ မင်းမော်ကွန်း

တေလေစိတ်ဟွာယ်နေ ဦးတည်ရာမဲ့သို့ ခြေလှမ်းနေ နားခိုရာအရိပ်ဆိုတာမရှိ
စိတ်တွေဟာ လေနေလူတွေ ငါအပေအတေစကားပြောဖို့ရာမဲ့နေ လမ်းလျှောက်ဖို့ရာ မဖြစ်မနေ
ပျံသန်းငှက်ငယ်ရဲ့အဖြစ်တွေ ရာသီဥတု ဆိုးဝါးနားခိုရာမဲ့နေလားပမာ ငါဟာတေလေစိတ်ာလေနေ
အပေအတေ
ငါ့ရဲ့အဖြစ်ဆိုး စိတ်ဆိုးဖို့ရာ မဖြစ်ဆုံးတေလေငှက်ရဲ့သေလျေက်ပမာ ငါဟာအသက်ရှူနေ
ပုံမှန်မဟုတ်တဲ့ ကာဗွန်ကိုရှူရှိုက် အယူအမိုက် ငယ်စဉ်ကလေးကတေမိုက် ဂျပ်ပစီတစ်ယောက်
လူငယ်တစ်ယောက်ရဲ့ စရိုက်နဲ့ပြောင်းပြန် လူလိမ္မာကြီးမိုက် ဒါတွေကို လုံးဝမကြိုက်တဲ့ မိန်းကလေး
အသိုင်းအဝိုင်း စွန့်ပစ်ကာမောင်းထုတ် ငါဟာလျှောက်လုပ် အထုပတစ်ထုပ်နဲ့လမ်းတွေလျှောက်ရှုပ်
ဦးတည်ရမဲ့ မဲ့ကာဝဲနေ ငှက်ငယ်ရဲ့အဖြစ် မွေးလာကတည်းက တစ်ယောက်တည်းရှေ့မှာလည်း
တစ်ယောက်တည်းပေတေရင်းနဲ့ သွားမှာပဲ အမြဲတမ်း ငါဟာ အပေအတေပဲ တေလေဆဲ လေနေဆဲ
ဆုံကြတယ် ခွဲကြတယ် ချစ်ကြတယ် မုန်းကြတယ် ဒီအဖြစ်တွေကမရနိုင်တယ်
တစ်ယောက်တည်း အထီးကျန်တယ် နှစ်ယောက်တွဲ သွားချင်တယ် ဝေးကြဖို့လူဆိုတာ ငါ့အသက်
ပဲရှိတယ် မုန်းကြဖို့လူဆိုတာ ငါ့ခန္ဓာပဲရှိတယ် ဗလာနတ္ထိသုညပဲရှိ သိန်းသန်းဆိုတာမမှန်းနိုင်ပြီ
ပေတေနေသည် လေနေသည် သေနေပါသည် ရှေ့ခရီးသွားဖို့ရာ မဖြစ်နိုင်ပြီ ပျံသန်းဖို့ရာ ခက်နေပြီ
အမြဲလို စွန်းထင်းဒတဲ့ ဒီအမည်းစက်တွေ ငါ့အရေပြားမှာ နေရာအပြည့်ယူထားကာ
ညစ်ညမ်းကာ ပေရေစုတ်ပြတ် ငါ့ခန္ဓာကြီးက မတ်တပ်မပြောပါနဲ့ နင်ဟာဆန်ကုန်မြေလေး
ငါ့စိတ်တွေလေ ငါ့အကျိုးပေး မကောင်းလို့ မြောင်းထဲရောက်ခဲ့တဲ့ကိစ္စက မင်းတို့နဲ့မပတ်သက်ပါဘူး
ထားလိုက်တော့ အမြဲနောက်ကျတတ်တဲ့ ငါ့စိတ်ကူးတွေ ရူးနေလည်း မထူးတော့ပြီဘဲ အစ်ထဲနစ်ဆဲ
ရင်ကွဲနာကျနေရတာ အမြဲလိုပဲ ဒီအတိုင်းဆို အရှုံးနဲ့အရှုံးမှာပဲ မမေ့တော့ပါ


ဒီလိုဘဝမျိုးကိုတော့ ရင်ထဲမှာ မမေ့တော့ဘူး

Friday, September 13, 2013

ကျန်ရစ်ခဲ့သောအမှိုက်

ရေး - မင်းမော်ကွန်း ဆို - မင်းမော်ကွန်း၊ ကျော်သူစိုး ဟေ့ထားခဲ့ ပြန်မြင်မနေနဲ့ ဒီည ခေါက်လိုက် အိပ်မက်ဟောင်း ငါ့ အခုည အားလုံးပြောင်းတဲ့အခုညမင်းကျန်ခဲ့တော့ ဟေ့နာနေတဲ့ငါ့စိတ်ကိုမင်းသိမှာပဲ လည်မလိုနဲ့ အတဲ့ ငါ့ကိုအရူးမလုပ်ချင်နဲ့ ငါအခုစောင့်နေလည်းနင်ရောက်ရောက်မလာခဲ့ ငါဒေါသထွက်မှ မင်းကငါ့ကိုအပြစ်ဖို့ချင်ခဲ့ မင်းပြန်ယူသွားတော့ မင်းရဲ့အချစ်တုငါ့အတွက်မသုံးတာနင်မသိဘူး ကွယ်ရာရောက်မှ မင်းစိတ်ထဲရှိသမျှ အကုန်လျှောက်လုပ်တဲ့အကျင့်ချက်ချင်းအခုစိတ်ရင်း မြင်ရင်ရင်တွင်းရူး ယဉ်ကျေးမှုမရှိဘူး မင်းရဲ့အကျင့်ကမကောင်းတော့ဘူုးယုံကြည်မှုမင်းအတွက်ထားခဲ့မိတဲ့ငါ့မှာရူး ငါဘာမှမသိတော့ဘူး ငါ့စိတ်တွေသိပ်ရှုပ်လို့ အိပ်မက်ဆိုးမက်ပြီရင်ထဲပူ ငါ့အသည်းအူကို ရေနွေးပူမှာလောင်ကျွမ်းသလို အရူးမီးဝိုင်းခဲ့ပြီ လိုက်ကြည့်တယ် မင်းပျောက်သွားတာ ငါမတွေးတတ်လို့အငိုက်မိတဲ့ငိုက်မိ မင်းကငါရှိမှန်းမသိငါကသွားတွေ့တုန်းရှောင်ထွက်ပြီးပြေးသွားလို့ ငါဘာမှမသိလိုက်ခင် နင်ပျောက်ဆုံးသွားခဲ့ပေါ့ ငါသွေးပျက်လို့အေးစက် နင်ရက်စက်လို့ အပျက်ပျက်နဲ့နှာခေါင်းသွေးထွက်ခဲ့ရတဲ့နှောင်းအတိတ်က အဖြစ်အပျက်ကို အမြဲငါပြန်တွေးရင်အခုဒေါသဖြစ်လို့ အဆက်ဖြတ်ချင်စိတိနဲ့ ပိပြီးနာကျည်းမိပြန်ပြီး ငါမုန်းတီး ပြန်ပြီးကြောက်ခဲ့ပြီး ငါမသိစိတ်ထဲက ငါမသိတဲ့ပြန်တမ်းတစိတ်က ငါ့ရင်ထဲလွှမ်းမိုးထား ငါ့မှာစိတ်ဓာတ်ကျ နင်မရှိတော့တဲ့ဘဝ နောက်ဆိုငါလည်း ရှက်တဲ့စိတ်နဲ့ အိမ်ကထွက်လို့မရ ငါမီးလောင်နေလား ငါရှောင်လို့မရတဲ့မောဟစိတ်က ရင်ကိုလောင်သါား မင်းတို့တွေ့လိုက်မိလား ငါ့မှာလောင်ကျွမ်း ကျွမ်းလောင်ပြာကျ ဘာနဲ့ပြန်ငြိမ်းသတ်မလဲ မသိတော့ ငါမနေတတ်ဘူး ငါစိတ်နာတဲ့မင်းရဲ့ဇာတ်လမ်းလှည့်ကွက် အရှုပ်တွေ အရှုပ်ထုတ်တွေနဲ့ ပုပ်နေတဲ့အပုပ်မင်းရဲ့အနံ့က ညစ်နေတဲ့စိတ်ကပြန်လျှော်ဖွပ်လို့မရ ငါ့အလင်းတွေပြန်ပေးဦး(ငါ့ရဲ့မနက်ဖြန်ည)

Thursday, September 12, 2013

Yes or No

ရေး - အယ်ဖြူ၊ ကျော်သူစိုး ဆို - မင်းမော်ကွန်း၊ ကျော်သူစိုး မနေ့ညက အိပ်မက်ဆိုးတွေမက်တယ် မနက်ကျတော့ မျက်ခုံးများက လှုပ်တယ် အခန်းထဲကတင်ထားတဲ့ ဖန်ခွက်ရယ် လေမတိုက်ဘဲီအတိုင်းပဲကျကွဲတယ် ဒီနေ့ဒီနေ့မှာ သူလေးနဲ့တွေ့ဖို့ အဖြေပေးပါ အဖြေပေးပါ တောင်းထားမိလို့ အိမ်မြောင်ဥကို ကွယ်ကိုင်တွယ်မိသလိုပဲ တစ်ကိုယ်လုံးတုန်နေလို့ တုန်နေလို့ ကယ်ပါဗျို့ ကျွန်တော့မွေးနေ့ (၁၃၄၀) တန်ခူးလဆုတ် ဆယ်သုံးရက်လို့ ပြောတယ် အိမ်ဘေးနားက ဒေါ်ပုမက လက်သည် ကျွန်တော်မွေးတုန်းက အချင်းကစလွယ်နဲ့တဲ့ ဂြိုလ်စီးတွေ ဂြိုလ်နင်းတွေ ကောင်းမကောင်းသိဖို့ ဆရာကြိးရယ် ဆရာကြီးရယ် တွက်ချက်ပေးကပါဦး အချစ်ရေးမှာကွယ် ယတြာလည်းချေမယ် ဘယ်လိုတုန်း ဖြေပါဦး ဖြေပါဦး ဘယ်လိုကြုံမှာတုံး Yes or No တစ်ခုခုတော့ဖြစ်မယ် No ဆိုရင် ဝမ်းနည်းရမယ် ကောင်မလေးရယ် မကျီစားပါနဲ့ ဘယ်လိုတုန်း ဖြေပါဦး ဖြေပါဦး ခင်ခင်ပျိုမေရယ် Yes or No တစ်ခုခုတော့ဖြစ်မယ် No ဆိုရင် ဝမ်းနည်းရမယ် ကောင်မလေးရယ် မကျီစားပါနဲ့ ဘယ်လိုတုန်း ဖြေပါဦး ဖြေပါဦး ခင်ခင်ပျိုမေရယ် သံယောဇဉ်တွေက ပြည့်နှက် ရင်ဘတ်ထဲမှာ ရှိတာသိလျှက် ဦးနှောက်ကစဉ်းစား ကြည့်ရင် ငါမင်းကို သိပ်ချစ်တယ်ထင် ဒီတိုင်းပဲပြုံးသွား ရင်ထဲမှာ ရှုံးမလား အနိုင်လိုချင်စိတ်သည် ငါ့အထင် အချစ်အမုန်းကိုခွဲခြား ပြုပြင် ဘဝခရီးလမ်းများစွာထဲလဲ ဒီအချစ်ကပါဝင်ဆဲ အခုလုံးဝဆေးမရှိတဲ့ စိတ်ရောဂါ အချစ်တွေပါပဲ ခံစားချက်ရောထွေးနေတဲ့ ငါ့စိတ်ကရူးနေတုန်းအမြဲ ငါမင်းကိုချစ်နေတော့လည်း အဲဒီရောဂါတစ်ခုပါပဲ သူပေးထားတဲ့ ကောက်ရိုးလေး တစ်မျှင်နဲ့မယ် မျှော်လင့်ချက်ရဲံ တန်ဖိုးလေးတွေရှိတယ် ငါစိုက်ခဲ့တဲ့ အိပ်မက်သစ်ပင်လေးရယ် တစ်နေ့တာ့အရိပ်ရလာ လိမ့်မယ် စိတ်ထဲမှာ မင်းပဲရှိတယ် ရင်ထဲမှာ ရင်ထဲမှာ မပြောင်းလဲဘူးကွယ် ယုံကြည်ပေးပါကွယ် တကယ်ချစ်ပါတယ် ဘယ်လိုတုန်း ဖြေပါဦး ဖြေပါဦး ဘယ်လိုတုန်း Yes or No တစ်ခုခုတော့ဖြစ်မယ် No ဆိုရင် ဝမ်းနည်းရမယ် ကောင်မလေးရယ် မကျီစားပါနဲ့ ဘယ်လိုတုန်း ဖြေပါဦး ဖြေပါဦး ခင်ခင်ပျိုမေရယ် Yes or No တစ်ခုခုတော့ဖြစ်မယ် No ဆိုရင် ဝမ်းနည်းရမယ် ကောင်မလေးရယ် မကျီစားပါနဲ့ ဘယ်လိုတုန်း ဖြေပါဦး ဖြေပါဦး ခင်ခင်ပျိုမေရယ်

Game Over

ရေး - မောင်ဂျက်၊
 ကျော်သူစိုး
ဆို - မင်းမော်ကွန်း၊ ကျော်သူစိုး

 မိုးလင်းပေါက် ငါ ဂိမ်းများဆော့လို့ရယ် ခေါင်းငိုက်စိုက် လာလမ်းလျှောက်လာပါတယ် အနီးအနားက အပေါင်းအသင်းများတို့ရယ် စဉ်းစားကြ ဘယ်လိုဆကလို့ကူညီမယ် ဆရာတွေ့လို့သွားခဲ့ရင် နေမကောင်းလည်း ခွင့်မပျက်ပါ အရမ်းပဲ ကြိုးစားတဲ့ကောင်လေးပါ ငါမက်တဲ့ အိပ်မက်မှာ headshot ပစ်လိုက်တာ နိုးစက်ခေါင်းလောင်းကြီး ထမြည်လာ အမှတ်တမဲ့ပေါ့ ငါမင်းနဲ့ ချစ်ခဲ့တယ် ချိန်းတိုင်းလည်း အမြဲနောက်ကျပြန်တယ် မင်းမေးတိုင်းအချိန်မရတဲ့ ငါ့ဘဝမယ် မင်းအတွက်ပေါ့ ငါ့ကြိုးစားလာပါတယ် ဒီဦးနှောက်ကြီးထဲမယ် ဂိမ်းပဲဆက်တော့တယ် မင်းလောက်အရေးကြီးမယ် မထင်ဘူးကွယ် ငါသိပ်လို့ကြိုးစားခဲ့ ဒီဂိမ်းပဲ အမြဲဆော့ခဲ့ အရမ်းစွဲလမ်းကြီးတော့ မဟုတ်ပါတယ် ပစ်နေရင်း မိုးတွေလင်း counter တိုက်ရင်း အလုပ်ရှုပ်ရင်း ကြည့်နေရင်း ငိုင်း မျက်စိမှိတ်လို့ အိပ်ပျော်ရင် မဟုတ်တာမလုပ်ပါ ရှုပ်တာမဟုတ်ပါ counterပစ်တာ ငါ့အလုပ်ပါ သေရေးရှင်ရေး ငါ့မှာ အချိန်မပေး နင့်ကိုတွေ့ဖို့စိတ်တွေလေး အမြဲတမ်းညဘက်ဆို ဂိမ်းအမြဲပဲဆော့တယ် အပေါင်းအသင်းများက ဝိုင်းကာဆူကြပြီ နင်အမြဲတမ်းနောက်ကျတယ် နောက်ထပ်မပတ်သတ်နဲ့ မင်းသိပ်မုန်းသွားတဲ့ ဂိမ်းပါကွယ် အားလုံးနဲ့ငါဝေးလို့ သွားခဲ့တယ် လွမ်းတိုင်းလည်း ဒီဂိမ်းကအမြဲကူတယ် မင်းအတွက်ပေါ့ ငါကြိုးစားပစ်ခဲ့တယ် ဂိမ်းဆက်ဆော့ ခံစားချက်တွေ ပေါက်ကွဲ ငါမေ့လို့မရခဲ့ပါ နင်ပစ်လို့ထားခဲ့တာ ဖြစ်ပျက်ခဲ့သမျှ အချိန်လည်းကြာ ဒီလောကကြီးထဲမှာ ငါဖြတ်လို့မရခဲ့တာ မင်းသိပ်မုန်းသွားတဲ့ ဂိမ်းပါကွာ ပိန်းလိုက်တဲ့ လုပ်ချက် တားဂတ်ပျောက်ခဲ့ ပြငါးတဲ့ ထိချက် ခေါင်းထဲဖောက်ခဲ့ headshot မှောက်ခဲ့ ပွဲတိုင်းရှုံးရ ငပိန်းလို့ ပြောကြငါ့အဖြစ်က ဆိုးတဲ့ဘဝ ဝိုင်းလို့ဆူကြ ဂိမ်းဖိုးလည်း ရှာမရ မေ့လိုက်ပါ မုန်းလိုက်ပါ ဝါးပြီးစားလိုက်ပါ ရှုံးမျက်နှာ ငါ့အတွက်မှာ headshot ထိခဲ့တာ အသည်းထမြှာ ပျားတုပ်တာ မြောင်းထဲ မှောက်လျှက်ပါ ခေါင်းထဲမှာ မပြောင်းလဲတာ ဂိမ်းလည်း ဖြတ်မလို့ပါ ဒီ ဂိမ်းလည်း ဖြတ်တော့မှာ

Saturday, April 20, 2013

ဂီတစစ်

ရေး - ကျော်သူစိုး
ဆို - ကျော်သူစိုး၊ ရေဗက္ကာဝင်း

ဂုဏ်မာန်တွေမလိုပါ ဖက်ရှင်တွေအပိုပါ
တကယ်လိုနေတာ ဂီတစစ်တစ်ခုပါ
ဟန်ဆောင်နေသူတွေဟာ ကြာရှည်စွာမခံပါ
လူငယ်တွေမှာ တကယ်လိုနေတာဟာ ဂီတစစ်တစ်ခုပါ

Rock Beat နဲ့လည်း ဆိုလိုက်ဦးမယ် ကျွန်တော့် Rap
Pank Beat နဲ့လည်း ဆိုပစ်လိုက်မယ် ကျွန်တော် Rap
Hip Hot Beat ဆိုသိပ်ကြိုက်တယ်ဗျ
ပြန်ဆိုတေး ဆိုလည်း ပါလေရာ ငပိချက်
နေထိုင်ပုံက ဘယ်လိုလဲ မမေးနဲ့
ရင်ခုန်သံမှာ MC နဲ့ ငါ့ Rap
အပြင်ပုံစံမှာ ငါဟာ စုတ်ပြတ်သတ်

ဦးထုပ်နောက်ပြန်ဆောင်းလည်း Rapper မဟုတ်ဘူး
ဘောင်းဘီဂွကျလည်း Rapper မဖြစ်ဘူး
ဆံပင်ရှည်ထားတိုင်း Rocker မဟုတ်ဘူး
Rider ဝတ်လည်း Rocker မဖြစ်ဘူး
နေချင်သလိုနေလည်း Alter မဟုတ်ဘူး
စတိုင်ပန် ဝတ်လည်း Gentlemen မဖြစ်ဘူး
အချွန်အတက်တွေနဲ့ Pank မဖြစ်နိုင်ဘူး
ရွံတတ်ရင်လည်း ငါ့ပါးစပ်မပိတ်ဘူး

မြန်မာပြည်ရဲ့ ဂီတမှာ တကယ်လိုနေတာ ဂီတစစ်တစ်ခုပါ
10:41 AM 4/20/2013

Monday, April 1, 2013

ဟိုက်ရှားဘား

ရေး - စိုင်းစိုင်းခမ်းလှိုင်
ဆို - စိုင်းစိုင်းခမ်းလှိုင်၊ စိုးကြီး၊ ဘန်နီဖြိုး


မင်းအတွက်သီချင်းတစ်ပုဒ်ရေးဖွဲ့ ဂန္တဝင်မြောက်မင်းရဲ့အလှဘွဲွဲ့ အိုဘယ်ဘယ့်နိုဘယ့်မိန်းကလေး
ဗို့အားကပြင်းထန်လွန်းလှတယ် right d.bunny စိုးကြီးနဲ့စိုင်းစိုင်းခမ်းလှိုင်
ဆိုညည်းတဲ့သီချင်းကမင်းအတွက်
ဒီအချိန်မှာတွေ့တွေ့သမျှ အလန်းဆုံးမို့ အာရုံတွေ ဝေခွဲမရအောင်ဖြစ်ခဲ့လို့ သူမတူအောင်ညှို့ဓာတ်အပြည့်နဲ့မင်းအလှကို ဖြေရာခံလိုက်ရင်းနဲ့ကိုယ်စွဲလမ်းလို့
ချစ်စိတ်တွေထိန်းမရဘူး ထိန်းလို့မဖြစ်နိုင်ဘူး
(နားနားနား ကားမှာကြောက်တယ် )
တဒပ်ဒပ်နဲ့ စက်သေနပ်နဲ့ပစ်သလို ရင်ဘတ်ဘတ်ဘတ် ဘတ် စုတ်ပြတ်နေခဲ့ ရပ်ရပ်ရပ်ရပ်တန့်လို့မရ
ဒီမှာကပ်ကပ်ကပ်နေပြီ စူပါဂလူးလိုပဲ
မူးပြီးအရက်တစ်ခွက်လိုမူးပြီးရူးပြီဒီမှာ အဆိတ်တက်လို့ရူးပြီ  လိုအပ်ချက်ထက်ပိုလျှံထွက်နေတဲ့မင်းရဲ့အလှအပတရားကအချစ်စိတ်ကိုဦးတည်
 i.so ဘော်ဒီနဲ့ ပျိုမဒီ အာတာပူစီလိုမင်းအပြုံးကချိုသည်
တုနှိုင်းစရာ အထူးတော့မရှိ ဘေဘီ မင်းနှခမ်းက angdina folie သံလိုက်လိုမင်းအနားပဲကပ်ငြိ
ဆော်ကြည်ဘဲတွေအားလုံးလည်း ဟတ်ထိ
ရှိုက်ဖိုကြီးငယ်အသွယ်သွယ်နဲ့မို့ မင်းအကြောင်းစဉ်းစားတိုင်းနားကားနေပြီ
damn (ဟိုက်ရှားဘား)
ရင်တွေခုန်စေသည် တုန်နေသည်  oh ဖြေလှမ်းတိုင်း နှလုံးသားလေး jelly လိုမျိုးအဲလိုတန်ဖိုးဈေးကြီးတယ် oh အလှအပကကြွရွ လှယဉ်ကျေးမယ် bodyမျိုး
မင်းကြောင့်ရင်ခုံသံတွေ ဒိန်းတပ်တပ် ဖြေတစ်လှမ်းခြင်းနင် ဘယ်ညာယိမ်းလျှက်လျှောက်တော့
ရင်ခုံသံတွေ ထိန်းမတတ် မင်းကမိန်းမလှ ကျွန်းက dangerous
မာယာပိုက်ကွန်ထဲကရုန်းထွက်ဖို့ထက်ပြီ
ပတ်သတ်မိသူအားလုံးအတွက် အပြင်းစားငရဲမီး
ပွဲချင်းပါပြီးသွားမယ် the 's man ealer
နတ်သမီးလိုလှထဲက မင်းကအညှာအတာမဲ့မိစ္စာ
မင်းကပြုစားတတ်တဲ့ ဆယ်နှစ်ကြိုးကဝေပျို ရှင်ဆိုရှင် သေဆိုသေ လိုရာကိုစေဖို့
အကြောင်းမသိတဲ့သူတွေကလည်း တန်းဆီကာနေလို့
ဖြည်းဖြည်းချင်းဇီဝိန်ချွေ လက်ခုတ်ထဲကရေလို ကလီယိုပတ်ထရာဝင်စားတဲ့မင်းက
လူ့အသက်ကိုသေစေချင်သတ်နိုင်လောက်အောင်မင်းလှ  လပြည့်ညတွေမှာအမဲလိုက်နေကြ
မင်းကမိန်းမလှကျွန်းက သမန်းကျားမ now ဟိုက်ရှားဘား (ဟိုက်ရှားဘား)

မြင်နေရတယ် လူတွေကြားထဲ hey lady
တကယ်လှတယ် အဝတ်အစားက hot shot
တီးလုံးသံတွေကြားထဲမှာအားရအောင်ကမယ်
လှုပ်ရှားလိုက်မင်းရဲ့ခါးက မင်းကမြန်မာ phakin
ohအလန်းစား အရမ်းဖမ်းစား oh
အပျံစား oh ဟိုက်ရှားဘား oh
 (ဟိုက်ရှားဘား)

အားနာခဲ့ပါ

ရေး - ကျော်သူစိုး၊ မင်းမော်ကွန်း
ဆို - ကျော်သူစိုး၊ မင်းမော်ကွန်း

မင်းနေရတဲ့အဝေး

ရေး - ကျော်သူစိုး၊ မင်းမော်ကွန်း
ဆို - ကျော်သူစိုး၊ မင်းမော်ကွန်း

မင်းမရှိတဲ့နေ့တွေ အပြစ်မရှိတဲ့နေ့တွေရင်ထဲမှာလောင်ကျွမ်း မီးတွေပူပြင်းနေဖြူနီပြာဝါရောင်စုံတွေများပါစေ ငါ့ရင်ထဲမှာအလှဆုံးမင်းလေး မင်းမရှိတဲ့နေရက် ခြောက်ကပ်လို့နေ့အပျက်မြို့ထဲကလမ်းမပေါ်မှာ ငါထွက်ကာလျှောက်နေအားလုံးအရာတိုင်းကခြောက်ကပ်လို့နေရာတိုင်းမှာ မင်းရဲ့ပုံရိပ်လေးအသွင် ငါမြင်တွေ့ နေ့စဉ်မိုးရေရွာသွန်းရွှဲစိုကာ တစ်ကိုယ်လုံးအိမ်ပြန်လမ်း မင်းအကြောင်းစဉ်းစား မင်းကြောင်းငါ့အတွေးများဟိုယိုင်ဒီယိုင် အိမ်ပြန်ခြင်းရဲ့ဇာတ်လမ်း တစ်ပုဒ်
မင်းမရှိ တော့ကံစိုးတဲ့ငါ့မှာ ဘယ်နှစ်ခါပြန်ပြီး  အသဲတွေကွဲရဦးမှာလည်း
မင်းမရှိတော့ ခလုတ်တိုက်လဲရင် ဘယ်သူလာပြီးငါကိုတွဲပေးဦးမှာလည်း
အချစ်မရှိတော့တယ်လီဖုန်းလေးနားမှာ

ယောင်လယ်လယ်နဲ့ငါ့မှာ ဂယောက်ဂယက်ဖြစ်နေတုံး /အုံး တွေ့ဆုံချိန်သည်ခဏ ခွဲခွာရမှာတမေ့ နေ့တိုင်းလွမ်းလို့ ညတိုင်းတီးခတ်တဲ့ ဂစ်တာလေးတောင်ကြိုးတွေပေါက် အိုးတွေဟောင်းရှေးဟောင်းဖြစ်တော့ မယ်တဲ့ တစ်ခါတစ်လေမှာလွမ်းလို့ကျတဲ့မျက်ရေ စုဆောင်းလျှင်အပိုမပြောပါ သည်ကြီးလောက်ဖြစ်မယ်တဲ့ စိတ်ဓာတ်တွေခိုင်မာမှုမရှိ သိပ်ကြိုက်တာမင်းရဲ့အကြည့် အချိန်တွေအားလုံးအလွမ်းနေ့မမြင်ရင် အားလုံးမေ့ကာနေမင်းပေးထားတဲ့
အဖြူရောင်အင်္ကျီလေး အခုအခုတော့ အမည်းရောင်အင်္ကျီလေး အရာတွေအားလုံးဇာတ်လမ်းတစ်ပုဒ်ဇာတ်သိမ်းပိုင်းကဘယ်မှာတုန်း

ရင်ထဲမှာလည်းမင်းကနှောက်ယှက်ဆဲပေါ့  စိတ်ကူးလေးများမှာလည်းမင်းရဲ့အကြောင်းများပဲ ညချမ်းငါ့အလွမ်းလေးနွေးထွေးလွန်းတဲ့အနမ်းလေး အေးစက်စက်နဲ့ချမ်းနေတုန်း ဘယ်သူဖက်ထားပေးဘူးလဲကွယ် သတိရလိုက်ပါမင်းလေးစိတ်မှာ သီချင်းလေးညည်းပြီး ချော့သိပ်တတ်တဲ့
ချစ်သူကိုပြန်တွေးဘယ်လိုလဲမင်းက မလွမ်းဘူးလား သိပ်ချစ်ခဲ့တဲ့တို့နှစ်ယောက် အကြောင်းကိုပြန်စဉ်းစား