ရေး - မင်းမော်ကွန်း၊
ကျော်သူစိုး
ဆို - မင်းမော်ကွန်း၊
ကျော်သူစိုး
ကန်ဘောင်ပေါ်လျှောက်ရင်းနဲ့
ဗိုက်ကဆာ ဘယ်ဆိုင်မှာဝင်စားမယ် အကြွေးမရောင်းချင်တဲ့
ဆိုင်များကြားမှာ ဟိုဟိုဒီဒီကြည့်တော့
အတွဲများစွာ ဘာတွေကိုမှာစားမလဲ အတွေးနဲ့သရေကျနေခဲ့မိတာ
ဒီမှာငါဆာနေတာ ဆာနေတာ
အိမ်မှာဆိုရင် အိပ်လိုက်စားလိုက်ပဲပေါ့
ဇိမ်ယူနေလာခဲ့တော့ ဘာမှလက်ကြောမတင်းပါ
အချိန်တွေလွန်ပြီအခုတော့
လမ်းမပေါ် ဆာလောင်စွာ ငါလျှောက်လို့အလိုက်သင့်လွင့်မျောနေခဲ့ရင်း
ငါဆာနေပြီ ဒီဗိုက်ထဲကမြည်နေပြီ
ဘာဝယ်စားမလဲခက်နေပြီ
အစာအိမ်ကြီးကတောင်းနေပြီ/မီးတောက်နေပြီ ငါဆာနေပြီ
ပေတေကာဆုံးမလို့မရတော့
အိမ်ပေါ်မှာဆက်ထားဖို့ ခွင့်မပြုနိုင်တော့တဲ့ဘဝတွေ
ဘယ်နေရာမှသုံးစားလို့မရတော့
ယောင်ချာချာအခုထိတစ်ယောက်တည်း နောင်တတွေနဲ့ပေါ့
မနက်မိုးလင်းထဲကစတင်စဉ်းစားတာ
မနက်စားဖို့ကိစ္စတစ်ခုပါ နေ့လည်ရောက်လည်း
ဒီတိုင်းပဲစားသောက်ဖို့ကနေရာယူဆဲ
ညရောက်တော့ရင် ဘယ်လိုလုပ်မလဲ ဗိုက်ထဲမှာကဗလာကြီး
ပဲ မိုလင်းကတည်းကအစာအိမ်မီးတောက်
ညရောက်တဲ့အထိကို ရေမရောက် ဗိုက်ကနာ ဗိုက်ကဆာ
အစာအိမ်ရောဂါစဖြစ်လာ
လျှောက်သွားရင်းနဲ့ ဟိုဒီကြည့် ဗိုက်ထဲကစစ်ပွဲကကြီးနေပြီ
ဦးနှောက်ကြီး ပြုန်းတီးခဲ့လို့
ဒီအစာအိမ်ဟောင်းလောင်းကြီး
No comments:
Post a Comment