ရေး - ကျော်သူစိုး၊
မင်းမော်ကွန်း
ဆို - ကျော်သူစိုး၊
မင်းမော်ကွန်း
တေလေစိတ်ဟွာယ်နေ
ဦးတည်ရာမဲ့သို့ ခြေလှမ်းနေ နားခိုရာအရိပ်ဆိုတာမရှိ
စိတ်တွေဟာ
လေနေလူတွေ ငါအပေအတေစကားပြောဖို့ရာမဲ့နေ လမ်းလျှောက်ဖို့ရာ မဖြစ်မနေ
ပျံသန်းငှက်ငယ်ရဲ့အဖြစ်တွေ
ရာသီဥတု ဆိုးဝါးနားခိုရာမဲ့နေလားပမာ ငါဟာတေလေစိတ်ာလေနေ
အပေအတေ
ငါ့ရဲ့အဖြစ်ဆိုး
စိတ်ဆိုးဖို့ရာ မဖြစ်ဆုံးတေလေငှက်ရဲ့သေလျေက်ပမာ ငါဟာအသက်ရှူနေ
ပုံမှန်မဟုတ်တဲ့
ကာဗွန်ကိုရှူရှိုက် အယူအမိုက် ငယ်စဉ်ကလေးကတေမိုက် ဂျပ်ပစီတစ်ယောက်
လူငယ်တစ်ယောက်ရဲ့
စရိုက်နဲ့ပြောင်းပြန် လူလိမ္မာကြီးမိုက် ဒါတွေကို လုံးဝမကြိုက်တဲ့ မိန်းကလေး
အသိုင်းအဝိုင်း
စွန့်ပစ်ကာမောင်းထုတ် ငါဟာလျှောက်လုပ် အထုပတစ်ထုပ်နဲ့လမ်းတွေလျှောက်ရှုပ်
ဦးတည်ရမဲ့
မဲ့ကာဝဲနေ ငှက်ငယ်ရဲ့အဖြစ် မွေးလာကတည်းက တစ်ယောက်တည်းရှေ့မှာလည်း
တစ်ယောက်တည်းပေတေရင်းနဲ့
သွားမှာပဲ အမြဲတမ်း ငါဟာ အပေအတေပဲ တေလေဆဲ လေနေဆဲ
ဆုံကြတယ်
ခွဲကြတယ် ချစ်ကြတယ် မုန်းကြတယ် ဒီအဖြစ်တွေကမရနိုင်တယ်
တစ်ယောက်တည်း
အထီးကျန်တယ် နှစ်ယောက်တွဲ သွားချင်တယ် ဝေးကြဖို့လူဆိုတာ ငါ့အသက်
ပဲရှိတယ်
မုန်းကြဖို့လူဆိုတာ ငါ့ခန္ဓာပဲရှိတယ် ဗလာနတ္ထိသုညပဲရှိ သိန်းသန်းဆိုတာမမှန်းနိုင်ပြီ
ပေတေနေသည်
လေနေသည် သေနေပါသည် ရှေ့ခရီးသွားဖို့ရာ မဖြစ်နိုင်ပြီ ပျံသန်းဖို့ရာ ခက်နေပြီ
အမြဲလို စွန်းထင်းဒတဲ့
ဒီအမည်းစက်တွေ ငါ့အရေပြားမှာ နေရာအပြည့်ယူထားကာ
ညစ်ညမ်းကာ
ပေရေစုတ်ပြတ် ငါ့ခန္ဓာကြီးက မတ်တပ်မပြောပါနဲ့ နင်ဟာဆန်ကုန်မြေလေး
ငါ့စိတ်တွေလေ
ငါ့အကျိုးပေး မကောင်းလို့ မြောင်းထဲရောက်ခဲ့တဲ့ကိစ္စက မင်းတို့နဲ့မပတ်သက်ပါဘူး
ထားလိုက်တော့
အမြဲနောက်ကျတတ်တဲ့ ငါ့စိတ်ကူးတွေ ရူးနေလည်း မထူးတော့ပြီဘဲ အစ်ထဲနစ်ဆဲ
ရင်ကွဲနာကျနေရတာ
အမြဲလိုပဲ ဒီအတိုင်းဆို အရှုံးနဲ့အရှုံးမှာပဲ မမေ့တော့ပါ
ဒီလိုဘဝမျိုးကိုတော့
ရင်ထဲမှာ မမေ့တော့ဘူး
No comments:
Post a Comment