Showing posts with label ဝိုင်းစုခိုင်သိန်း. Show all posts
Showing posts with label ဝိုင်းစုခိုင်သိန်း. Show all posts

Tuesday, December 31, 2013

အချစ်အချစ်တဲ့လား

ရေး - ဇဝါ
ဆို - ဝိုင်းစုခိုင်သိန်း

ဘယ်လိုသည်းခဲ့ပါသလဲရောဂါရယ် နင်နဲ့တော့ မလွယ်ဘူးကွယ် မိုးလင်းမိုးချုပ်ငါ
ခေါင်းရှုပ်တယ်
တစ်နေကုန်အနားလေးလာပြီး တဝဲလည်လည် နင့်အကြောင်းမသိရင်ခက်မယ်
တခြားရည်းစားတွေ ဘယ်မှာလာလဲ
နင်အဆန်းသိပ်ထွင်တာပဲ မမြင်ဖူးတဲ့အချိုးတွေနဲ့
ထူးလည်းထူးနိုင်ပါရဲ့ ဒါရူးခြင်းတစ်မျိုးပဲ

(အချစ်) အချစ်တဲ့လားကွယ် တဒိတ်ဒိတ်နဲ့အဖျားသွေးတိုးသတဲ့
မင်းစကားလေးဘုရားစူးပြောလည်း တို့ကတော့ စိတ်မချဘူးကွယ်
သူငယ်ချင်းလေးလိုပဲကောင်းပါတယ် အသည်းနှလုံးအဖြူလေးနဲ့ချစ်တဲ့အကြောင်း
ကို အလွယ်မတွေးနဲ့

နင်အဆန်းသိပ်ထွင်တာပဲ မမြင်ဘူးတဲ့အချိုးတွေနဲ့ အရမ်းအရမ်းကြွေပြလည်း
ပျင်းတယ်
မရဲတရဲလိုလိုနဲ့ အသည်းလေးကွဲမလိုနဲ့ ထူးလည်းထူးနိုင်ပါရဲ့ ဒါရူးခြင်းတစ်မျိုးပဲ

အရမ်း အရမ်း

Thursday, April 25, 2013

မျက်လှည့်

ရေး - ရွှေဂျော်ဂျော်
ဆို - ဝိုင်းစုခိုင်သိန်း

အိုး ချယ်ရီ ချယ်ရီ ချယ်ရီ နှုတ်ခမ်းဖျားနဲ့
အိုး Ready Ready Ready လမ်းသလားလို့ ရောက်လာမယ်
အိုး MG MG MG ဘုရားတမယ်
အိုး Candy Candy Candy သကြားလုံးထက် သိပ်ချိုတယ်

ငါ ဦးထုပ်ထဲက ယုန်လေးထုတ်ပြသလို
မင်း စိတ်ထဲက အချစ်လေးထုတ်ပြမယ်
မျက်လှည့်တစ်ခုဆိုလည်း မျက်လှည့်တစ်ခုပါပဲ
ငါ့ နှုတ်ခမ်းနဲ့ မန်းမှုတ်အမိန့်ပေးပစ်လိုက်ရင်
မင်း ပက်လက်နဲ့လေထဲမျောသွားမယ်
မျက်လှည့်တစ်ခုဆိုလည်း မျက်လှည့်တစ်ခုပါပဲ

မင်းတောင်မသိဘဲ မင်းအိပ်မက်ထဲ
မင်းအရင်ငါကစောင့်ကြိုမယ်
မင်းတောင်မသိဘဲမင်းကံကြမ္မာထဲ
ငါ့နာမည်က ခိုးဝင်တယ်
လူသူတွေကြားထဲနေထိုင်ရင်းနဲ့
မင်းကို ကိုယ်ဖျောက်လှမ်းယူမယ်
ဒါတွေဟာ မျက်လှည့်ထင်နေရင် မျက်လျည့်
မင်းကိုချစ်သော Cherry girl
အို Mumbo Jambo လာလေရော့!
နင်ချစ်လိုက်တော့ !နင်ချစ်လိုက်တော့!
အိုငါရွတ်ဆိုပြီး အမိန့်ပေးခဲ့

မင်းတောင်မသိဘဲ မင်းနာရီလည်း
ငါ့လိုအင်အတိုင်းပြောင်းပြန်လည်
မင်းတောင်မသိပဲ မင်းကံကြမ္မာလည်း
ညှို့ငင်လို့ဖျား ဆေးရောင်ခြယ်

အို (Cherry)3 girl မျက်လှည့်

1:02 AM 4/29/2013

Saturday, April 20, 2013

အပြစ်မမြင်



ရေး - ဇဝါ
ဆို - ဝိုင်းစုခိုင်သိန်း

ချစ်သူ့ ဘေးနားမှာနေတဲ့ ခဏ နူးညံ့ နွေးထွေးသလို အကြည့်လေးများထဲ
သိမ်းထားမယ် တို့ စိတ်ကူးးတွေ အခိုးအငွေ့ ဖြစ်ကာရယ် နှလုံးသားဟာ
ပန်းလိုကြွေကျတယ် မနေ့ က မင်းသတင်းတွေ တို့ ကြားလည်း
မမေးဘူး တိုးတိတ်စွာ မြိုသိပ်ပါ့မယ် အားလုံးက စိုးရိမ်စိတ်နဲ့ သတိပေးကြပေမယ့်
ကြားစကားလို့ ရင်မှာယုံထားတယ်

အပြစ်မမြင်ပါဘူး ချစ်ချင်တာပဲ သိတဲ့နောက် ဖြစ်သမျှဟာ အကောင်းပဲပေါ့
မင်းရင်ခွင်နဲ့ ခွဲခွာနေဖို့ မရဲပါဘူး
အနားနားမှာ အမြဲရှိပါရစေ

အချစ်က သိပ်ခက်တယ် ကဗျာလေးပဲ
ခွင့်လွှတ်ချစ်တတ်အောင် တို့ ကြိုးစားကြည့်တယ်
လျှို့ ဝှက်ချက်များစွာထဲမှာ အမြဲပဲတဝဲလည်လည်
မှားလည်းလေ မှားပါစေတော့ကွယ်

(အပြစ်မမြင်ပါဘူး ချစ်ချင်တာပဲသိတယ်နော်
ဖြစ်သမျှဟာ အကောင်းပဲပေါ့ မင်းရင်ခွင်နဲ့ ခွဲခွာဖို့ လည်းမရဲပါဘူး
အနားနားမှာ အမြဲချစ်ပါရစေ)၂

ဟူး ချစ်သူရေ ဒီမှာ အပြစ်မမြင်ပါဘူး ချစ်ချင်တာပဲသိတယ်နော်
မင်းရင်ခွင်နဲ့ ခွဲခွာဖို့ လည်း မရဲပါဘူး
အနားနားမှာ အမြဲချစ်ပါရစေ ချစ်ချင်တာပဲသိတယ်နော်
အနားနားမှာ အမြဲချစ်ပါရစေ

Saturday, March 30, 2013

တစ်နေရာစာ

ရေး -
ဆို - ဝိုင်းစုခိုင်သိန်း

မမြင်နိုင်တဲ့ကိုယ့်ရဲ့ စိတ်တွေ မင်းရဲ့ အနားမှာ ရှိနေတုန်း
မြင်နိုင်တဲ့ မင်းရဲ့ အနားမှာရှိနေခဲ့တာ
ငါမဟုတ်ဘူး တစ်ချိန်မှာတော့
ငါ့ရဲ့ အချစ်တွေ မင်းလေးနားလည်လိမ့်မယ်
မျှော်လင့်ရင်းနဲ့  ဟိုအဝေးမှာသာနေခဲ့မယ်

ငါ့အချစ်ကပေးဆပ်ခြင်း မင်းအပြစ်တို့ 
ခွင့်လွှတ်ရင်း ရှင်သန်ချိန်အဆုံးထိချစ်မယ်
ဘဝနေ့ ရက်များစွာထဲ မင်းစိုးမိုးလို့ နေလည်း
တကယ်အပြင်မှာ မင်းကပျောက်ဆုံး

ငါအချစ်ကြီးခဲ့သူ တကယ်ခံစားရပြီ
လေလွင့်စိတ်တွေနဲ ယုံကြည်ခဲ့မိသူ
ကိုယ်တိုင်ရဲ့ အပြစ်လို့ ခံယူကြိတ်မှိတ်နေလိုက်မယ်

Sunday, March 24, 2013

ချစ်ခဲ့တာလား ရူးခဲ့တာလား

ရေး -
ဆို - ၀ိုင်းစုခိုင်သိန်း

နှလုံးသားရဲ့အတိမ်အနက်
ငါ့အတွက်တော့ အိမ်မက်မဟုတ်ဘူး
အချိန်နာရီ နေ့ရက်တွေ
ပျော်စရာတွေ ဝေမျှခဲ့ဖူး
ခဏလေးမဟုတ်ဘူး..
ကြည်နူးခဲ့တာတွေ..
ဟူး.. ပျော်မြူးခဲ့တာတွေ..
အမှတ်ရလို့ အောက်မေ့နေ..
ဘ၀ကတော့ ခြောက်သွေ့နေ
ဘယ်သူမှလည်း နားမလည်ကြဘူး..

အသိစိတ်က ထိန်းချုပ်နေ
မသိစိတ်က သတိရနေ
ငါကိုယ်တိုင်တောင် နားမလည်တော့ဘူး..

(ချစ်ခဲ့တာလား.. နင့်ကို..
ရူးခဲ့တာလား… အချစ်ကို..
ဟိုအရင်လို နင်မရှိဘူး
ငါ့မှာတော့ ယောင်ချာချာ
တစ်ယောက်တည်းရူး….)၂
ရူးနေပြီ…

စိတ်ဓာတ်ကျအောင်လို့
ငါ့ဘက်က လုပ်မိတာလား..
နင်စိတ်ပျက်သွားအောင်များ
တခါတလေမှာ ငါမှားခဲ့လား..
ခဏလေးပါလား.. အတူသွားခဲ့တာတွေ
အတူကစားခဲ့တာတွေ..
နင်ပေးခဲ့တဲ့ အမှတ်တရတွေ
ဝေးခဲ့တော့ တမ်းတနေ
ဘယ်သူမှလည်း နားမလည်ကြဘူး..

တိတ်တဆိတ် မင်းရောက်လာ
တိတ်တဆိတ် မင်းထွက်ခွာ..
ငါကိုယ်တိုင်တောင် နားမလည်တော့ဘူး..

(ချစ်ခဲ့တာလား.. နင့်ကို..
ရူးခဲ့တာလား… အချစ်ကို..
ဟိုအရင်လို နင်မရှိဘူး
ငါ့မှာတော့ ယောင်ချာချာ
တစ်ယောက်တည်းရူး….)၂


(ချစ်ခဲ့တာလား.. နင့်ကို..
ရူးခဲ့တာလား… အချစ်ကို..
ဟိုအရင်လို နင်မရှိဘူး
ငါ့မှာတော့ ယောင်ချာချာ
တစ်ယောက်တည်းရူး….)၂
ရူးနေပြီ

4:32 PM 3/20/2013

ချစ်ရိပ်ညနေ

ရေး -
ဆို - ၀ိုင်းစုခိုင်သိန်း

င့ါအနီးနားလေးက သစ်ရွက်လေးတွေ ကြွေတိုင်း
ဖမ်းဆုပ်ခွင့်မရတဲ့ တို့နှစ်ယောက် အချစ်အိမ်မက်လေးရယ်
ဒီအလွမ်းတွေ မြေပေါ်သို့ခကြွေ

မင်းပြောခဲ့ဖူးတဲ့ စကားလုံးအချို့ကို ယုံပြီး
မင်းထားခဲ့တဲ့ နှလုံးသားလေးဟာ အရင်အတိုင်းပါ.
ဒီအချစ်တွေ ပြန်မရုပ်သိမ်းဘူး..

တစ်နေ့နေ့ ငါ့လက်ကလေး နင်ကိုင်ပြီး
နွေးထွေးတဲ့အချစ်တစ်ခု
နောက်ထပ်ရမယ်လို့ ငါညတိုင်း အိမ်မက်ရင်း..

တကယ်ဆို နင်င့ါအနားရှိသင့်တာ
ရင်ခုန်သံတွေလည်း နီးကပ်စွာ..
တကယ်ချစ်ခဲ့တဲ့ တို့တွေ ဘာကြောင့်ဝေး..
တစ်ချိန်မှာ ငါတို့နှစ်ဦးတွေ့တဲ့အခါ.
အရင်လို ရင်ခုန်မလား မပြောတတ်ပါ..
တို့နှစ်ဦးအချစ်ရိပ်ညနေ မျှော်တိုင်းဝေး..
ဝေးမြဲဝေး..

င့ါအနီးနားလေးက သစ်ရွက်လေးတွေ ကြွေတိုင်း
ဖမ်းဆုပ်ခွင့်မရတဲ့ တို့နှစ်ယောက် အချစ်အိမ်မက်လေးရယ်
ဒီအလွမ်းတွေ မြေပေါ်သို့ခကြွေ

မင်းပြောခဲ့ဖူးတဲ့ စကားလုံးအချို့ကို ယုံပြီး
မင်းထားခဲ့တဲ့ နှလုံးသားလေးဟာ အရင်အတိုင်းပါ.
ဒီအချစ်တွေ ပြန်မရုပ်သိမ်းဘူး..

တစ်နေ့နေ့ ငါ့လက်ကလေး နင်ကိုင်ပြီး
နွေးထွေးတဲ့အချစ်တစ်ခု
နောက်ထပ်ရမယ်လို့ ငါညတိုင်း အိမ်မက်ရင်း..

တကယ်ဆို နင်င့ါအနားရှိသင့်တာ
ရင်ခုန်သံတွေလည်း နီးကပ်စွာ..
တကယ်ချစ်ခဲ့တဲ့ တို့တွေ ဘာကြောင့်ဝေး..
တစ်ချိန်မှာ ငါတို့နှစ်ဦးတွေ့တဲ့အခါ.
အရင်လို ရင်ခုန်မလား မပြောတတ်ပါ..
တို့နှစ်ဦးအချစ်ရိပ်ညနေ မျှော်တိုင်းဝေး..
ဝေးမြဲဝေး..

တစ်နေ့နေ့ ငါ့လက်ကလေး နင်ကိုင်ပြီး
နွေးထွေးတဲ့အချစ်တစ်ခု
နောက်ထပ်ရမယ်လို့ ငါညတိုင်း အိမ်မက်ရင်း..

(တကယ်ဆို နင်င့ါအနားရှိသင့်တာ
ရင်ခုန်သံတွေလည်း နီးကပ်စွာ..
တကယ်ချစ်ခဲ့တဲ့ တို့တွေ ဘာကြောင့်ဝေး..
တစ်ချိန်မှာ ငါတို့နှစ်ဦးတွေ့တဲ့အခါ.
အရင်လို ရင်ခုန်မလား မပြောတတ်ပါ..
တို့နှစ်ဦးအချစ်ရိပ်ညနေ မျှော်တိုင်းဝေး..) ၂
ဝေးမြဲဝေး

4:31 PM 3/20/2013

ဆည်းလည်းသံ

ရေး -
ဆို - ၀ိုင်းစုခိုင်သိန်း

ဆည်းလည်းလေးတွေ သာယာနေသလို
ငါ့ရဲ့နှလုံးသား နူးနူးညံ့ညံ့လှုပ်ရှားသွားပြီ
ခံစားလိုက်ရပြီ တုန်ရီလှိုက်မောခြင်းတွေ
ငါရင်ခုန်နေလား.. ဒါအချစ်လားဟေ့..
စူးရှတဲ့ မင်းရဲ့အကြည့်တို့ ရင်မဆိုင်နိုင်ပါ.
မျက်နှာလွဲ ခေါင်းငုံ့ င့ါရဲ့ ရှက်သွေးများရယ်.
နင်မပြုစားဘဲနဲ့ ငါကြွေခဲ့ရပြီ.
မင်းလည်းသိမှာပါ ငါပြောဖို့ လိုမလား

ဆည်းလည်းသံတွေလို
အို နင်စကားပြောရင်
တဒိတ်ဒိတ် ရင်တွေဖို
ငါရင်ထဲစကားဆို
အချစ်က အဖျားဆို ကုသဖို့လို
မင်းရဲ့အချစ်တွေဟာ ဆေးတစ်ခွက်ပါပဲ..

ဆည်းလည်းသံတွေလို
အို နင်ပြုံးလိုက်ရင်
အသည်းထဲတုန်နေလို့ အရင်လိုထက် အချစ်ပို
နှုတ်ခမ်းလေး လှုပ်တာ လမ်းလျှောက်သွားတာ
င့ါရဲ့အသည်းမှာ
အချစ်.. ဆည်းလည်းသံလေးများ

နံပါတ် ၁ နင်လာမိတ်ဖွဲ့မယ်
နံပါတ် ၂ ဒီလိုနဲ့ အဆင့်တက်
နံပါတ် ၃ နင်ချစ်စကားပြောမယ်
မူရမှာပေါ့ မိန်းကလေးပဲလေ..
နံပါတ် ၄ အဖြေကို ပေးတော့မယ်
နံပါတ် ၅ အိမ်ကိုလာတောင်းပေါ့ရှင်
ပြီးရင်တော့ ရွှေလက်တွဲကြမယ်..
စိတ်ကူးနဲ့ ရူးခဲ့ရတဲ့ ငါ့ရဲ့အိမ်မက်.

ဆည်းလည်းသံတွေလို
အို နင်စကားပြောရင်
တဒိတ်ဒိတ် ရင်တွေဖို
ငါရင်ထဲစကားဆို
အချစ်က အဖျားဆို ကုသဖို့လို
မင်းရဲ့အချစ်တွေဟာ ဆေးတစ်ခွက်ပါပဲ..

ဆည်းလည်းသံတွေလို
အို နင်ပြုံးလိုက်ရင်
အသည်းထဲတုန်နေလို့ အရင်လိုထက် အချစ်ပို
နှုတ်ခမ်းလေး လှုပ်တာ လမ်းလျှောက်သွားတာ
င့ါရဲ့အသည်းမှာ
အချစ်.. ဆည်းလည်းသံလေးများလို


နံပါတ် ၁ နင်လာမိတ်ဖွဲ့မယ်
နံပါတ် ၂ ဒီလိုနဲ့ အဆင့်တက်
နံပါတ် ၃ နင်ချစ်စကားပြောမယ်
မူရမှာပေါ့ မိန်းကလေးပဲလေ..
နံပါတ် ၄ အဖြေကို ပေးတော့မယ်
နံပါတ် ၅ အိမ်ကိုလာတောင်းပေါ့ရှင်
ပြီးရင်တော့ ရွှေလက်တွဲကြမယ်..
စိတ်ကူးနဲ့ ရူးခဲ့ရတဲ့ ငါ့ရဲ့အိမ်မက်.

ဆည်းလည်းသံတွေလို
အို နင်စကားပြောရင်
တဒိတ်ဒိတ် ရင်တွေဖို
ငါရင်ထဲစကားဆို
အချစ်က အဖျားဆို ကုသဖို့လို
မင်းရဲ့အချစ်တွေဟာ ဆေးတစ်ခွက်ပါပဲ..

ဆည်းလည်းသံတွေလို
အို နင်ပြုံးလိုက်ရင်
အသည်းထဲတုန်နေလို့ အရင်လိုထက် အချစ်ပို
နှုတ်ခမ်းလေး လှုပ်တာ လမ်းလျှောက်သွားတာ
င့ါရဲ့အသည်းမှာ
အချစ်.. ဆည်းလည်းသံလေးများလို
(ဆည်းလည်းသံလေးများလို
ဆည်းလည်းသံလေးများလို
ဆည်းလည်းသံလေးများလို)

4:30 PM 3/20/2013