Showing posts with label ဒီဘိဇ်. Show all posts
Showing posts with label ဒီဘိဇ်. Show all posts

Saturday, April 6, 2013

အဆိုးမဆိုနဲ့

ရေး - J Me
ဆို - D Beez

မိန်းကလေးတွေ ငွေမက်တဲ့အကြောင်းကလွဲရင် ဘာတွေးရေးနိုင်လဲ ဘာတွေတွေးနိုင်လည်းပြော မင်းပြော မင်းအဓိပ္ပယ်တွေ ရှာကြည့် သေချာကြည့် မင်းကိုယ်မင်းတောင် မသိ

သူဌေးသမီး Cygnus နဲ့ဖြတ်သွားရင် လိုက်ကြည့်ရတာ အမော ရယ်ပြီးတော့ ပြုံးထားပြီး မင်းဆီမှာအရှက်တွေ ရှိကြလားပြော အတင်းလိုက် ဖုန်းနံပါတ်တောင်း ပါးစပ်တွေညောင်း လျှော်လိုက်ရင်မုန်းပြီ ငြင်းတဲ့သူကဖောင်း ဘာလဲ မာနကြီးတယ်တဲ့လား ကိုယ့်အကြောင်းကိုယ်မသိခဲ့ပဲကြွား ဆက်တိုက် မင်းပြောခဲ့တာ သိပါတယ်ကွာ ရွှီးလွယ်တဲ့ စကားလုံးတွေ သီကာမော လူတွေက ဝိုင်းပြီး ရယ်တာပေါ့ ရသပြောသလို ငပိနဲ့စား

ငိုပြလိုက် နွဲ့ပြလိုက်နဲ့ ဇတ်လမ်းတွေဆင် ငါ့ရှေ့မှာဒူးထောက် ကတ္တရာလမ်းကို မင်းဖက်နမ်း၊ နေရင်းအရှက်ကွဲတာများ လာတော့လူတွေကို ပတ်ရမ်းနေရင်းက လူ့ဘဝကို ယောင်္ကျားတန်မဲ့ အလွယ်နည်းနဲ့ ဖြတ်သန်းနေခြင်း

ဟေ့ငါတော့ ထိပ်တိုက်တွေ့ပြီ လိပ်စာလည်းမေးပြီး အိမ်ရှေ့မှာ ရစ်သီရစ်သီ ရဲခေါ်လိုက်တော့ပြေးပြီ ဒါတွေက စိမ်းချောင်းမြောက်ပိုင်း ဖြစ်နေကျအစဉ်အလာပင် မိန်းမမို့အခွင့်အရေးယူ မာန်တက်လို့အပြင်မှာဖချဉ် ဟိုတယ်မှာကြွေးတယ် ပိုက်ဆံမပေးပဲ ထွက်ကာပြေးခဲ့ နေရာတိုင်းအကြွေးနဲ့ သူ့ကိုယ်သူခေါ်တယ် Doctor Dre တဲ့ အလုပ်မဖြစ် စိတ်တွေကျ မင်းကံဆပ်လို့ ထီထိုးမှာ ခေါင်းတွေကိုက် စိတ်တွေက အခုချိန် အသေရှုပ်နေရင်း သတိတော့ ထားလိုက်ပါ ကောင်လေး မင်းအခုများမှာ ပြောင်းပြန်တွေဖြစ်နေပြီနော် မိန်းကလေးများချူစားစရာ အောက်မေ့လို့ ငါတို့ကပဲ အခုအချိန်မှာ ပြန်အမ်းနေမှာ ဒီလိုပါပဲ ဘဝကို အလွယ်နည်းနဲ့ ဖြတ်သန်းနေကြ

ဖွင့်ဟလိုက်ပါ ရင်ထဲက အပူတွေ သိမ်းထားမလား နှစ်တွေတောင်ကြာခဲ့ပြီ အခုတော့လည်း မိန်းမရ ယောင်္ကျားလေး မွေးလာရင် သဌေးသမီးနဲ့ပေးစား သူ့ကိုဆပ်ခိုင်းလိုက်ဦး မင်းကျန်တဲ့အကြွေးများ တွေးထား ဘဝအကြောင်းကို မင်းသေချာလေ့လာဦး ရှုံးနိမ့်ကာ ထွက်လာမယ့် မင်းအဖြေလွှာ ဆက်ပြီးတော့ ဆိုမယ် သည်းခံလိုက်ဦး အများအတွက် ပြဿနာပေါတယ် နားမထောင်ချင် နားမထောင်နဲ့ ဟေ့ D Beez က ဆက်ကာပြောမယ်

ငါ့ကို အဆိုးမဆိုနဲ့ကွာ
ငါ့ကို အဆိုးမဆိုနဲ့ကွာ
ငါ့ကို အဆိုးမဆိုနဲ့ကွာ