Showing posts with label သည်လတ်. Show all posts
Showing posts with label သည်လတ်. Show all posts
Friday, September 13, 2013
ကိုယ့်ချစ်သူ
ရေး - ကျော်ထက်၊ သန့်တင်မောင်
ဆို - သည်လတ်
သိပ်ချစ်လို့ မင်းကိုခွင့်လွတ်ခဲ့တယ် ဒါကိုသိလျှက်နဲ့ ငါ့အပေါ်ဆိုးခဲ့တာ
ကလေးလေး မဟုတ်တော့တာ မင်းသိအောင် ငါဖွင့်ပြောရမှာလား
တစ်ခါတစ်လေ အပြောလေးကြမ်းလို့ မင်းစိတ်ကောက်တာ မျက်ဝန်းလေးများ
ကမျက်ရည်ကျတဲ့ အခါ ကလေးဆိုးလေးတစ်ယောက်လို ချော့ရတာ
ကိုယ်သိပ်ချစ်မိနေတာ
(ဒါတွေကို သိလျှက်နဲ့ မင်းကိုချစ်နေခဲ့တာ တစ်ချိန်မှာ မင်းထားသွားခဲ့ရင်
အဆုံးသတ်လိုက်ပြီလား)
မင်းကို အမြဲတမ်းအလိုကျ ကြင်နာသူအနားမှာ အလိုလိုက် အလိုက်တသိ ကိုယ်နေခဲ့တာ
မင်းရက်စက်ဖို့ပဲလား အတွေးတွေ အဝေးထိနယ်ချဲ့ ဝေဒနာတွေ ချန်ထားတာ မင်းရက်စက်ဖို့များလား
အချစ်စစ်ကို မင်းလေးနားလည်ပေးပါ ချစ်သူရာ)
သတိရလို့ မင်းကိုဖုန်းဆက်ရင် မဆိုင်သလို စကားလုံးများနဲ့ ငါ့ကိုပြောခဲ့တာ
ကလေးမင်းစိတ်ညစ်မှာ စိုးလို့ သာကိုယ်ရှောင်ပေးခဲ့တာပါ
မဆုံနိုင်ဝေးသွားခဲ့တော့ ငါမှာမေ့မရပါ ဘယ်အချိန်တွေ့ခွင့်ရမလဲ
ငါ့မှာသိခွင့်မရှိပါ မင်းနဲ့နီးတဲ့ နေ့ကိုရောက်ခဲ့လျှင် ကိုယ်ကြိုနှင့်လို့နေမှာ
Subscribe to:
Posts (Atom)